Monday, December 28, 2015

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု မြန်မာနိုင်ငံသားနှစ်ဦးဟာ ဓားစာခံဖြစ်ရခြင်းပါ

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု မြန်မာနိုင်ငံသားနှစ်ဦးဟာ ဓားစာခံဖြစ်ရခြင်းပါ
*********************************
ထိုင်းနိုင်ငံ ၊ လိပ်ကျွန်းလူသတ်မှုမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရသည့်အမှုမှာ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့ကို တရားခံများအဖြစ် ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။ ကော့စမီခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးပြီး DNA စစ်ဆေးတဲ့အခါမှာလည်း မှုခင်းဆရာဝန်ရဲ့ စစ်ဆေးချက်အရ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ DNAမဟုတ်ကြောင်း ပေါ်ပေါက်ပါတယ်။ မျက်မြင်သက်သေ ထင်ရှားမရှိပါပဲ သေဒဏ်စီရင် ဆုံးဖြတ်ခဲ့ပါတယ်။
#တရားခံ၁
မြန်မာနိုင်ငံသားနှစ်ဦးကို စစ်ဆေးတဲ့နေရာမှာ စကားပြန်အဖြစ် မွတ်ကုလား ကမာ ဆိုသူကို ထိုင်းရဲက စကားပြန်အဖြစ် အသုံးပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံကနေ တစ်ဆင့်ရောက်ရှိသွားတဲ့ မွတ်ကုလားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာလည်း လုပ်စားတတ်နေပါပြီ။ လူပါးဝတတ်နေပါပြီ။ အမှုနဲ့ ပတ်သက်လို့ စွဲဆိုခံထားရတဲ့ ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့ ထွက်ဆိုတာတစ်မျိုး ထိုင်းဘာသာနဲ့ သူပြန်ထွက်ဆိုပေးတာတွေက မမှန်မကန်တွေထွက်ဆိုပြီး အမှုမြောက်အောင် ဂျောက်ထဲတွန်းချသလို ဖြစ်နေမှာကိုလည်း စိုးရိမ်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြတာမျိုးတွေ ထွက်ပေါ်လာခဲ့ပါပြီ။

#တရားခံ၂
ထိုင်းရဲတွေဟာ ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းကို စစ်ဆေးစဉ်မှာ နှိပ်စက်ညှဉ်းပမ်းမှုတွေ လုပ်ဆောင်ပြီး ၎င်းတို့လိုလားတဲ့ အဖြေမျိုးရအောင် စစ်ဆေးခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် မှုခင်းဆရာဝန်ရဲ့ DNA စစ်ဆေးချက်အရ မမှန်ကန်တာကို တရားရုံးထုတ်ပြန်ချက်ထဲမှာ DNAဟာ ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့ရဲ့ DNA နဲ့ တူညီနေပါတယ်လို့ လွဲမှားစွာ သုံးသပ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဟာ မှန်ကန်မှုမရှိတဲ့ တရားစီရင်ရေးကို သက်သေပြနေပါတယ်။

#တရားခံ၃
ကိုညီလတ်ဆိုသူ သုံးသပ်တင်ပြထား တာကတော့ လိပ်ကျွန်းသူကြီးခေါ် Phuket Mafia ကြီး နှင့် သူ၏ သားတွေကို အနီးတဝိုက်ကျွန်းတွေက အားလုံးကြောက်နေကြရပြီး ယခုလို အလားတူအမှုမျိုးတွေ ဒီကျွန်းပေါ်မှာ ဖြစ်ပေါ်ခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မာဖီးယားရဲ့သားအကြီးဟာ အထူးချွန်ဆုံး ပြည်သူ့ရဲဆုကိုပါ ရထားသူဖြစ်ပြီး တာဝန်ချိန်ပြင်ပ သူ့အဖေ မာဖီးယားခေါင်းဆောင်ကြီးရဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်ပေးတယ်။ အဲဒီအထူးချွန်ဆုံးပြည်သူ့ရဲဟာ အဖြူမတွေဆို သိပ်သဘောကျပြီး အတွဲနှင့်လာသည်ဖြစ်စေ တစ်ယောက်တည်း လာသည်ဖြစ်စေ သူကြိုက်ရင် ရအောင်ဖန်တီးပြီး စော်ကား သတ်ဖြတ်ခဲ့တဲ့အမှုတွေ တစ်ခါမှ အဖမ်းမခံရပါဘူးတဲ့။
ထိုင်းဝန်ကြီးချုပ်ပါ ကြောက်နေရတဲ့ မာဖီးယားတွေကို ထိုင်းတရားစီရင်ရေးကလည်း ကြောက်ရွံနေကြမှာပါပဲ။

#ထိုင်းရုပ်သံရဲ့တင်ပြချက်
ထိုင်းဘာသာနဲ့ ထုတ်လွှင့်တဲ့ Hot TV (www.hottv.in.th) ရဲ့ တင်ပြချက်ကို ဘာသာပြန်ဆိုပေးသူရဲ့ ပြောကြားချက်အရ "ဒီလူသတ်မှုဟာ ကျွန်းလူကြီး ( Phuket Mafia) ရဲ့ သား လက်ချက်ဖြစ်တယ်ဆိုတာ သေချာနေပါတယ်။ သူ့သားက မူးလာပြီး ကြံစည်တာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ အဲဒီကျွန်းပေါ်က လူတွေက ဘယ်သူသတ်တယ်ဆိုတာကို သိနေပေမယ့် ဘယ်သူမှ မပြောရဲကြပါဘူး။ ပြောတာနဲ့ သူတို့တွေ ကျွန်းပေါ်မှာ ဆက်နေလို့ရမှာ မဟုတ်တော့ဘူး။ ရဲတွေကလည်း သိနေတယ်။ ဒါပေမယ့် အမှန်အတိုင်း ဖော်လိုက်ရင် ခရီးသွားလာရေးလည်း ထိခိုက်သွားမယ်။ နိုင်ငံလည်း အရှက်တရားရမယ်။" လို့ သုံးသပ်ပြောဆိုထားခြင်း ဖြစ်ပါတယ်။

#ကိုဝင်းဇော်ထွန်းရဲ့ တင်ပြချက်
အမိန့်ချရက် (၂၄-၁၂-၂၀၁၅) မတိုက်မှီ ကိုဝင်းဇော်ထွန်း ရေးသားထားတဲ့ စာမှာတော့ "ထိုင်းနိုင်ငံမှာ အလုပ်သမား ဖြစ်ရခြင်းရဲ့ ကြမ်းတမ်းခက်ခဲမှုတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပေမယ့် ဒီလိုအဖြစ်ဆိုးမျိုး ကြုံရလိမ့်မယ်လို့ တစ်ခါမှ မျှော်လင့်မထားခဲ့ပါ။ လူသတ်သမား မုဒိန်းကောင်ဆိုတဲ့ နာမည်တပ်ပြီး လူတကာ အလယ်မှာ အရှက်တကွဲ သိက္ခာတစ်ပြားမှ မကျန်အောင် သရုပ်ပြခဲ့ရတယ်။ ၂၄-၁၂-၂၀၁၅ ရက်နေ့မှာ လွတ်မြောက်ပါစေလို့ သူဆုတောင်းထားတယ်။

#ထိုင်းရဲလီဆည်နေပြီ
ယနေ့ထွက်ပေါ်နေတဲ့ သတင်းတွေအရ ထိုင်းရဲတွေက ဆန္ဒဖော်ထုတ်မှုတွေရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားသည့် ကြံရွယ်ချက်တွေ ရှိနေသည်ဟု သင်္ကာမကင်း ဖြစ်နေတယ်ဆိုတာမျိုး ပြောဆိုလာပါတယ်။
စာရေးသူအနေနဲ့လည်းသင်္ကာမကင်း ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံဟာ သူ့သိက္ခာကို အဖတ်ဆယ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါလိမ့်မယ်။ သူတို့နိုင်ငံသားတစ်ဦးတစ်ယောက်ကို ထိခိုက်သွားမှာ စိုးရိမ်ပြီး (သူ့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို) အဖတ်ဆယ်ချင်တဲ့အတွက် မြန်မာနိုင်ငံကို ဂျောက်(ချောက်) ထိုးလိုက်ခြင်းပဲလို့ ယူဆပါတယ်။ မြန်မာနိုင်ငံထဲကနေ ထိုင်းနိုင်ငံထဲ ရောက်နေကြတဲ့ အလုပ်သမားတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မရနိုင်တဲ့ လစာမျိုး ရတယ်ဆိုတဲ့အသိနဲ့ ထိုင်းလုပ်ငန်းရှင်တွေရဲ့ အကျိုး သယ်ပိုးနေကြသူတွေပါ။ အထက်မှာ ပြဆိုခဲ့တဲ့ ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့ကို ကြားခံအဖြစ် ဘာသာပြန်လုပ်တဲ့ မွတ်ကုလားလို ကောင်မျိုးတွေသာ ကလိမ်ကကျစ်ငြမ်းဆင်ပြီး လူပေါ်လူဇော် လုပ်ကောင်း လုပ်ပါလိမ့်မယ်။ မြန်မာတိုင်းရင်းသားတွေအနေနဲ့ ယုတ်ယုတ်မာမာ လုပ်ရပ်မျိုး လုပ်ဖို့ အတင့်မရဲပါဘူး။
ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ရှိနေသူတွေ အနေနဲ့ ဒီအမှုနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေး အလေးထားပြီး စောင့်မျှော်ခဲ့ပါတယ်။ သူတို့တွေ အမှန်တကယ် ကျူးလွန်ခဲ့လို့ ခံလိုက်ရတာမျိုးကို ကျွန်တော်တို့တွေက တစ်ဖက်စောင်းနင်းတောင်းဆိုတာမျိုး ဘယ်တော့မှမလုပ်ပါဘူး။ အခြေအနေ  အရပ်ရပ်ကို ထောက်ရှုကြည့်တဲ့အခါ မြန်မာနိုင်ငံသား နှစ်ဦးဟာ ဓားစာခံ သက်သက်ဖြစ်နေတာ ထင်ရှားပါပြီ။
ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာကပါ Real Justices (စစ်မှန်သောတရားစီရင်ရေး)ကို မျှော်လင့်နေကြပါတယ်။
ကျွန်တော်တို့တွေလည်း မလျော့သော ဇွဲနဲ့ အမှန်တရားပေါ်ပေါက်ရေး ၊ ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့ လွတ်မြောက်ရေး ဆက်လက်ကြိုးပမ်းကြပါ။

နောင်တော်လေး
27-12-2015

No comments: