Monday, December 28, 2015

အရက်မူးပြီး ရထားအား ခဲဖြင့်ပစ်ပေါက်သူကို ဖမ်းဆီးအရေးယူ

အရက်မူးပြီး ရထားအား ခဲဖြင့်ပစ်ပေါက်သူကို ဖမ်းဆီးအရေးယူ
နေပြည်တော်၊
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် အမှတ်(၅)အဆန် ရန်ကုန်- မန္တလေးရထားသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားဘူတာနှင့် ရွာတော်ဘူတာကြား၊ ရထားလမ်းမိုင်တိုင်အမှတ်(၂၂၅/၁၅-၁၆)၊ ငလိုက်ချောင်းတံတားမြောက်ဘက်ထိပ်အရောက်တွင် ရထား၏ အရှေ့ဘက်ခြမ်းမှ ခဲဖြင့်ပစ်ပေါက်ခံရ၍ အထက်တန်းတွဲ(၂)ရှိ (A-3, B-3) ပြူတင်းပေါက်မှန်(၂)ချပ် ကွဲကြေပျက်စီးသွားခဲ့သဖြင့် ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်နေသည့် ရထားရဲတပ်ဖွဲ့၊ အမှတ်(၁၂) တပ်ခွဲ၊ တပ်စု(၂)တိုးကြောင်ကလေးမှတပ်ဖွဲ့ဝင်များက အမှတ်(၉)တပ်ခွဲ၊ တပ်စု(၂)ပျဉ်းမနားသို့ ဆက်သွယ် အကြောင်းကြားခဲ့သည်။
ယင်းသို့ အကြောင်းကြားချက်အရ တပ်စု(၂)ပျဉ်းမနားမှတပ်ဖွဲ့ဝင်များနှင့် ပျဉ်းမနားမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ပြစ်မှုကျူးလွန်သူအား သွားရောက်စုံစမ်းရှာဖွေစဉ် အခင်းဖြစ်နေရာအနီး၌ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်နေ ငြိမ်းချမ်း(ခ)ငြိမ်းချမ်းစိုး(၁၉)နှစ်၊ လှိုင်မျိုးဦး၊ ဟိန်းကိုကိုနှင့် ကျော်ထူးစံတို့(၄)ဦးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းတို့ (၄)ဦးအနက် ငြိမ်းချမ်း(ခ)ငြိမ်းချမ်းစိုးမှ အရက်မူးပြီး ရထားအား အကြောင်းမဲ့ ခဲဖြင့်ပစ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ငြိမ်းချမ်း(ခ)ငြိမ်းချမ်းစိုးအား ပျဉ်းမနားမြို့မရဲစခန်း(ပ)၆၂၀/၂၀၁၅၊ မီးရထား အက်ဥပဒေပုဒ်မ ၁၂၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: