Monday, December 28, 2015

ဖားကန့်ကျောက်စိမ်း တူးဖော်ရေး လုံးဝ ရပ်ဆိုင်းရန် အပါအ၀င် နည်းလမ်း သုံးမျိုးကို သတ္တုတွင်း ဒုဝန်ကြီး လွှတ်တော်သို့ တင်ပြ -------- -------- -------

ဖားကန့်ကျောက်စိမ်း တူးဖော်ရေး လုံးဝ ရပ်ဆိုင်းရန် အပါအ၀င် နည်းလမ်း
သုံးမျိုးကို သတ္တုတွင်း ဒုဝန်ကြီး လွှတ်တော်သို့ တင်ပြ
--------       --------         -------

လုံးခင်း၊ ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို လုံးဝ
ပိတ်သိမ်းရန် အပါအ၀င် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း
သတ္တုတွင်း ဒုဝန်ကြီး ဦးသန်းထွန်းအောင်က ဒီဇင်ဘာ ၂၈ ရက် ကကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

မြေစာပုံပြိုကျခြင်းကြောင့် ပြည်သူများ အသက်သေဆုံးရခြင်းနှင့် သဘာဝသယံဇာတ
များ ထုတ်လုပ်နေခြင်းအပေါ် ပြည်သူများစိုးရိမ်နေမှုအား ဖြေရှင်းရာတွင် ကချင်
ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများကို
လုံးဝ ပိတ်သိမ်းခြင်း သို့မဟုတ် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်
ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း သို့မဟုတ်ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၄၁၃ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ဆောင်ရွက်ခြင်း
တို့ဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်
ကပြောသည်။

“ အစိုးရ အပြောင်းအလဲမှာ ရသမျှအခွင့်အရေးအကုန်လုံး လက်တစ်ဆုံး နှိုက်ပြီး
ယူမယ်လို့ အဲ့ဒီလို ထင်နေကြတဲ့အချိန် ဆိုတော့ အစိုးရက အဲ့ဒါနဲ့မပတ်သက်ဘူး၊
သူတို့အနေနဲ့ဒါကင်းကင်းရှင်းရှင်း ဖြစ်တယ်ဆိုတာ ပြချင် ရင်တော့ အဲ့ဒီလို
ထိန်းထိန်းသိမ်းသိမ်း လုပ်ပြီးတော့ ကျောက်မျက် တူးဖော်ရေးနဲ့ပတ်သက်ပြီးတော့
ပေါ်လစီ ဥပဒေ တွေပြန်ပြီး သုံးသပ်ဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်”ဟု
လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပြောဆိုသည်။

“လုပ်ငန်းရှင်တွေကလည်း လာမယ့် အစိုးရသစ်လက်ထက်မှာ အဲ့ဒီလို ထိန်းထိန်း
သိမ်းသိမ်း လုပ်လိမ့်မယ်လို့ ကြိုပြီးယူဆလို့သူတို့ကလည်း ကျန်တဲ့နှစ်လ
သုံးလအတွင်းမှာ လက်ကုန်နှိုက်တယ်လို့ခန့်မှန်းပါတယ် ။ ဒါကြောင့် အစိုးရ
ဟောင်းက ပူးပေါင်း ဆောင်ရွက်မယ့် သဘောထား ဖော်ပြတယ်လို့ယူဆပါတယ်”
ဟု ဦးရဲထွန်းက ပြောသည်။

ပြည်ထောင်စုအစိုးရ၏ ဖြေရှင်း ဆောင်ရွက်မည့် နည်းလမ်းများကို ပြန်လည် သုံးသပ် ရန်နှင့် ယင်းနည်းလမ်းများထက် ကောင်းမွန်သော ဖြေရှင်းမှုများကို အစိုးရအဖွဲ့က လုပ်ဆောင်သင့်ကြောင်း ဒုဝန်ကြီး ၏ ရှင်းလင်းတင်ပြမှုကို လွှတ်တော်ကိုယ်စားလှယ် ဆယ်ဦးက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

သတင်း - ဇော်မင်းထွန်း
Photo - MOI
The Ladies News Journal

နည်းလမ်း နံပတ် ၂ နဲ့ ၃ ကို သုံး ရင် တော့ ကျောက် စိမ်း မြန် မြန် ကုန်သွား မှာ သေချာဆုံးဘဲ။ ဒေသခံလူထုရယ် ဒေသခံ အဖွဲ့ အစည်း တွေ ရယ် အစိုးရ  ရယ် ပါဝင်တဲ့ စီမံ မှု နဲ့ ဒေသခံတွေကို ပြည်သူတွေ ကို အကျိုး ခံစား စေမဲ့ မူဝါဒ ရေးဆွဲ ရပါမယ်။ ဒါမှအားလုံး တွက်ဖြစ်မှပါ။ သို့မဟုတ်ပါက Global Witness report ကတင်ပြ တဲ့ စစ် အာဏာ ရှင် နဲ့ ခရိုနီတွေ ဘဲ ကောင်းစား သွားမှာဖြစ်ပါတယ်။

No comments: