Wednesday, December 30, 2015

ရှေးထုံးမပယ် ဈေးသုံးမကြွယ်ဖို့လိုပါသည် -----------------------------------------------------

ရှေးထုံးမပယ် ဈေးသုံးမကြွယ်ဖို့လိုပါသည်
-----------------------------------------------------

မောင်သူရိန်တို့မြန်မာ့ရိုးရာစကားပုံတွေထဲမှာ မသိတဲ့လူမရှိလောက်အောင်ပေါ်လွင်ထင်ရှားပြီး လူမှု
အသိုက်အဝန်းမှာ လက်ဆုံကျလို့စကားပြောဖြစ်တိုင်း အမြဲလိုလိုကြားရတတ်တဲ့ စကားပုံတစ်ခု
ကို ပြပါဆိုရင် ရှေးထုံးကိုလည်းမပယ်နဲ့ ဈေးသုံးကိုလည်းမကြွယ်နဲ့ ဆိုတဲ့ စကားပုံလေးကိုသာ လူတိုင်း ပြမိမှာပါ။ ဒီစကားပုံလေးကိုကြည့်မယ်ဆိုရင် အပိုင်း ၂ ပိုင်းတွေ့ရမှာပါ။ တစ်ပိုင်းက ရှေး
ထုံးကိုလည်း မပယ်နဲ့... နောက်တစ်ပိုင်းက ဈေးသုံးကိုလည်းမကြွယ်နဲ့။ ပထမတစ်ပိုင်းဖြစ်တဲ့ ရှေးထုံး
ကိုလည်း မပယ်နဲ့ဆိုတာ ဘာကိုဆိုလိုသလဲဆိုရင် ရှေးမြန်မာလူကြီးသူမများက အစဉ်အဆက်လက်ဆင့်
ကမ်း လာပြီး အဖိုးထိုက်တန်ကောင်းမွန်တဲ့ ထုံးတမ်းစဉ်လာမှန်သမျှကို ဆက်လက်လိုက်နာကျင့်
သုံးကြဖို့ဖြစ် ပါတယ်။ ကျန်တစ်ပိုင်းဖြစ်တဲ့ ဈေးသုံးကိုလည်းမကြွယ်နဲ့ဆိုတာ ဘာကိုဆိုလိုသလဲဆို
ရင် ဈေးဝယ် ထွက်လို့ ငွေကြေးသုံးစွဲတဲ့နေရာမှာ လိုတာထက်ပိုမသုံးဖို့နဲ့ လိုအပ်တဲ့နေရာမှာသာ
သုံးဖို့ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မောင်သူရိန်လည်း မြန်မာနိုင်ငံသားတစ်ဦးဆိုတော့တိုင်းပြည်တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုး
တက်လာတာကိုလိုလားတဲ့အတွက် မြန်မာနိုင်ငံရဲ့နိုင်ငံရေးစပ်ကူးမတ်ကူးကာလမှာ နောက်တက်လာမယ့်
အစိုးရသစ်ကို အထက်ဖော်ပြပါစကားပုံလေးရဲ့ အပိုင်း ၂ ပိုင်းကိုအခြေခံလို့ အကောင်းမြင်တဲ့စိတ်နဲ့ အကြံပြုစရာတွေပေါ်လာပါတယ်။ ပထမတစ်ပိုင်းဖြစ်တဲ့ ရှေးထုံးကိုလည်းမပယ် နဲ့ဆိုတဲ့အသုံးအနှုန်းအရ အကြံပြုရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာကနေစပြောရမှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာ
အာဏာဆိုတာ နိုင်ငံကိုစီမံခန့်ခွဲအုပ်ချုပ်မယ့်အစိုးရအနေနဲ့ လုပ်ငန်းတာဝန် တွေကို အမှီအခိုကင်းစွာလုပ်ကိုင်နိုင်ဖို့ နိုင်ငံမှာမှီတင်းနေထိုင်တဲ့ပြည်သူလူထုက အပ်နှင်းထားတဲ့အာဏာ လို့ဆိုနိုင်ပါတယ်။ အချုပ်အခြာအာဏာမှာ ပြည်တွင်းအချုပ်အခြာ
အာဏာနဲ့ ပြည်ပအချုပ်အခြာအာဏာ ဆိုပြီး ၂ မျိုးရှိပါတယ်။

အစိုးရတစ်ရပ်အနေနဲ့ မိမိနိုင်ငံအတွင်းမှာ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ စီမံခန့်ခွဲအုပ်ချုပ်ရေး
လုပ်ငန်းတွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိခြင်းကို ပြည်တွင်းအချုပ်အခြာအာဏာ ရှိတယ်လို့ခေါ်ပါတယ်။ အစိုးရတစ်ရပ်အနေနဲ့ မိမိနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ကိုက်ညီတဲ့နိုင်ငံခြား ရေးမူဝါဒကို လွတ်လပ်စွာ
ချမှတ်သုံးစွဲနိုင်ခွင့်ရှိခြင်းကို ပြည်ပအချုပ်အခြာအာဏာရှိတယ်လို့ ခေါ်ပါတယ်။

အဆိုပါအချုပ်အခြာအာဏာ၂ရပ်မှာမှပိုပြီးအဓိကကျတာက ပြည်ပအချုပ်အခြာအာဏာပါ။ မြန်မာနိုင်ငံလွတ်
လပ်ရေးရပြီးကတည်းက ယခုလက်ရှိအချိန်အထိ နိုင်ငံရဲ့အချုပ်အခြာအာဏာ မဆုံးရှုံး စေဖို့ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်၍တက်ြွကပြီး နိုင်ငံအားလုံးနဲ့ မိတ်မပျက်ဆက်ဆံရေး ဖြစ်ပါတယ်။ ဒီနိုင်ငံခြားရေးမူဝါဒကိုပဲ အစဉ်အဆက်မပြောင်းမလဲကျင့်
သုံးခဲ့လို့ မြန်မာနိုင်ငံဟာ ပြည်တွင်းအချုပ်အခြာအာဏာသာမက ပြည်ပအချုပ်အခြာအာဏာပါ ယခုအချိန်ထိ မဆုံးရှုံးဘဲ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကင်းဝေးလို့ ကိုယ့်အားကိုယ်ကိုးပြီးကြိုးစား
ရပ်တည်နိုင်ခဲ့တာ ပြည်သူအားလုံးသိပြီးဖြစ်ပါလိမ့်မယ်။

ဒီနိုင်ငံခြားရေးမူဝါဒကိုဘာကြောင့်ယခုလိုအစဉ်အဆက်မပြောင်း မလဲကျင့်သုံးခဲ့သလဲဆိုတာကို
လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားထဲကပထဝီဝင်ဆိုင်ရာအချက်အလက်
တွေဖြစ်တဲ့ နိုင်ငံရဲ့အကျယ်အဝန်း၊ ပုံသဏ္ဌာန်၊ တည်နေရာ၊ မြေမျက်နှာပြင်၊ သဘာဝသယံဇာတဆိုတဲ့ အချက်တွေထဲက နိုင်ငံရဲ့တည်နေရာကြောင့်ဖြစ်ပါလိမ့်မယ်။ မောင်သူရိန်တို့မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံစာရင်းဝင်တဲ့အပြင် တိုက်စွမ်းအားအဆင့် အမြင့်မားဆုံးနိုင်ငံတွေဖြစ်တဲ့ အရှေ့နဲ့အရှေ့မြောက်ဘက်မှာတရုတ်နဲ့ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ တို့ရဲ့ကြားမှာတည်ရှိနေပါတယ်။ အကြောင်းက အဲဒီ့နှစ်နိုင်ငံဟာ သင့်မြတ်တယ်ဆိုကိစ္စမရှိ၊ အခုက နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ လာဒက်ဒေသကို သူပိုင်ကိုယ်ပိုင်အငြင်းပွားမှုသာမက အိန္ဒိယသမုဒ္ဒရာအတွင်းမှာ တရုတ်ရဲ့ကျူးကျော်ဝင်
ရောက်မှုတွေကလည်း ခဏခဏဆိုတော့ မြန်မာနိုင်ငံအနေနဲ့ တစ်ဖက်ဖက်ကို ယိမ်းလိုက်မယ်ဆိုရင် ပထဝီနိုင်ငံရေးအရ ကျန်တစ်ဖက်ရဲ့ဖိအားပေးမှုက တစ်မျိုးမဟုတ်တစ်မျိုးရှိလာပြီး ပြည်တွင်းမှာ
ဂယက်ရိုက်ခတ်မှုတွေရှိလာမှာ မလွဲမသွေမို့ အစိုးရအဆက်ဆက်က ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ (သြည-ေူငါညာနညအ င်္သမနငါည ဏသူငခပ)ကို မပြောင်းမလဲချမှတ်သုံးစွဲခဲ့တယ်လို့ ယူဆ မိပါတယ်။

ဒါကြောင့် အစိုးရသစ်အနေနဲ့ ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့ စကားအတိုင်းလက်ရှိချမှတ် ထားတဲ့နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်းမလုပ်ဖို့ မောင်သူရိန်တိုက်တွန်းလိုခြင်း ဖြစ်
ပါတယ်။ကျန်တစ်ပိုင်းဖြစ်တဲ့ ဈေးသုံးကိုလည်းမြွကယ်နဲ့ဆိုတဲ့ အသုံးအနှုန်းအရအကြံပြုရမယ်ဆိုရင် အစိုးရသစ်အနေနဲ့ နိုင်ငံရဲ့အစိုးရအသုံးစရိတ်ကိုသုံးစွဲတဲ့နေရာမှာ လိုတာထက်ပိုမသုံးဖို့လိုသလို လိုအပ်တဲ့ နေရာတွေဖြစ်တဲ့ တပ်မတော်အပါအဝင် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့အသုံးစရိတ်တွေကို တိုးမြှင့် သုံးစွဲဖို့ လိုအပ်တယ်လို့ဆိုချင်ပါတယ်။ ဒီနေရာမှာ အခြားသောနိုင်ငံတွေနဲ့နှိုင်းယှဉ်ချိန်ထိုးပြီးတင်ပြ လိုပါတယ်။ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ လည်းဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန် ဒေါ်လာ ၃၈၃ သန်းသုံးစွဲဖို့ ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်က ဒီဇင်ဘာလ ၃ ရက်နေ့က အတည်ပြု ပေးခဲ့ပြီး ၎င်းပမာဏဟာ ၂၀၁၅ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်နဲ့နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းကျော် တိုးမြှင့်သုံးစွဲထားတာကိုတွေ့ရပါတယ်။

အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံဖြစ်တဲ့အပြင် ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တဲ့ဂယက်ကြောင့် ဒီနေ့အချိန်အထိ တပ်မတော်ကို ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အဆင့်သာထား နိုင်ခဲ့တဲ့ ဂျပန်နိုင်ငံဟာဆိုရင်လည်း ၂၀၁၆ ခုနှစ် အတွက်ကာကွယ်ရေးအသုံးစရိတ်ကို တစ်ခါမျှမသုံး စွဲခဲ့ဘူးတဲ့ ယန်း ၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ)သုံးစွဲဖို့ ဂျပန်ဒိုင်းယက်လွှတ်တော်က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အပြီးသတ်အတည်ပြုပေးမယ်လို့ မျှော်မှန်းထားပါတယ်။ ဒါဟာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဝန်ကြီးချုပ်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စလို့ စတုတ္ထအကြိမ်မြောက် ဆက်တိုက်တိုးမြှင့်သုံးစွဲမှုဖြစ်မယ်လို့လည်း သိရပါတယ်။

နောက်ထပ်အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံကတော့ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းဆောင်သူပိုများလာအောင်လုပ်ဆောင်ဖို့အတွက်နဲ့ စစ်ဘက် တပ်ဖွဲ့ဝင်တွေရဲ့ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ပေးဖို့အတွက် ၂၀၁၆ ခုနှစ်ကာကွယ်ရေး
အသုံးစရိတ်ကို ဝမ် ၃၈ ဒသမ ၈ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၂ ဘီလီယံ)သုံးစွဲဖို့ တောင်ကိုရီးယား အမျိုးသားလွှတ်တော်က ဒီဇင်ဘာလ ၃ ရက်နေ့မှာခွင့်ပြုပေးခဲ့ပြီး အဆိုပါပမာဏဟာ ၂၀၁၅ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်နဲ့နှိုင်းယှဉ်ပါက ၃ ဒသမ ၆ ရာခိုင်နှုန်းပိုမိုတိုမြှင့်သုံးစွဲထားတာကိုတွေ့ရပါတယ်။

အရှေ့ဥရောပဒေသတွင်း နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အပြင် ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့သတင်းတွေ
ထဲမှာ ရေပန်းစားခဲ့တဲ့ ယူကရိန်းနိုင်ငံမှာဆိုရင်လည်း ၂၀၁၆ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံသုံးစွဲဖို့ညွှန်ကြားထားတဲ့အမိန့်တစ်ရပ်ကို ယူကရိန်းသမ္မတ ပတ်ထရို ပိုရိုရှန်ကိုက ဒီဇင်ဘာလ ၂ ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပြီး ゞင်းပမာဏဟာ ၂၀၁၅ ခုနှစ်နှင့်နှိုင်းယှဉ် ပါက ၁၁ ရာခိုင်နှုန်းတိုးမြှင့်သုံးစွဲခဲ့ခြင်းဖြစ်ရုံသာမက ယူကရိန်းနိုင်ငံလွတ်လပ်ရေး
ရရှိခဲ့တဲ့ ၁၉၉၁ ခုနှစ် ကစလို့ စံချိန်တင်အမြင့်မားဆုံးသုံးစွဲခဲ့ခြင်းလည်းဖြစ်တာကို တွေ့ရပါတယ်။ ထိုနည်းတူစွာပါပဲ ယနေ့ အချိန်အခါမှာ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းနီးပါးဟာ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒနဲ့ခွဲထွက်ရေး ဝါဒစတဲ့ ဒုစရိုက်ဝါဒ ၃ ခုကိုတိုက်ဖျက်ဖို့အတွက် တပ်မတော်တွေရဲ့အခန်းကဏ္ဍတွေကို မြှင့်တင်ပေး နေတာကို တွေ့မြင်ကြရမှာပါ။

အဲဒီ့နိုင်ငံတွေရဲ့ကာကွယ်ရေးအသုံးစရိတ်တွေကြည့်ပြီး မြန်မာနိုင်ငံရဲ့ ၂၀၁၃-၁၄ အတွက် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံနဲ့ ၂၀၁၄-၁၅ အတွက် ၂ ဒသမ ၃ ဘီလီယံ တို့သုံးစွဲခဲ့မှုနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မောင်သူရိန်တို့နိုင်ငံဟာ နိုင်ငံတော် ကာကွယ်ရေးကဏ္ဍ
အပေါ်မှာ ထားရှိတဲ့သဘောထားမှာ လိုအပ်ချက်တွေမြောက်မြားစွာရှိနေတာကို တွေ့ကြရမှာပါ။ ဒါကြောင့် နိုင်ငံတကာနဲ့ယှဉ်ပြီးရပ်တည်ရမယ့် တပ်မတော်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲဖို့လိုအပ်တယ်ဆိုတာ ငြင်းလို့မရအောင်မှန်ကန်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် သောင်းကျန်းသူ အခြေပြုဒေသတွေမှာနေထိုင်တဲ့ မောင်သူရိန်တို့လိုပြည်သူတွေအတွက် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတာဟာလည်း အလွန်ဖြစ်မယ်မထင်ပါ။

လွန်တယ်လို့ထင်တဲ့သူဆိုရင်လည်းကိုယ်ချင်းစာစိတ်မရှိတဲ့သူလို့ဘဲ မောင်သူရိန်နဲ့စိတ်တူကိုယ်တူဘဝတူ
ပြည်သူတွေကိုယ်စား မောင်သူရိန်စွပ်စွဲပြောကြားရမှာပါ။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်းကစလို့ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့တာဟာယနေ့အချိန်ထိပါ။ ပြည်တွင်း သောင်းကျန်း
သူတွေဟာ ပြည်ပအားကိုးပုဆိန်ရိုးဆိုတဲ့အတိုင်း ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ကူညီ ထောက်ပံ့ပေးမှုနဲ့
အတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေတဲ့တပ်မတော်အပါအဝင် တရား ဥပဒေ စိုးမိုးရေးအဖွဲ့တွေကိုဆန့်ကျင်တိုက်ခိုက်နေခြင်းဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စပါ။

ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုအပြည့်အဝတာဝန်ယူထားတဲ့တပ်မတော်အနေနဲ့ ပြည်ပအား
ကိုး ပုဆိန်ရိုးတွေကို အမြစ်ပြတ်ချေမှုန်းဖို့လိုအပ်ပါတယ်။ ဒီလိုအမြစ်ပြတ်ချေမှုန်းနိုင်ဖို့ဆိုရင် အစိုးရသစ် အနေနဲ့ဈေးသုံးကိုလည်းမြွကယ်နဲ့ဆိုတဲ့စကားအတိုင်း နိုင်ငံရဲ့အစိုးရအသုံးစရိတ်ကို မလိုအပ်တဲ့ နေရာ
တွေမှာပိုမသုံးမိစေဖို့နဲ့ လက်ရှိသုံးစွဲနေတဲ့ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲပေးဖို့အတွက် တပ်မတော်ရဲ့နိုင်ငံတော်ကာကွယ်ရေးကဏ္ဍကို လေးစားတဲ့ပြည်သူတစ်ယောက်အနေနဲ့ မောင်သူရိန် တိုက်တွန်းပြောကြားလိုက်ရပါတယ်။

သူရိန်

No comments: