Monday, December 28, 2015

နှစ်အနည်းငယ် အတွင်း Android OS ကို Desktop Computer များတွင် အသုံးပြုနိုင်ဖွယ်ရှိ

နှစ်အနည်းငယ် အတွင်း Android OS ကို Desktop Computer များတွင် အသုံးပြုနိုင်ဖွယ်ရှိ

ကမ္ဘာ့မိုဘိုင်းလ်ဖုန်း ဈေးကွက်ထဲတွင် ဈေးကွက်ဝေစု အများဆုံး ရယူထားသည့် Google ကုမ္ပဏီထုတ် Android OS ကို လာမည့် နှစ်အနည်းငယ် အတွင်း Desktop Computer များတွင် သုံးစွဲနိုင်သည့် အခြေအနေသို့ ရောက်ရှိလာဖွယ် ရှိကြောင်း ဆီလီကွန် တောင်ကြားမှ ပြုလုပ်သော အနာဂတ်နည်း ပညာ ဆွေးနွေးပွဲ တစ်ရပ်တွင် အတည် ပြုခဲ့သည်။

Android OS ကို လက်ရှိတွင် မိုဘိုင်းလ်ဖုန်းများနှင့် Gadget များ၌ အသုံးပြုနိုင်သည့် အခြေအနေ ဖန်တီးထားခြင်း ဖြစ်သောကြောင့် Desktop Computer များတွင် ထည့်သွင်း၍ အသုံးပြုနိုင်သည့် အခြေအနေ ရှိသည်။ Android OS ကို Google မှ Open Source နည်းပညာဖြင့် ဖန်တီးခဲ့ခြင်းကြောင့် ရယူ သုံးစွဲသူများ အနေဖြင့် မိမိနှင့် ကိုက်ညီသည့် အခြေအနေသို့ ပြောင်းလဲနိုင်သည့် အားသာချက် ရှိနေခြင်းမှာ ဈေးကွက်ဝေစု အများဆုံး ရရှိစေခဲ့သည့် အားသာချက် ဖြစ်စေခဲ့သည်။ Android OS ကို Google မှ မိုဘိုင်းလ်ဈေးကွက် အတွက်သာ ရည်ရွယ် ထားသည်ဟု သတင်း ထုတ်ပြန်ထားသော်လည်း Windows OS အပေါ် သုံးစွဲသူများ ဘက်မှ စိတ်ပျက်မှုများ မြင့်တက်လာသောကြောင့် Android OS ကို Desktop Computer များတွင် အသုံးပြုနိုင်ရေး ရည်မှန်း ချက်မှာ နှစ်အနည်းငယ် အတွင်း လက်တွေ့ အသက်ဝင်လာဖွယ် ရှိသည်ဟု ခန့်မှန်းခဲ့သည်။ အသုံးပြုရ လွယ်ကူခြင်းမှာလည်း Android OS ၏ အားသာချက် ဖြစ်နေကြောင်း သိရသည်။

No comments: