Monday, December 28, 2015

ထင်ရှားကျော်ကြား 2015

ထင်ရှားကျော်ကြား 2015

 Published on Sun, 12/27/2015 - 16:44

၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် အများပြည်သူအကြား သိသာထင်ရှင်းသော လုပ်ရပ်များကြောင့် ထင်ရှားခဲ့သော ပုဂ္ဂိုလ်များ၊ ဖြစ်စဉ်ဖြစ်ရပ်များ၊ အဖွဲ့အစည်းများအား ယခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် Weekly Eleven News ဂျာနယ်မှ အောက်ပါအတိုင်း ရွေးချယ်ဖော်ပြ အပ်ပါသည်။ ရွေးချယ်ဖော်ပြမှုများအတွက် မူဝါဒနှင့် သဘောထားမှာ Weekly Eleven News ဂျာနယ် အယ်ဒီတာအဖွဲ့၏ အာဘော်နှင့် သဘောထားသာလျှင် ဖြစ်ပါသည်။ ထို့ပြင် ယခုရွေးချယ်မှုတွင် ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားမှုများ ပါဝင်သလို သတင်းဆိုးဖြင့် ထင်ရှားကျော်ကြားမှုများလည်း ပါဝင်ပါသည်။ အကယ်၍ ယခုရွေးချယ်မှုတွင် ၂၀၁၅ ခုနှစ်အတွင်း ထင်ရှားသော အဖြစ်အပျက်များ၊ ထင်ရှားကျော်ကြားသူများ ကျန်ရစ်မှုအချို့ ရှိနိုင်ပါသည်။ ယင်းကဲ့သို့ ကျန်ရစ်မှုများ ရှိခဲ့ပါက ရွေးချယ်ဖော်ပြသော အယ်ဒီတာအဖွဲ့၏ တာဝန်သာ ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။

 

Focus of the Year

မတရားမှုများ၊ ဖိနှိပ်မှုများခဲ့သည့် ၂၀၁၅ နှင့် ပြည်သူ့ဆန္ဒကို ထင်ဟပ်ပြလိုက်သည့် ရွေးကောက်ပွဲ

 

နိုင်ငံရေးနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် တစ်ကျော့ပြန် အနိုင်ရခဲ့သည့် NLD ပါတီ

(၂) အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့၏ ဝေဖန်စရာ ဖြစ်စေခဲ့သော မှတ်ချက်စကားများ

(၃) ဆက်လက်ရှိနေဆဲ နိုင်ငံရေးအကျဉ်းသား အမည်မခံရသော တက်ကြွလှုပ်ရှားသူများ

(၄) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်ဘဲ လက်မှတ်ထိုးခဲ့သော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်

(၅) ကိုးကန့်ဒေသ တိုက်ပွဲများနှင့် စစ်အုပ်ချုပ်ရေးအမိန့်

(၆) တစ်နိုင်ငံလုံး လှုပ်ခတ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ

(၇) မအောင်မြင်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

(၈) ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀) ပြည့်

(၉) အစိုးရသစ်ကို တည်ငြိမ်အေးချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံမှုများ

(၁၀) အနိုင်ရရန် ရေပန်းစားပြီး ရှုံးနိမ့်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ

(၁၁) ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်

(၁၂) တိုင်းရင်းသားပါတီများ၏ မထင်မှတ်ထားသော ရွေးကောက်ပွဲရှုံးနိမ့်မှု

         

စီးပွားရေးနယ်ပယ်မှ ထင်ရှားမှုနှင့် ထူးခြားမှုများ

(၁) မြန်မာ့စီးပွားရေး ပြုတ်ကျခြင်းနှင့် အတက်ကြမ်းခဲ့သည့် ဒေါ်လာဈေး

(၂) ကျောက်စိမ်းလောက၏ လျှို့ဝှက်မှုနှင့် အလွဲသုံးမှုများကို ထုတ်ပြန်လိုက်သည့် Global Witness အစီရင်ခံစာ

(၃) အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်သွားသည့် ၂၀၁၅

(၄) ဘာသာရေးကြောင့် ရပ်ဆိုင်းလိုက်ရသည့် ဒဂုံစီတီးစီမံကိန်း

(၅) နိုင်ငံကို နစ်နာစေသည့် တင်ဒါတွေ မည်မျှများခဲ့သနည်း ဆိုသည်ကို မီးမောင်း ထိုးပြလိုက်သည့် ရေကူးတင်ဒါ

(၆) မြန်မာနိုင်ငံ၏ ပထမဦးဆုံး စတော့အိတ်ချိန်း ဖွင့်လှစ်နိုင်မှုနှင့် ၂၀၁၅

(၇) တရားမ၀င် စီးဝင်စီးဆင်းနေသည့် ငွေမည်း ဒေါ်လာ ဘီလျံ ၁၀၀ အစီရင်ခံစာနှင့် ၂၀၁၅

(၈) နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုနှင့်အတူ ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် သီလ၀ါ အထူးစီးပွားရေးဇုန်

(၉) ပြည်တွင်းဘဏ်များနှင့် ကောလာဟလ

(၁၀) ဝေဖန်မှုများကြားမှ အစိုးရသစ်လက်ထက် နောက်ဆုံးသက်တမ်းအထိ သစ်တန်ချိန်သိန်းချီ ခုတ်ခွင့်ပေးမှုနှင့် ၂၀၁၅

 

လူမှုရေးနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) ဥပဒေအထက်တွင် ရောက်နေသည့် တပ်မတော်နှင့်ဆိုင်သော မှုခင်းဖြစ်စဉ်များ

(၂) လူထုကို ဖိနှိပ်ခဲ့သည့် ဥပဒေပုဒ်မများ

(၃) ငွေကျပ်ဘီလျံချီကာ စံချိန်တင် ဖမ်းဆီးရမိသည့် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ

(၄) နောက်ဆုံးပိတ် အိတ်နှင့်လွယ်သည့် ခုံးကျော်တံတားသုံးစင်း

(၅) စာရင်းစစ်ချုပ်အစီရင်ခံစာပါ နာမည်ကြီး ပန်းခြံငှားရမ်းခများနှင့် နိုင်ငံတော်၏ နစ်နာမှုများ

(၆) အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ နှင့် မပြေလည်သေးသော ဘ၀များ

(၇) ၂၀၁၅ ခုနှစ်အတွင်း အုပ်စုဖွဲ့ရိုက်နှက်မှု၊ လူသတ်မှုနှင့် မင်းမဲ့စရိုက်ဆန်သော မှုခင်းများ

(၈) ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားများအား အစိုးရက အကြမ်းဖက်ဖြိုခွဲမှု

(၉) ကျောက်မီးသွေးစက်ရုံစီမံကိန်းများနှင့် သဘာဝပတ်ဝန်းကျင်ပြဿနာ

(၁၀) ခိုထောင်ကျွန်းနှင့် ရနောင်းလူသတ်မှုများဖြင့် တရားစွဲခံထားရသည့် မြန်မာများ

(၁၁) တရားခံ မပေါ်သေးသည့် ကချင်ခရစ်ယာန် သာသနာပြု ဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှု

(၁၂) မြန်မာနိုင်ငံသမိုင်းတွင် စံချိန်တင်ခဲ့သော အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ

(၁၃) ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုနှင့် လူပေါင်းရာချီ သေဆုံးခဲ့ရသည့် ဖားကန့်မြေမှ သယံဇာတကျိန်စာ

(၁၄) တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း ရှစ်ရက်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သော တရုတ်နိုင်ငံသားများ၏ သစ်ခိုးထုတ်မှု

(၁၅) သာသနာတော်ညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခံရသော မိုးကုတ်မြို့မှ ရေပူဆရာတော်

(၁၆) ရှမ်းပြည်နယ်အနှံ့မှ တိုက်ပွဲများကြောင့် ထပ်တိုးလာသော စစ်ဘေးဒုက္ခသည်များ

(၁၇) သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေမှုအား အချက်ပေးလိုက်သည့် နယ်ကျော် တောဆင်ရိုင်း ခြောက်ကောင်

(၁၈) လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့ရသည့် ရခိုင်ပြည်နယ်မှ အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှု

 

ကျန်းမာရေးနယ်ပယ်မှ ထင်ရှားမှု

(၁) မိုးကျရွှေကိုယ်စနစ်အား အပြင်းအထန် ကန့်ကွက်ခဲ့သည့် ဖဲကြိုးနက် လှုပ်ရှားမှုနှင့် နောက်ဆက်တွဲဂယက်

 

ပညာရေးနှင့် အိုင်တီနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ပထမရရှိခဲ့သူ မအိရတနာနိုင်

(၂) ၂၀၁၅ ရွေးကောက်ပွဲနှင့်အတူ အရှိန်အဟုန်မြင့်ခဲ့သည့် Facebook

 

အားကစားနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) အာဆီယံလူငယ် အကောင်းဆုံး ဘောလုံးသမားဆုရှင် အောင်သူ

(၂) မြန်မာ့ဘောလုံး သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် U-20 အသင်း

(၃) ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိသည့် U-23 ဘောလုံးအသင်း

(၄) ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်အများဆုံး ဆွတ်ခူးနိုင်ခဲ့သည့် ၀ူရှူးအားကစားအဖွဲ့

 

စာပေအနုပညာနယ်ပယ်မှ ကျော်ကြားသူများနှင့် ထင်ရှားမှုများ

(၁) ရုပ်ရှင်ဇာတ်ကားအများဆုံး ရိုက်ကူးနေရဆဲ အကယ်ဒမီနေတိုး

(၂) လူငယ်သရုပ်ဆောင်များကြားတွင် ပရိသတ်အားပေးမှု အများအပြား ရရှိနေသူ သရုပ်ဆောင်ဇေရဲထက်

(၃) မျက်နှာသစ် ဖြစ်သော်လည်း ပရိသတ် လက်ခံအားပေးမှု များပြားလျက်ရှိသူ သရုပ်ဆောင်မော်ဒယ် ပက်ထရစ်ရှာ

(၄) ပရဟိတ လုပ်ဆောင်မှုများနှင့် ဝေဠုကျော်၊ ချစ်သုဝေ

(၅) အနီရောင်တေးအယ်လ်ဘမ်ဖြင့် ထပ်မံအောင်မြင်ခဲ့သူ အဆိုတော်နီနီခင်ဇော်

(၆) အိပ်မက်ဆုံရာ ရာသက်ပန်ပြိုင်ပွဲ အပြီးတွင် ပရိသတ်အားပေးမှု များပြားခဲ့သူ Winner ဆုရှင် အောင်ထက်

(၇) နှစ်(၁၀၀)တိုင်ခဲ့ပြီဖြစ်သည့် မြန်မာ့ကာတွန်း

(၈) ၂၀၁၅ ခုနှစ်အတွင်း ပြုလုပ်မှုများပြားခဲ့သည့် သက်ကြီးပန်းချီ ပညာရှင်တို့၏ တစ်ကိုယ်တော် ပန်းချီပြပွဲများ

(၉) ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အထင်ကရ စာပေဆိုင်ရာ လှုပ်ရှားမှု ပွဲတော်များ

(၁၀) သဘင်အစည်းအရုံး အမှုဆောင်သက်တမ်း အပြောင်းအလဲ

(၁၁) ဘုံဘ၀မှာဖြင့် စာအုပ်ရေးသားခဲ့သူ နိုင်ငံရေးသမားဟောင်းကြီး သခင်တင်မြ ကွယ်လွန်ခြင်း

(၁၂) သင်္ကြန်မိုးဇာတ်ကား အပါအ၀င် အောင်မြင်သည့် ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည့် ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာမောင်တင်ဦး ကွယ်လွန်ခြင်း

(၁၃) ပြည်ပမှ အနုပညာရှင်များနှင့် မြန်မာအနုပညာရှင်များ အနုပညာပူးပေါင်း ဖန်တီးမှုများ ပိုမိုများပြားလာခြင်း

ထင်ရှားကျော်ကြား

No comments: