Tuesday, November 24, 2015

“ဝ” ရဲ့ခြေလှမ်းနဲ့ NLDအစိုးရ ဖြေဆိုရမယ့် ပုစ္ဆာ =================================

“ဝ” ရဲ့ခြေလှမ်းနဲ့ NLDအစိုးရ ဖြေဆိုရမယ့် ပုစ္ဆာ
=================================
Monday, November 23, 2015

“ဝ” တွေဟာ အခုအချိန် KNU နဲ့ SSA ရွက်ဆစ် မရှိတော့တဲ့အချိန်မှာ ကျန်အဖွဲ့တွေကို ခေါင်းဆောင် ဝင်လုပ်သွားပြီ … KIA ဆိုတာကလည်း ငွေကလွဲလို့ ဘာမှမရှိတဲ့ အထည်ကြီးပျက် မုဆိုးမ သာသာရယ် … အနာဂတ်မှာ “ဝ” တွေဟာ ဝေဟင် မြေပြင်စစ်ဆင်နိုင်ဖို့ကို အဓိကထား ပြင်နေပြီ… “ဝ” ရဲ့ တပ်ဖွဲ့ပိုင် ကွန်တိန်နာတွေဟာ တရုတ်နယ်စပ်ကို အဝင်အထွက်များနေတယ်… အရင်က အရပ်ဝတ်တွေ မောင်းနှင် ပေမယ့် အခုအချိန်မှာ ပေါ်ပေါ်ထင်ထင်ပဲ လက်နက်ကိုင်ပြီးကို သွားနေတယ် … တရုတ်ကို အထွက်မှာ ကြယ်သီး (WY) တွေ ပါသွားပြီး အပြန်မှာ ဝါးဆစ်ပိုင်းကြီး( လက်နက်ကြီး) တွေ သယ်လာတယ်လို့ ဒေသ သတင်းတွေက ဆိုတယ် ။

လက်နက်အသစ်ရော စက်ရုံရော ထောင်ထားတဲ့ “ဝ” ဟာ လက်နက်ကိုင် အဖွဲ့ တွေကို လက်နက်အဟောင်းကို အောက်ဈေးနဲ့ပေးသလို လက်နက်အသစ်ကိုလည်း ပစ္စည်းချင်းလဲသလို နောက်ဆုံးနယ်မြေဖဲ့ပေးရတဲ့အထိ လဲလှယ်နေတယ် ။ အဲဒီလိုလဲလှယ်တဲ့အထဲမှာ လူတွေတောင်ပါတယ်လို့ ဆိုတယ် …. ။

credit >> myo myint



No comments: