Wednesday, November 18, 2015

ရုရှားစစ်လေယာဉ်များ IS တို့ကို စစ်ရှိန်တိုးမြှင့်တိုက်ခိုက် ရေငုပ်သင်္ဘောများက ပထမအကြိမ် ခရုစ်ဒုံးပျံများပစ်ခတ်

ရုရှားစစ်လေယာဉ်များ IS တို့ကို စစ်ရှိန်တိုးမြှင့်တိုက်ခိုက်
ရေငုပ်သင်္ဘောများက ပထမအကြိမ် ခရုစ်ဒုံးပျံများပစ်ခတ်
Wednesday, November 18, 2015

ယခင်လအတွင်း အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင်
ပျက်ကျသော ရုရှားခရီးသည်တင်လေယာဉ်သည် ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ပျက်ကျခြင်းဖြစ်ကြောင်း ရုရှားအစိုးရလုံခြုံရေးဌာန အကြီးအကဲက အင်္ဂါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရုရှားစစ်လေယာဉ်
များသည် အစ္စလာမ္မစ်နိုင်ငံ(IS)စစ်သွေးကြွတို့ကို စစ်ရှိန်တိုးမြှင့်တိုက်ခိုက်နေကြောင်း ရုရှားအရာရှိများက
ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဆီးရီးယားဝေဟင်တွင် ရုရှားစစ်လေယာဉ်များအကြိမ်ပေါင်း ၂၃၀၀ ပျံသန်း
တိုက်ခိုက်ကြောင်း၊ ပါရီမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ
ဖြစ်ပွားပြီးနောက် ရုရှားစစ်လေယာဉ်များ ပိုမိုပြင်းထန်စွာ
တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရုရှားအရာရှိများက ဆက်လက်
ပြောကြားခဲ့သည်။ တနင်္လာနေ့ညက ကျင်းပသော လုံခြုံရေးအစည်းအဝေးတွင် သမ္မတဗလာဒီမာပူတင်က
“ဆီးရီးယားမှာ ရုရှားစစ်လေယာဉ်တွေ ဆက်လက်တိုက်ခိုက်
နေရုံနဲ့ မပြီးဘဲ စစ်ရှိန်တိုးမြှင့်ဖို့လည်းလိုတယ်၊ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ရှောင်လွှဲလို့မရဘူးဆိုတာ အကြမ်းဖက်သမားတွေသိအောင် လုပ်ရမယ်” ဟု ပြောကြား
ခဲ့သည်။ ထို့နောက် ရုရှားစစ်သင်္ဘောများက IS ပစ်မှတ်များ
ကို ခရုစ်ဒုံးပျံများဖြင့် ဒုတိယအကြိမ်ပစ်ခတ်တိုက်ခိုက်ကြောင်း
BBC က သတင်းပေးသည်။ ယခင်လက ကက်စပီယံပင်လယ်
တွင် ဖြန့်ကျက်ထားသော ရုရှားစစ်သင်္ဘောများက ခရုစ်ဒုံးပျံ
များဖြင့် ပစ်ခတ်သော်လည်း ယခုအကြိမ်တွင် မြေထဲပင်လယ်ရှိ ရုရှားရေငုပ်သင်္ဘောများက ခရုစ်ဒုံးပျံများဖြင့် ပစ်ခတ်ခြင်းဖြစ်
သည်။ ရက်ကာမြို့အနီးရှိ IS ဌာနချုပ်များ၊ သင်တန်းကျောင်း
များနှင့် လက်နက်သိုလှောင်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်
ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်
ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ခရုစ်ဒုံးပျံများ ရပ်တန့်ထားချိန်တွင် တာဝေးပျံသန်းနိုင်သော တူပိုလက်ဗ်ဗုံးကြဲလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ရုရှားတို့၏လေကြောင်းတိုက်ခိုက်မှု သိသိသာသာပြင်းထန်လာသည်ဟု စစ်ရေးကျွမ်းကျင်သူများ
က သုံးသပ်ကြသည်။
ပြင်သစ်နိုင်ငံကလည်း IS ပစ်မှတ်များကို စစ်ရှိန်တိုးမြှင့်
တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ပြီး လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါလ်ကို စေလွှတ်ခဲ့ရာ တိုက်လေယာဉ် ၃၀ ဖြင့် ပိုမိုတိုက်ခိုက်နိုင်စွမ်းရှိလာမည်ဖြစ်သည်။ ရုရှားခရီးသည်တင်
လေယာဉ် ဗုံးပေါက်ကွဲပျက်ကျခြင်းနှင့် ပါရီမြို့အကြမ်းဖက်
တိုက်ခိုက်ခံရခြင်းကြောင့် မဟာမိတ်နိုင်ငံများ ပိုမိုစည်းလုံး
လာပြီး IS တို့ကို ပိုမိုပြင်းထန်စွာတိုက်ခိုက်လာနိုင်သည်ဟု
ယူဆကြသည်။ ရုရှားခရီးသည်တင်လေယာဉ်ပျက်အပိုင်းအစ
များကြားတွင် နိုင်ငံခြားလုပ်ဗုံးအစိတ်အပိုင်းများတွေ့ရှိကြောင်း ရုရှားလုံခြုံရေးဌာနအကြီးအကဲက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး သမ္မတပူတင်ကလည်း ခရီးသည်တင်လေယာဉ်ဗုံးခွဲမှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး ပြင်းထန်စွာအပြစ်ပေးမည်ဟု
ပြောကြားခဲ့သည်။

ဘသန်းတင်
SkyNet TV Browser


No comments: