Wednesday, November 18, 2015

အောင်ဘာလေထီဥပဒေကြမ်းကိုပြဋ္ဌာန်းလိုက်ပါက ကံစမ်းလောင်း ကစားခြင်းကို ခွင့်ပြုသည့်သဘောသက်ရောက်သဖြင့် ပြဋ္ဌာန်းရန်မသင့်ဟုဆို

အောင်ဘာလေထီဥပဒေကြမ်းကိုပြဋ္ဌာန်းလိုက်ပါက ကံစမ်းလောင်း ကစားခြင်းကို ခွင့်ပြုသည့်သဘောသက်ရောက်သဖြင့် ပြဋ္ဌာန်းရန်မသင့်ဟုဆို

အောင်ဘာလေထီဥပဒေကြမ်းကို ပြဋ္ဌာန်း လိုက်ပါက ကံစမ်းလောင်းကစားခြင်း ကို ခွင့်ပြုသည့်သဘောသက်ရောက် သဖြင့် ပြဋ္ဌာန်းရန်မသင့်ဟု အမျိုးသားလွှတ်တော်
ဥပဒေကြမ်း ကော်မတီက ယနေ့(နိုဝင်ဘာ ၁ရ ရက်နေ့) တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အစီရင်ခံစာ တင်သွင်းခဲ့ကြောင်းသိရသည်။

ယင်းဥပဒေကြမ်းကိုပြဋ္ဌာန်းရန် မသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း
ကော်မတီဝင်ဦးဝင်းနိုင်ရှိန်က အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ
၏ လေ့လာတွေ့ရှိ ချက်အစီရင်ခံစာကို ယင်းပထမအ ကြိမ်အမျိုးသားလွှတ်တော်
(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အစီရင်ခံစာကိုတင် သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ် သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ
ဝင် ဦးဝင်းနိုင်ရှိန်က ''အမျိုးသားလွှတ်တော်
ဥပဒေကြမ်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်
အဖြစ်အခြေခံအားဖြင့် တိုက် ဆိုင်မှုသို့မဟုတ် ကံစမ်းခြင်းဟာ လောင်းကစားခြင်း
ပဲဖြစ်တယ်။ အစိုးရအောင်ဘာလေထီသည် ကံစမ်းကစားခြင်းဖြစ်၍ လောင်းကစားခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်အကျုံးဝင်တယ်
ဟုယူဆရပါတယ်။ အစိုးရကထီဖွင့်ရာမှာ ၆၀ အချိုး ၄၀ ဖြစ် တယ်။ အချိုး ၆၀ ကို အစိုးရက မဲ ဖောက်ပေးပါတယ်၊ အချိုး ၄၀ ကို အခွန်ဟုဆိုပြီး အခွန်ငွေထဲထည့်ပါ တယ်။ ဥပဒေကြမ်းအပိုဒ်(၅)ပါ အီလက်ထရွန်းနစ်
ထီလုပ်ငန်းကို ပုဂ္ဂလိက အား အကျိုးတူ
ပူးပေါင်းဆောင်ရွက်ခွင့်ပေးခြင်းက လောင်းကစားရုံ ထောင်ခွင့်ပေးခြင်းဖြစ်တယ်။ ဒါ ကြောင့်ခွင့်ပြုရန်မသင့်ပါဘူး။ နောက်ပြီး ရာဇသတ်ကြီးဥပဒေအရ ထီရုံးထောင်ခြင်းနှင့် လောင်းကစား ဥပဒေအရ ကံစမ်းကစားခြင်း
ကို လောင်းကစားခြင်းသတ်မှတ်ပြီး ပြစ်ဒဏ်များသတ်မှတ်ထားရာ ယခု
ပြဋ္ဌာန်းချက်ကိုတင်ပြပါက ကံစမ်းကစားခြင်း
ကိုခွင့်ပြုသည့် သဘော ဖြစ်သဖြင့် တည်ဆဲရာဇသတ်ကြီးနှင့် လောင်းကစား ဥပဒေတို့ပါ ပြဋ္ဌာန်း ချက်များကို
ထိခိုက်နိုင်ဖွယ်ရာရှိတာ ကြောင့် ပြဋ္ဌာန်း ရန်မသင့်ဘူးလို့သဘောရရှိပါတယ်''ဟု ပြောသည်။

အဆိုပါအစီရင်ခံစာသည် ပြည်သူ့လွှတ်တော်
မှ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့မှ ပြင်ချက်များ ဖြင့်သဘောတူအတည်ပြုပြီး အမျိုးသား လွှတ်တော်သို့ ပေးပို့လာသည့် အစိုးရအောင်ဘာလေထီ ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်မှဥပဒေကြမ်းကော်မတီ
နှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ
ကော်မရှင်အဖွဲ့ဝင်ပညာရှင်များ၊ ဘဏ္ဍရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံထီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများစုပေါင်းညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တွေ့ရှိချက် များကို ပြုစုထားခြင်း
ဖြစ်ကြောင်း အစိုးရအောင်ဘာလေထီဥပဒေ ကို ပြဋ္ဌာန်းရန်မသင့်ကြောင်းနှင့် ပြဋ္ဌာန်း ရန်လိုအပ်မည့်ဆိုပါက ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ- ၁၀၀ ပုဒ်မခွဲ (ခ)နှင့်အညီ ပြည်ထောင်စု လွှတ်တော်၌ သာ ဆွေးနွေး
ဆုံးဖြတ်သင့်ပါကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ
တွင်ဖော် ပြထားသည်။

credit : Democracytoday


No comments: