Friday, November 20, 2015

"ပြည်သူ့အစိုးရ"

"ပြည်သူ့အစိုးရ"

USDP အစိုးရလက်ထက်မှာ ၂၀၁၂ လယ်ယာမြေဥပဒေ
ထွက်ခဲ့ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင် သိမ်းဆည်းလယ်
ယာမြေတွေ ပြန်ပေးဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ အာဏာပိုင်တချို့
ဟာ ရသလောက်ခွင်ဖန်ဖို့ ဆက်လက်ကြိုးစားဆဲပဲဖြစ်နေ
တာတွေ့ရတယ်။

မြောင်းမြဂုံနီစက်ရုံက သိမ်းဆည်းလယ်ယာမြေတွေပြန်ပေး
တဲ့အခါ လယ်မြေကိုသာပြန်ပေးပြီး ဥယျာဉ်ခြံမြေတွေကို ဒီ
ကနေ့အထိ ပြန်မပေးသေးဘဲ စက်ရုံမှူးဦးစိုးသိန်း၊ အုပ်ချုပ်
ရေးအာဏာပိုင်တွေနဲ့ မြေစာရင်းဝန်ထမ်းတွေပေါင်းပြီး က
လိန်ကကျစ်ကျနေဆဲဖြစ်တယ်။

လက်ရှိမူလပိုင်ရှင်တွေ လုပ်ကိုင်စားသောက်နေတဲ့ ဥယျာဉ်
ခြံမြေ ဧက ၅၀ ခန့်ကို မကြာခင်မှာ စက်ရုံနာမည်နဲ့ ဂျပန်
ကုမ္ပဏီတစ်ခုကို လွှဲပြောင်းရောင်းစားတော့မယ်လို့ သတင်း
ထွက်နေတယ်။

အာဏာအလွှဲအပြောင်းမလုပ်ခင်မှာ ရသလောက်ဝါးမြိုဖို့
ဥာဏ်နီဥာဏ်နက်သုံးပြီး ယုတ်မာနေကြတာဖြစ်နိုင်သလို
နောင်တက်လာမယ့် NLD အစိုးရအတွက်ဆင်ခဲ့တဲ့ ထောင် ချောက် တစ်ခုလည်းဖြစ်နိုင်ပါတယ်။

စက်ရုံမှူးနဲ့အာဏာပိုင်တွေ ဒီလိုလုပ်ရဲတာဟာ အပေါ်ကမပါ
ဘဲ လုပ်ရဲမယ်မထင်ပါ။ တချို့နယ်တွေမှာ တပ်သိမ်းမြေတွေ ပြန်မပေးနိုင်ဘူးဆိုပြီး သက်ဆိုင်ရာတပ်က တာဝန်ရှိသူတွေက တောင်သူတွေကို ခေါ်ပြောတဲ့သတင်းမျိုးတွေကလည်း မဟုတ်
တာလုပ်မယ့် လူယုတ်မာတွေကို အားတက်စေတာကိုး။

တကယ်တော့ တပ်သိမ်းမြေတွေအနေနဲ့လည်း ပြန်ပေးဖို့မဖြစ်
နိုင်ရင် ကာလပေါက်ဈေးနဲ့ တန်ရာတန်ကြေး လျော်ပေးသင့်
တယ်။ စစ်တပ်မှာ လျော်ဖို့ဘတ်ဂျက်မရှိရင်လွှတ်တော်ကို
တင်ပြပြီး ဘယ်လိုလျော်ရမယ်ဆိုတာ စီမံသင့်တယ်။

လောကမှာ ဘာတစ်ခုမှ အလကားမရပါ။ တပ်ကသိမ်းသိမ်း
အရပ်ကသိမ်းသိမ်း တန်ရာတန်ကြေး အလျော်မပေးရင် အာ
ဏာနဲ့ အဓမ္မသိမ်းတာဖြစ်လို့ ဒါဟာ တရားဝင်ဓားပြတိုက်ခြင်း
တစ်မျိုးပဲဖြစ်တယ်။ ဒီသောက်ကျင့်တွေကြောင့်လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးတာပဲဖြစ်တယ်။

မြောင်းမြတောင်သူတွေကတော့ ဆန္ဒပြဖို့စီစဉ်နေကြတယ်လို့
ကြားရပါတယ်။ ကျနော့်သဘောကတော့ အစိုးရဟောင်းလက်
ထက် ပြည်သူ့ဘဏ္ဍာခိုးပြီး မတော်မတရား ချမ်းသာထားကြတဲ့
အာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတကာစာရင်းစစ်နဲ့
စစ်ဆေးပြီး ဥပဒေနဲ့မညီတဲ့ပိုင်ဆိုင်မှုမှန်သမျှ ပြည်သူ့ဘဏ္ဍာ
အဖြစ် သိမ်းဆည်းပစ်လိုက်စေ့ချင်တယ်။

စစ်အစိုးရလက်ထက်မှာ အာဏာအလွဲသုံးစားလုပ်ပြီး ကျိကျိ
တက် ချမ်းသာသွားကြသူတွေ အမြောက်အများရှိပါတယ်။
၂၀၀၈ အခြေခံဥပဒေထဲက နောက်ကြောင်းပြန်အကျိုးသက်
ရောက်မှုမရှိစေရဆိုတာ နိုင်ငံအေးချမ်းသာယာဖို့ စိတ်စေတ
နာကောင်းနဲ့ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေကိုသာ ဆိုလိုတယ်။

အာဏာအလွဲသုံးစားလုပ်ပြီး ပြည်သူ့ဘဏ္ဍာခိုးထားတဲ့ကိစ္စမျိုး၊
တရားဝင်ဓားပြတိုက်ထားတဲ့ကိစ္စမျိုးတွေမပါဘူး။ အစိုးရသစ်
အနေနဲ့ ဒီလို ပြည်သူ့ဘဏ္ဍာခိုးထားတဲ့ကိစ္စမျိုး၊ တရားဝင်ဓား
ပြတိုက်ထားတဲ့ကိစ္စမျိုးတွေ စုံစမ်းဖေါ်ထုတ်အရေးယူသင့်ပါ
တယ်။ ဒီအထဲမှာ ကျနော်ပြောတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်
ရေးအတွက် အထူးစစ်ဆင်ရေးလိုကိစ္စမျိုးလည်းပါပါတယ်။

ဒါတွေမဆောင်ရွက်နိုင်ဘဲနဲ့တော့ ပြည်သူ့အစိုးရလို့အော်နေ
ရုံနဲ့ ပြည်သူကိုကိုယ်စားပြုနိုင်မှာ မဟုတ်ပါ။ ကျနော်ကတော့
ဒီကနေ့အချိန်အထိ ပြည်သူ့အစိုးရကိုမတွေ့သေးပါကြောင်း ။

ရဲကျော်သူရ


No comments: