Tuesday, November 24, 2015

ပြည်တွင်းကြက်သွန်နီ ဈေးမြင့်နေသဖြင့် တရုတ်မှ ကြက်သွန်နီ တရားဝင်တင်သွင်းမည်

ပြည်တွင်းကြက်သွန်နီ ဈေးမြင့်နေသဖြင့် တရုတ်မှ ကြက်သွန်နီ တရားဝင်တင်သွင်းမည်
Tuesday, November 24, 2015

ပြည်တွင်းကြက်သွန်နီ ဈေးအဆမတန် မြင့်တက်လာ၍ တရုတ်နိုင်ငံမှကြက်သွန်နီ တန် ၈၀၀ ကို တရားဝင်လမ်းကြောင်း မှတစ်ဆင့် တင်သွင်းတော့မည် ဟု မြန်မာနိုင်ငံမီးဖိုချောင်သုံး စား သောက်ကုန်အသင်းမှ သတင်း ရရှိသည်။

‘‘ကြက်သွန်နီစိုက်ဒေသတွေ က ဘုရင့်နောင်ကုန်စည်ဒိုင်ကို တစ်နေ့ကို ကြက်သွန်ကား ၂၅ စီး အနည်းဆုံးဝင်တယ်။ ကြက်သွန် ဈေးကမကျဘူး။ ပစ္စည်းမရှိတာ မဟုတ်ဘူး။ အစကတော့ကုန် သည်တွေစားရပါစေဆိုပြီး ပြည်ပ ကမသွင်းဘဲထားတာ။ စားရ သလောက် လောဘကြီးလာတယ်’’ဟုမြန်မာနိုင်ငံမီးဖိုချောင်သုံးစား သောက်ကုန်အသင်းဥက္ကဋ္ဌ ဦးခင် ဟန်ကပြောသည်။

လာမည့်တစ်ပတ်အတွင်း တရုတ်ကြက်သွန်နီများကို နယ် စပ်လမ်းကြောင်းမှ တန် ၈၀၀ ခန့် စတင်တင်သွင်းမည်ဖြစ်ပြီး ပြည် တွင်းဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဆက်လက်တင်သွင်း မည်ဟု ၎င်းကပြောသည်။

တရားဝင်လမ်းကြောင်းမှ တင်သွင်းပါက တရုတ်ကြက်သွန် နီတစ်ပိဿာလျှင် ၁,၀၀၀ ကျပ်မှ ၁,၂၀၀ ကျပ်အထိသာပေါက်ဈေး ရှိပြီး ပြည်တွင်းကြက်သွန်ဈေးနှုန်း လည်းကျဆင်းလာနိုင်ကြောင်း ဦးခင်ဟန်ကသုံးသပ်သည်။

လက်ရှိ ပြည်တွင်းကြက်သွန် နီတစ်ပိဿာလျှင် အနိမ့်ဆုံး ၂,၂၀၀ ကျပ်မှ ၂,၉၅၀ ကျပ်အထိ ပေါက်ဈေးရှိပြီး ကြက်သွန်အဝင် နည်းသည့်ရာသီဖြစ်သော်လည်း ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ် ရက်လျှင် ပျမ်းမျှအစီး ၃၀ ခန့် အဝင်ရှိကြောင်း ကြက်သွန်နီကုန်သည်များကပြောသည်။

ပြည်တွင်းကြက်သွန်နီဈေးတက်၍တရုတ်ပြည်မှ ကြက်သွန်နီ များကို မှောင်ခိုလမ်းကြောင်းမှ တင်သွင်းနေသည်မှာ တစ်လခန့် ကြာမြင့်ပြီဖြစ်ပြီး တစ်ရက်လျှင် ၁၀ ဘီးကားများ နှစ်စီးခန့် အဝင်ရှိကာ တစ်ပိဿာလျှင် ကျပ် ၂,၆၀၀ ခန့်ပေါက်ဈေးရှိကြောင်း ဘုရင့်နောင်ဈေးရှိ ကြက်သွန်နီ ပွဲရုံများမှစုံစမ်းသိရသည်။

ပြီးခဲ့သည့်နှစ်က ကြက်သွန် နီအဝင်နည်းသည့်ရာသီတွင် တစ် ရက်လျှင် ကြက်သွန်နီကား ၁၅ စီးခန့်သာအဝင်ရှိခဲ့သော်လည်း ယခုကဲ့သို့ ဈေးအဆမတန်မြင့် တက်ခြင်းမရှိခဲ့ကြောင်း ဦးခင်ဟန်ကပြောသည်။

‘‘ပြီးခဲ့တဲ့နှစ်က ကြက်သွန်နီ တစ်ပိဿာ ၆၀၀ ဈေးမှာဝယ်စား မယ့်သူလည်းမရှိဘူး။အခုဈေး တက်မှ အလုအယက်ဝယ်နေကြ တယ်။ အဝင်နည်းလို့ ဈေးတက်တယ်လို့ လည်းပြောရခက်တယ်။ ပြီးခဲ့တဲ့နှစ်ထက်တောင် အများ ကြီးပိုဝင်နေတာပဲ’’ဟု၎င်းကပြော သည်။

လက်ရှိတွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ပြည်တွင်းကြက် သွန်နီများ အဝင်ပုံမှန်ရှိပြီး ကြက် သွန်နီအသစ်အဝင်အနည်းငယ် သာ လျော့နည်းနေကြောင်း ကြက်သွန်နီပွဲရုံပိုင်ရှင်များက ပြောကြားသည်။

လာမည့် ဒီဇင်ဘာလလယ် ခန့်တွင် အသစ်ပေါ်လာမည့် ကြက်သွန်နီနှင့် တရုတ်ကြက်သွန်နီများကြောင့် ဈေးနှုန်း ကျဆင်းနိုင်ကြောင်း ကြက်သွန်နီပွဲရုံ ပိုင်ရှင်များကသုံးသပ်သည်။

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ရှိ ကြက်သွန်နီ တစ်ပိဿာ လျှင် အမြင့်ဆုံး လက်ကားဈေး ကျပ် ၃,၂၀၀ ခန့်ရှိပြီး ဆင်ခြေဖုံး ရပ်ကွက်ဈေးအချို့တွင် လက်လီဈေး တစ်ပိဿာလျှင် ၄,၀၀၀ မှ၅,၀၀၀ ကျပ်အထိ မြင့်တက်နေ ကြောင်း ရပ်ကွက်ဈေးများမှ သတင်းရရှိသည်။

‘‘ကြက်သွန်နီဈေးတွေ အ ရမ်းတက်နေတော့ အရင်ကဆီ ချက်ထဲထည့်တဲ့ ကြက်သွန်ကြော် ဆို ငါးထောင်ဈေးပဲရှိတာ။ အခု တစ်သောင်းဈေးဖြစ်သွားပြီ’’ဟု လှိုင်မြို့နယ် မယ်စီကုန်းလမ်းအ တွင်း လက်သုပ်စုံရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်အတွင်းက ကြက်သွန် နီတစ်ပိဿာလျှင် လက်ကားဈေး ကျပ် ၁,၁၀၀ မှ ကျပ် ၁,၉၀၀ အထိသာရှိခဲ့သော်လည်း နိုဝင်ဘာအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အနိမ့်ဆုံး ၂,၄၅၀ ကျပ်မှ အမြင့်ဆုံး ၃,၁၅၀ ကျပ်အထိ မြင့်တက်ခဲ့ ကြောင်း ဘုရင့်နောင်ပွဲရုံ ငုဝါလမ်းအတွင်းရှိ မြမိုးစံပွဲရုံပိုင်ရှင်က ပြောကြားသည်။

‘‘ဒီနှစ်က ပစ္စည်းအရမ်းရှား သွားလို့ ဈေးက ထိုးတက်သွား တာ။ အခု လက်ငုပ်ဈေးနဲ့ ရောင်း နေတာ နှစ်ရက်ရှိပြီ’’ဟု ဘုရင့် နောင်ပွဲရုံဝင်း ရေတမာလမ်းအ တွင်းရှိ ကြက်သွန်ပွဲစားတစ်ဦးက ဆိုသည်။

လှိုင်မြို့နယ် (၇)ရပ်ကွက်အတွင်း မုန့်ဟင်းခါးရောင်းချသူ ဒေါ်ငွေတိုးက ‘‘အရင်ကဆို ကြက်သွန်တစ်အိတ်ကို တစ်လလောက်သုံးတယ်။ အခုဆို တစ်လခွဲလောက် ရအောင်သုံးတယ်။ မုန့်ဟင်းခါးထဲမှာလည်း ကြက်သွန်ကိုလျှော့ထည့်ပြီး ငှက်ပျောအူကို ပိုထည့်သုံးရတယ်။ ပွဲရုံဈေးက ၃,၀၀၀ ကျော်လို့သာ ပြောပေမယ့် တကယ်ဝင်ရင် တစ်ပိဿာ ၃,၅၀၀ လောက်ဝယ်ရတယ်။ ရပ်ကွက်ထဲက တချို့ဆိုင်တွေမှာ တစ်ပိဿာကို ၄,၅၀၀၊ ၅,၀၀၀ အထိ ရောင်းတယ်’’ဟု ပြောသည်။

7Day Daily


ပြည်တွင်းကြက်သွန်နီ ဈေးမြင့်နေသဖြင့် တရုတ်မှ ကြက်သွန်နီ တရားဝင်တင်သွင်းမည်


No comments: