Sunday, November 22, 2015

မြန်မာ့စီးပွားရေးအားကောင်းနေခြင်းကြောင့် ငွေကြေးဖောင်းပွနေဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌဆို

မြန်မာ့စီးပွားရေးအားကောင်းနေခြင်းကြောင့် ငွေကြေးဖောင်းပွနေဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌဆို
Saturday, November 21, 2015

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းနေ ခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်  ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆက် အောင်က နိုဝင်ဘာ ၂၀ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် များတွေ့ဆုံပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုး တက်မှုနှုန်းသည် တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းကျော်ရှိနေသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအ ဖွဲ့(IMF) က ဗဟိုဘဏ်သို့ အစီ ရင်ခံတင်ပြထားပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ငွေကြေး ဖောင်းပွမှုသည် ၁၁ ဒသမ ၃ ရာ ခိုင်နှုန်းအထိ မြင့်တက်လာ ကြောင်း ကမ္ဘာ့ဘဏ်၏ စောင့် ကြည့်အစီရင်ခံစာက ဆိုသည်။

ကမ္ဘာ့ဘဏ်၏ ဧပြီလ စီးပွား ရေးစောင့်ကြည့်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက် မှုနှုန်းသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ခန့်ရှိသည်ဟု ခန့်မှန်းထားသော် လည်း ရွေးကောက်ပွဲနှင့် ရေကြီး ရေလျှံမှုများကြောင့် အောက်တို ဘာလထုတ်ပြန်သော စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ၂ ရာခိုင်နှုန်းလျော့ကျသွားသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ နိုင်ငံများ၊ ဂျပန်စသည့် ဖွံ့ဖြိုးမှု အားကောင်းသည့် နိုင်ငံများတွင် ၂၀၀၈ စီးပွားရေးအကျပ်အတည်း ကြောင့် ယနေ့အထိ စီးပွားရေးဖွံ့ ဖြိုးမှုကျဆင်းနေပြီး စီးပွားရေးကျ ဆင်းမှုနှင့်အတူ ငွေကြေးဖောင်းပွ မှုမရှိကြောင်း ဦးဆက်အောင်က ဆိုသည်။

‘‘ဒီနိုင်ငံမှာက စီးပွားရေးက အရမ်းတိုးတက်နေတယ်။ ဒါ ကြောင့် ငွေကြေးဖောင်းပွမှုက လည်း မြင့်လာတာပါ။ ငွေကြေး ဖောင်းပွမှုကျအောင်လုပ်ဖို့က ဆေးခါးကြီးသောက်ရသလိုပဲ။ ဘယ်သူမှကြိုက်မှာ မဟုတ်ဘူး’’ ဟု ဒေါက်တာဆက်အောင်က ပြောသည်။

လူအများမနှစ်သက်သော် လည်း ငွေကြေးဖောင်းပွမှုကို လျှော့ချရန် ဗဟိုဘဏ်နှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနတို့     ပူးပေါင်း ဆောင်ရွက်နေရကြောင်း မြန်မာ နိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောသည်။

      ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်များတိုးမြှင့်ကောက်ခံခြင်း၊ အစိုးရအသုံးစရိတ်လျှော့ချခြင်း၊ ငွေတိုက်စာချုပ်များ ထုတ်ရောင်း ခြင်းစသည့် ဆောင်ရွက်မှုများဖြင့် ငွေကြေးဖောင်းပွမှုများကို လျှော့ ချရမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

အခွန်တိုးမြှင့်ကောက်ခံမှုကို လူအများနှစ်သက်မှု မရှိခြင်း၊ ပြု ပြင်ပြောင်းလဲရေး ဆောင်ရွက်နေ သော အစိုးရဖြစ်သောကြောင့် အ သုံးစရိတ်များ မလျှော့ချနိုင်ခြင်း၊ ငွေတိုက်စာချုပ်များမှာလည်း လူ များ စိတ်ဝင်စားမှုနည်းပါးနေခြင်း တို့ကြောင့် အခက်အခဲဖြစ်နေရ ကြောင်း ၎င်းက ပြောသည်။

ဗဟိုဘဏ်အနေဖြင့်    ငွေ ကြေးဖောင်းပွမှုနှုန်း လျှော့ချရန် ဘဏ်များက ငွေချေးမှုများကိုကန့် သတ်ခြင်း၊ ဈေးကွက်အတွင်းသို့ ငွေပြန်သွင်းခြင်းများ ဆောင်ရွက် ရမည်ဟု ဦးဆက်အောင်က ရှင်း ပြသည်။

ဒေါက်တာဆက်အောင်-ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ
7Day Daily


No comments: