Friday, November 27, 2015

တိုင်းပြည်အကျိုးအတွက် ကူညီဆောင်ရွက်မည်ဟု ဦးသန်းရွှေ၏မြေးပြော

တိုင်းပြည်အကျိုးအတွက် ကူညီဆောင်ရွက်မည်ဟု ဦးသန်းရွှေ၏မြေးပြော
Friday, November 27, 2015

ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခဲ့ပြီး တိုင်းပြည်အကျိုး အတွက် ကျရာကဏ္ဍမှ ကူညီ ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူး ကြီး(ငြိမ်း) ဦးသန်းရွှေ၏ မြေး နေရွှေသွေးအောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ် ဆင့် ပြောကြားခဲ့သည်။

နေရွှေသွေးအောင်နှင့် တွေ့ ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်သောအာရှ အသံ(RFA) သတင်းဌာနအားအတည်ပြု ပြောကြားပြီးနောက် နေရွှေသွေးအောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

‘‘ကျွန်တော်ထပ်ပြီး ဝေ့လည် ကြောင်ပတ် မလုပ်ချင်တော့ပါ ဘူး။ အန်တီကျွန်တော့်ကို တွေ့ တုန်းကနွေးထွေးရင်းနှီးစွာ ဆက် ဆံခဲ့တဲ့အပေါ်လည်း အများကြီး ၀မ်းသာမိပါတယ်။ တိုင်းပြည်အကျိုးအတွက် ကျရာကဏ္ဍကနေ ကူညီဆောင်ရွက်ပါ့မယ်။ ပြည်သူများလည်း ဒီသတင်းကြောင့် ၀မ်းသာလိမ့်မယ်လို့မျှော်လင့်မိပါတယ်’’ ဟု နေရွှေသွေးအောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင်ရေးသားထားသည်။

ယခု တွေ့ဆုံမှုအပေါ် အ ကောင်း၊ အဆိုး ထင်မြင်ချက်မျိုး စုံပေးနေပြီး အပြောင်းအလဲချော မွေ့စေရေးအတွက် ယခုကဲ့သို့ တွေ့ဆုံမှုမျိုးလည်း လိုအပ်နိုင် ကြောင်း သုံးသပ်မှုများလည်း ရှိ သည်။

‘‘ဒီလို နိုင်ငံရေးမှာ တစ်ချိန် တုန်းက တစ်သီးတခြားရှိတဲ့သူက ဒီချုပ်အာဏာလွှဲပြောင်းရင် တိုင်းပြည်တာဝန်ကို ကျရာကနေ ထမ်းဆောင်မယ်လို့ ပြောတာကောင်းပါတယ်။ နိုင်ငံရေးအတွက်လည်း ကောင်းသွားတာပေါ့’’ ဟု နိုင်ငံရေး သုံးသပ်ဆောင်းပါးများရေး သားသူ ဦးစည်သူအောင်မြင့်က သုံးသပ်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့ပြီး သမ္မတနှင့် တပ်ချုပ်တို့က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များပြီးမြောက်ချိန်တွင် တွေ့ဆုံပါမည့်အကြောင်းပြန်ကြားမှုရပြီးချိန်၌ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၏ မြေးဖြစ်သူနှင့် ယခုလိုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ ရက်ညက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

‘‘သမိုင်းတွင်မယ့် ညတစ်ည’’ ဟု နေရွှေသွေးအောင်က ယင်းနေ့ ည ၇ နာရီခန့်၌ ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့ ပြီး ထိုအဓိပ္ပာယ်မှာ ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံခြင်း ဖြစ်ပါသလားဟု 7Day က ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မေး မြန်းခဲ့ရာ ‘‘လုံးဝမဟုတ်ပါဘူး ခင်ဗျာ’’ဟု နေရွှေသွေးအောင်က ပြောကြားခဲ့သည်။

7Day က ‘‘ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုလား’’ ဟု မေးမြန်း သည်ကို မိမိက မဟုတ်ဟု ပြတ် ပြတ်သားသားငြင်းဆိုခဲ့ကြောင်း၊ သတင်းအမျိုးမျိုး ထွက်ခြင်းကို အားလုံးခြုံပြီး ‘ကောလာဟလ’ ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း၊ မိမိကို လာမေးသမျှ လူများကိုလည်း ဖေ့စ်ဘွတ်ခ်မှာပင်ဖြေရှင်းပါ့မယ်ဟုသာပြောခဲ့ပြီး ဘယ်တုန်းကမှ အန်တီနှင့် မတွေ့ဘူးဟု ယတိ ပြတ် ငြင်းဆိုခြင်း မရှိခဲ့ကြောင်း နေရွှေသွေးအောင်က ပြောထား သည်။

7Day Daily



No comments: