Friday, November 20, 2015

ဒေါ်အောင်ဆန်းစုကြည် ကို ဖိုးလပြည့် လာရောက် တွေ့ဆုံ ------------------------------------

ဒေါ်အောင်ဆန်းစုကြည် ကို ဖိုးလပြည့် လာရောက် တွေ့ဆုံ
---------------------------------------------------------------------------
နေပြည်တော် ၊ နိုဝင်ဘာ ၁၉

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာ ၁၉ ရက်ည နေ ပိုင်းက တပ်မတော် အကြီးအကဲဟောင်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် က နေအိမ်သို့ လာရောက် ၍ သီးသန့်တွေ့ဆုံခဲ့ကြောင်း နေပြည်တော် အခြေစိုက် The Voice သတင်းထောက် က သတင်းပေးပို့သည်။

“ဖိုးလပြည့် ကတွေ့ခွင့် တောင်းတယ်၊ သူအဖိုးက စကားပါးလိုက်တယ်လို့ သိရတယ်" ဟု ၎င်း က ဆက်လက် သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက နိုင်ငံပေါင်း ၄၂ နိုင်ငံမှ သံတမန်များနှင့်တွေ့ဆုံပြီးနောက် ဖိုးလပြည့် ၏ ခွင့် တောင်းခံမှုအရ နှင်းဆီစံအိမ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမှုတွင် အချိန်မည်မျကြာသည်ကို ပြောကြားမရနိုင်သော်လည်း တွေ့ဆုံခဲ့သည်မှာသေချာကြောင်း NLD ပါတီ အတွင်းပိုင်းနီးစပ်သူတစ်ဦးက ပြောဆိုထားသည် ။

နေရွှေသွေးအောင် က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် “ဒီနေ့ည... သမိုင်းတွင်မယ့်ညတစ်ည “ဟု ရေးသားဖော်ပြခဲ့သည်။


No comments: