Tuesday, October 27, 2015

“သံဃာတော်များ နဲ့ NLD”

“သံဃာတော်များ နဲ့ NLD”
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

သံဃာတော်များနဲ့ NLD ပါတီဟာ စစ်အာဏာရှင်တော်လှန်ေ ရးကာလတစ်လျှောက်ကနေ ၂၀၁၂ ဒီမိုကရေစီ ခေတ်ဦးကာလအထိ ယုံကြည်ချက်၊ခံယူချက်တူညီစွာနဲ့ လက်တွဲခဲ့ကြပါတယ်။ သံဃာတော် အရှင်မြတ်တို့ရဲ့ အဆုံးအမသြ၀ါဒကို နာယူလိုက်နာ ဦးထိပ်ပန်ဆင်ခဲ့ လို့ NLD ရဲ့ အောင်မြင်မှုအလင်းတန်ဟာ အံ့မခန်းလင်း လက်ခဲ့ပါတယ်။

ဒါပေမဲ့ သံဃာတော်များနဲ့ NLD ပါတီတို့ရဲ့ ရွှေရောင်လွှမ်းတဲ့ ကာလဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ မှေးမှိန်လာခဲ့ရတာကို စိတ်မကောင်း ဖွယ် တွေ့လာရပါတယ်။ စစ်အာဏာရှင်  ကာလတစ်လျှောက် စစ်အာဏာရှ င်တွေက သံဃာတော်မျာနဲ့ NLD ကို နည်းအမျိုးမျိုးနဲ့ သွေးခွဲကြတာတော င် သေနပ်ဝရဲ့ ခက်ခဲတဲ့ကာလမှာ မကွဲမပြား တသားထဲရှိခဲ့ကြပါတယ်။

၂၁၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD တောင်ပြိုကမ်းပြို အနိုင်ရပြီး တဲ့နောက်ပိုင်းမှာ အမျိုးသားရေး၊ သာသနာရေး၊ဘာသာရေးနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ သဘောထားရပ်တည်ချက်၊ ပြောဆိုဆောင်ရွက်ချက်တွေေ ကြာင့် သံဃာတော်များဟာ NLD ပါတီအပေါ် သတိထားစောင့်ကြည့်ခဲ့ကြပြီး အချိန်မီပြင်ဆင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း NLD  ပါတီဟာ သံဃာတော်များနဲ့ အဆင်ပြေအောင် ဆရာ၊ဒကာလက်တွဲညီစွာနဲ့ အရင်က လို ဆောင်ရွက်ရမဲ့အစား သံဃာတော်တွေမပါလဲ ဘာမှမဖြစ်ဘူး ဆိုတဲ့ အချိုးမျိုးချိုးလာပါတယ်။

စစ်အာဏာရှင်တိုက်ပွဲကာ လတလျှောက် အတူလက်တွဲလာတဲ့မျက်နှာတော င်မ ထောက်ထားနိုင် တော့ဘဲ “သံဃာတွေ ကိုယ့်အလုပ် ကိုယ်မလုပ် ဘူ၊ နိုင်ငံရေးမှာ ၀င်ရှုပ်တယ်” လို့ပြောတဲ့အထိဖြစ်လာပါတယ်။ ယခင်က သံဃာထုရဲ့ ၉၀% နှုန်း အားပေးချီးမြောက်မှုကိုရခဲ့တဲ့ NLD ပါတီဟာ အခုအခါမှာ ၁၀%နှုန်းလောက်သာ ရှိပါတော့တယ်။ ဒါကို ပါတီတာဝန် ရှိသူတွေအနေနဲ့ အမြန်အဖြေရှာသင့်ပါတယ်။

  သံဃာတော်များနဲ့ NLD ပါတီအခြား အကွဲအပြဲဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ NLD ပါတီရဲ့ အမျိုးသားရေး၊ဘာသာ၊သာ သရေး ပေါ်လစီ တခုတည်းကြောင့်တော့မဟုတ်ပါဘူး။ အဓီကကတော့ NLDပါတီရဲ့ ခေါင်းဆောင်အတော်များများရဲ့ သာသနာနဲ့၊သံဃာတော်များ အ ပ်ါစော်ကား စော်ကားတဲ့ပြောဆိုမှုများ နဲ့  ပုံနှိပ်မီဒီယာမှာ ရေးသားမှု၊ အင်တာဗျူးဖြေကြားမှုနဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ NLD ပါတီဝင်များရဲ့ သံဃာတော်များအပေါ် ရိုင်းစိုင်းစွာပြောဆို ရေးသာမှုများ၊ သံဃာတော်များကို အများပြည်သူ ဒကာ၊ဒကာမက ကအကြည်ညိုပျက်စေရန် မဟုတ်မမှန်လုပ်ကြံ၍ အကောက်ကြံကာ သတင်းအတုများတင်ခြင်း များကြောင့်ဖြစ်ပါတယ်။

  သံဃာတော်များဟာ NLD ပါတီအပေါ် သံယောဇဉ်ကြီးလွန်းသလို တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာသာသနာအတွက်လည်း အများကြီးမျှော်လင့် အားကိုးခဲ့ကြပါတယ်။ ဒါ့ကြောင့် အတော်အတန်ခွင့်လွှတ်လို့ရတဲ့ လုပ်ရပ်မျိုး ဆိုရင် ဥပေက္ခာပြုနေခဲ့ကြပါတယ်။ NLD ကိုမလိုလား သူတစုက ဒကာမ ကြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြာသားယူထာတဲ့ အမျိုးဖျက်ဖြစ်တယ် လို့ ပြောကြာတိုက်ခိုက်နေတာမျိုးကိုလုံးဝ လက်မခံဘဲ၊ ဒကာမကြီးဘက်က ရပ်တည်ပေးခဲ့ ခွင့်လွှတ်နားလည်ပေးခဲ့ပါတယ်။

အခြားနိုင်ငံများနည်းတူ ဧည့်သည်မူဆလင်များနဲ့ ဒေသခံမြန်မာတိုင်းရ င်းသားတို့အကြား ပဋိပက္ခဖြစ်သည့်အခါတိုင်း ဒကာမကြီးအနေနဲ့ မသိလိုင် မသိဖာသာနေခြင်းကို သူကတကမ္ဘာလုံးရဲ့ ငြိမ်းချမ်းရေးပြယုဂ်ဖြစ် သူတယောက်အနေနဲ့ ဘယ်ဘက်မှုမပါတာ ဖြစ်သင့်တဲ့ကိစ္စပါ ဆိုတဲ့အတွေးနဲ့ ဖြေသိမ့်နားလည်းပေးခဲ့ကြပါတယ်။

ဒီလိုပဋိပက္ခဖြစ်တဲ့အခါတွေမှာ တခါတရံ ရန်စသူ ဧည့်သည်ဆိုးတို့ဘက်က ကာကွယ်ပြောကြားပြီး အမိပြည်သူတွေကို ကမ္ဘာအလည်မှာ ဆိုးသွမ်းသူများ ရန်လိုသူများ အကြမ်းဖက်သူများလို့ထင်လာအောင် ဘက်လိုက်ပြောကြား မှုများကိုသာ အားမလို အားအမရဖြစ်ခဲ့ကြတာပါ။သံဃာတော်များဟာ NLD ပါတီအပေါ် သဘောထားကြီးသင့်တာထက်ပိုပြီး သဘောထားကြီး ခဲ့ကြပါတယ်။

အစပိုင်းကတော့ အင်တာနက်ပေါ်မှာ သံဃာတောတွေကို အပုတ်ချစော် ကားနေကြသူတွေဟ အရင်က လုပ်နေကျပုံစံအတိုင်း NLD ပါတီရဲ့ ဆန့်ကျင်ဘက်ပါတီက NLD အယောင်ဆောင်ပြီး သံဃာတော်များနဲ့ NLD ကို သွေးကွဲအောင်လုပ်နေကြတာလို့ အထင်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာ အင်တာနက်စာမျက်နှာပေါ်တွေမှာ သံဃာေ တ်ာတွေကို ပုတ်ခတ်နေကြတာတွေဟာ အစကထင်ထားသလို ဆန့်ကင်ဘက်ပါတီဘက်က မဟုတ်ဘဲ NLD ပါတီကဖြစ်နေတာကို ၀မ်းနည်းဖွယ်ရာသိလာရပါတယ်။

သံဃာတော်များအပေါ် မဟုတ်မမှန် လုပ်ကြံထားတဲ့ သတင်း တုတွေဟာအင်တာနက် စာမျက်နှာမှာဆိုရင် နေ့စဉ်ရက်ဆက်၊တနေ့တ မျိုးမရိုးရပါဘူး။ တင်သမျှသတင်းတွေအားလုံးဟာလည်း သံဃာတော်တွေကို အကြည်ညိုပျက်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ တင်ထားတာဖြစ်ပါတယ်။

“ အမျိုးသမီးတွေကို အပျိုစင် စစ်၊မစစ် မဘသ က စစ်တမ်းကောက်မည်” “KTV,တည်းခိုးခန်းများကို မဘသ ၀င်စစ်မည်”  စတဲ့ သတင်းအတုတွေကို ဖိုတိုရှော့ပညာသုံးပြီး မဟုတ်မမှန် ၀ါဒဖြန့်ကြပါတယ်။

ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ ဆွမ်းဆန်းစိမ်းလောင်းတုန်းက ဓါတ်ပုံကို အသုံးပြုပြီး “မဘသ သံဃာတော်တွေ ပန်းခြံထဲ အတွဲလိုက်ဖမ်းနေတယ်” ။ လွန်ခဲ့တဲ့ ၅-နှစ်လောက်ကတည်းက အင်တာနက်မှာ ပြန့်နှံ့နေတဲ့ ပုံဖြစ်တဲ့ ပိုက်ဆံလိုက်တောင်းနေတဲ့အတုတွေအင်္ကျီလဲနေတဲ့ပုံကို ပြန်လည်အသုံးပြီးပြီးတော့ “ အမျိုးစောင့်ဥပဒေ အောင်ပွဲကို စစ်တပ်က သင်္ကန်းပတ်ပြီးတက်ေ ရာ က်တယ်၊ မဘသ တွေက သံဃာတုတွေ” စသည်ဖြင့်  အင်မတန်ေ ကာက်ကျစ် မိုက်ရိုင်းစွာ သံဃာဂုဏ်ကို ညှိုးမှိန်းအောင်လုပ်ကြပါတယ်။

ထိုင်းကပုံတွေကိုလည်း မဘသသံဃာတွေဆိုပြီး လုပ်ကြံပြီးတင်ကြသလို မကောင်း တာမှန်သမျှကိုလည်း မဘသ သံဃာတော်တွေဆိုပြီးတင် ကြပါတယ်။ “မဘသ ကဘယ်ပါတီကို မဲပေးရမယ်ဆိုတာ တအိမ်တ ဆင်းလိုက်လံ ဆင်းပြမည်” လို့လဲ သတင်းတုလုပ်ကြပါသေးတယ်။

ဒီသတင်းတု နဲ့ ပတ်သက်ပြီး မဘသ(ဗဟို) ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ငါးကျမ်းပြန်ဆရာတော် ဒေါက်တာအရှင်ဓမ္မပီယ က “ နိုင်ငံတော်ကတောင် ခုချိန်ထိ မဲစာရင်မှန်အောင်တောင် မလုပ်နိုင်တာ ဦးဇင်းတို့ မဘသက တအိမ်တက်ဆင်း မဲပေးဖို့စည်းရုံမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဒီလိုသတင်းေ တွကို ယုံကြည်နေတဲ့ အသိဉာဏ်ကိုက အံ့သြစရာကောင်းတယ်” လို့ဖြေကြားတာဟာလည်း မှတ်သားဖို့ကောင်းပါတယ်။

မဘသ “အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့” ဟာ ဗဟို၊တိုင်း၊ပြည်နယ်၊မြို့နယ် ဦးဆောင်ဆရာတော်ကြီးတွေကလွဲပြီး စာရင်းနဲ့ တကူးတက သီးသန့် အဖွဲ့ဝင်နေစရာမလိုပါဘူး။  အမျိုးဘာသာ၊သာသနာကို ချစ်မြတ်နိုးတဲ့ ပရိယတ္တိ၊ပဋိပတ္တိဝန်ဆောင် သံဃာတော်တိုင်းဟာ မဘသသံ ဃာတော်တွေချည်းပါပဲ။ မဘသ သံဃာတော်တွေဟာ တရားဟော၊တရားပြ၊ ပရိယတ္တိ၊ပဋိပတ္တိ သာသနာ့လုပ်ငန်းတွေကို အဓိကထားလုပ်ဆောင် သာသနာပြုနေပါတယ်။ ဘယ်ပါတီ၊ဘယ်အဖွဲ့နဲ့မှ ပတ်သက်ဆက်နွှယ်ခြင်း အလျှင်းမရှိပါဘူး။ မယုံကြည်ဘူးဆိုရင် ကိုယ်တိုင်လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။

NLD ပါတီဝင်များနဲ့ ထောက်ခံသူတွေရဲ့ သာသနာနဲ့ သံဃာတော်အ များ စော်ကားနေမှုကို NLD ခေါင်းဆောင်တွေက ထိန်းကြောင်းတားမြစ်မယ် လို့သံဃာတော်တွေ မျှောင်လင့်ကြပေမဲ့လည်း ထင်သလိုဖြစ်မလာပါဘူး။

ပါတီခေါင်းဆောင်တွေဖြစ်တဲ့၊ ထင်လင်းဦး၊တော်ဝင်နှင်းဆီဦးစိုးညွန့် ၊ဦးဝင်းထိန်၊ နာယကကြီးဦးတင်ဦးနဲ့ နောက်ဆုံး ဒကာမကြီးေ ဒ်ါအောင်ဆန်းစုကြည် တို့ကိုယ်တိုင်ပါ သံဃာတော်များနဲ့ သာသနာကို ပုတ်ခတ်ပြောဆိုလာကြပါတယ်။

အစကတည်းက အောက်ပိုင်းက စော်ကားနဲ့တဲ့အထဲ ပါတီခေါင်းခေါင်တွေက ပါ မတားမြစ်ဘဲ မီးလောင်ရာ လေပင့်ပြောစရာတွေကြောင့် အင်တာနက် စာမျက်နှာမှာ သံဃာတော်တွေကိုစော်ကားမှု၊ သတင်းတုနဲ့လုပ်ကြံမှုတွေဟာ ဆိုးသထက်ဆိုးလာပါတယ်၊ အင်တာနက်မှာသာမကတော့ဘဲ  အပြင်လော ကအထိ စော်ကားပုတ်ခတ်လာတာကို ၀မ်းနည်းဖွယ်တွေ့မြင်ရပါတယ်။ သာသနာနဲ့ သံဃာတော်ကို စော်ကားမှုကြောင့် NLD ပါတီဟာ “ကွန်မြူနစ်”ပါတီလို့ အများကပြောလာတဲ့အထိဖြစ်လာပါတယ်။

NLD ပါတီဟာ မဘသ အမည်တပ်ပြီး သံဃာတော်တွေကို မဟုတ်မမှန် သတင်းအတုတွေနဲ့ စော်ကားနေတာဟာ ရည်ရွယ် ၂-ခုရှိပါတယ်။ ပထမ အချက်က NLD ပါတီအနေနဲ့ အမျိုးသားရေး၊ဘာသာရေးမှာ အားနည်း ချက်ရှိတာကို ကာကွယ်ချင်တာပါ၊

ဒုတိယအချက်က NLD ပါတီရဲ့ အဓိကပြိုင်ဘက် “ကြံခိုင်ရေး ပါတီ” ကို အလဲထိုးချင်တာပါ။ ဒါ့ကြောင့် တချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ မဘသဟာ ကြံခိုင်ရေး လက်ကိုင်ဒုတ် လို့အများက အထင်လွဲအောင် ရည်ရွယ်ပြီး သတင်းအတုတွေနဲ့လုပ်ကြံစော်ကားတာပါ။

မဘသ သံဃာ့အဖွဲ့ကြီးဟာ ကြံခိုင်ရေးပါတီနဲ့ လုံးဝ(လုံးဝ) မပတ်သက်တဲ့ အကြောင်းကို  ဥက္ကဋ္ဌဆရာတော်ကြီးနဲ့ အကြိမ်ကြိမ်အခါခါ မိန့်ကြား ပြီးဖြစ်ပါတယ်။ကြိုက်တဲ့အချိန် လာရောက်လေ့ လာဖို့ကိုလည်း အမြဲတမ်း အချိန်မရွေး တံခါးဖွင့်ထားပါတယ်။

NLD ပါတီနဲ့ ဆန့်ကျင်ဘက်ပါတီတွေ က မဘသ အမည်သုံးပြီး ပန်းဖ လက်တွေဝေပြီး အောက်တန်းကျစွာ မဲဆွယ်တာတွေရှိ တယ်ဆိုတာသိရလို့ မဘသ သံဃာ့အဖွဲ့ကြီးက လူသိထင်ရှား ကြေညာချတ်ပြန်ခဲ့ပါတယ်။

အမျိုးစောင့် ဥပဒေအောင်ပွဲ မဘသရဲ့ သဘောထားထုတ်ပြန်ကြေညာချက်ထဲ မှာ “မဘသ လိုဂို ကို အသုံးပြုပြီး နိုင်ငံရေးအရ လှုံ့ဆော်မှုများကို ရပ်တန်း ကရပ်ကြရန် အပြင်းအထန် သတိပေးလိုက်သည်” လို့ပြတ်ပြတ်သား သား ဖော်ပြထားပါတယ်။

NLD ပါတီဘက်ကလဲ ပါတီလိုဂို ဒေါ်အောင်ဆန်းစု ပုံတွေကို အသုံးပြုပြီး သံဃာတော်နဲ့ သာသနာတော်ကို စော်ကားနေမှုများကို ရပ်တန့်ပေး ရန် ကြေညာချက်ထုတ်ပေးဖို့ ဆရာတော်ကြီးတွေက မေတ္တာရပ်ခံထားတာ ကာလကြာမြင့်ပြီဖြစ်သော်လည်း အခုထိတိုင် ကြေညာ ချက်မထုတ်ပြ န်နိုင်သည်မှာ သံဃာ့ကိုတိုက်ခိုက်ရေးမူသည်ပင် ပါတီရဲ့ပေါ်လစီပေလားလို့ စဉ်းစားစရာဖြစ်စေပါတယ်။

NLD ပါတီရဲ့ သင်္ခန်စာ မေးခွန်းလွှာမှာ “မိမိတို့ ရပ်ကွက်မှာရှိတဲ့ မဘသ လှုပ်ရှားမှုတွေကို မေးထားတာတွေ့တော့  NLD ရဲ့ သာသနာရေးနဲ့ ပတ်သက်တဲ့ သဘောထားကို သံသယ၀င်မိစေပါတယ်။

အမှားကြာ အမှန်ဖြစ်ဆိုတဲ့ စကားအတိုင်းပဲ သတင်းအတုတွေမြင်ဖန်များ ကြားဖန်များ လာတဲ့အခါမှာ အများပြည်သူ ဒကာ၊ဒကာမများအနေ နဲ့ ဖြစ်နိုင်တယ်၊မဖြစ်နိုင်ဘူး သေခြာမဆ န်းစစ်တော့ဘဲ သူများယော င်လို့လိုက်ယောင်ပြီး သံဃာတော်တွေအပေါ် အမြင်စောင်လာတာကို သနားစဖွယ်တွေ့ရပါတယ်။

ဒါဟာ သတင်းတုတွေ ၀ါဒဖြန့်တာတွေရဲ့ အစွမ်းပါပဲ။ သာသနာဖျက်တ ယ်ဆိုတာက ဘုရား၊ကျောင်းစတာတွေကို ဖျက်မှ သာသနာဖျက် လို့ခေါ်တာမဟုတ်ပါဘူး။

ရတနာမြတ်သုံးပါးအပေါ်ယုံကြည်မှုပျက်ပြားအောင် လုပ်တာကမှ တကယ်သာသနာဖျက် တာဖြစ်ပါတယ်။ အဆောက်အဦးတွေ ဘယ်လော က်ဖျက်ဖျက် ရင်ထဲက သဒ္ဓါတရားမပျက်သေးရင် သာသနာမပျက်၊ သာသနာမကွယ်သေးပါဘူး။ သဒ္ဓါတရားပျက်တဲ့နေဟာ သာသနာ ပျက်တဲ့နေ့၊ သာသနာကွယ်တဲ့နေပါပဲ။ ဒါ့ကြောင့် အာဏာအတွက်နဲ့ သာသနာဖျက်သူတွေမဖြစ်အောင် သတိထားဖို့လိုပါတယ်။

သံဃာတော်တွေရဲ့ဂုဏ်သတင်း ပျက်စီးအောင် လုပ်တာဟာ အလွန် အပြစ်ကြီးပါတယ်။ ဒါ့ကြောင့် ဘုရားရှင်က “သံဃဿ အ၀ဏ္ဏံ ဘာသတိ” သတိပေးဟောကြားထားတာဖြစ်ပါတယ်။ သံဃာ့ဂုဏ်သတင်းကျအောင်၊ ကြည်ညိုမှုဖျက်ယွင်းအောင် လုပ်တာဟာ ပတ္တနိက္ကုဇ္ဇကံ ခေါ် သပိတ်မှော က်လောက်တဲ့အထိ အပြစ်ကြီးလေးတဲ့ကံဖြစ်ပါတယ် ။မြန်မာပြည် မှာ နိုင်ငံရေးပါတီပေါင်း (၉၀) ကျော်ရှိတဲ့အထဲက NLD ပါတီတခုထဲကပဲ မဘသ ကိုအကြောင်းမဲ့ လေ့လာခြင်းမရှိဘဲ တိုက်ခိုက်စော်ကားနေ တာကလည်း နားလည်ဖို့ ခက်ပါတယ်။

အင်တာနက်စာမျက်နှာတွေမှာ သတင်းတု သတင်းမှားတွေလုပ်ပြီး သံဃာတော်တွေကို စော်ကားနေကြတာဟာ NLD ပါတီဝင်တွေ နဲ့ ထောက်ခံသူတွေချည်းဖြစ်ပါတယ်။ စာရေးသူနဲ့ ရင်းနှီးတဲ့ NLD ခေါ င်းဆောင်တယောက်က သံဃာတော်တွေနဲ့ ပတ်သက်တဲ့ သတင်းအ မှားတွေကို နေ့စဉ်လိုလိုတင်နေပါတယ်။

ဒါ့ကြောင့် စာရေးသူက မသိလို့အမှားကို အမှန်ထင်ပြီးတင်နေတ ယ်လို့ထင်ပြီး “ဒကာကြီးတင်ထားတဲ့ သတင်းဟာ မမှန်ပါဘူး၊လုပ်ကြံ ထားခြင်းသာဖြစ်ကြောင်း၊ ဒီသတင်းအမှားကို ပြည်သူတွေက အဟုတ်ထင်ရင် ပြည်သူတွေ အကုသိုလ်တွေရ နိုင်တာမို့ ဖြုတ်ပစ်ဖို့ ပြောဖူး ပါတယ်”

ဒီတော့  သတင်းမှားမှန်းသိတယ် တပည့်တော်ကိုယ်တိုင် တမင်ကိုတင်ထား တာ၊ဒါမှ ပြည်သူတွေက အကြည်ညိုပျက်ပြီး ပြောစရာနားမထောင်မှာ” လို့ ပြောပါတယ်။ အတော်လေးဝမ်းနည်းဖို့ကောင်းပါတယ်။

မုန်းလွန်းတဲ့အရာတွေဟာ မသိမသာ မိမိကိုပြန်ပြီး လွှမ်းမိုးသွားတ တ်ပါတယ်။ အဲဒီမုန်းပါတဲ့ဆိုတဲ့သူရဲ့ အမူအကျင့်အတိုင်း လက်ပြီးကျင့်သုံးေ နမိတတ်ပါတယ်။

အခုသံဃာတော်တွေကို NLD လုပ်သလိုမျိုး စွပ်စွဲစော်ကား လုပ်ကြံသလိုမျိုး တချိန်တခါက NLDကသိပ်မုန်းပါတယ်ဆိုတဲ့ “စစ်အာဏာရှင်တွေ” လုပ်ခဲ့ဘူးပါတယ်။ အခု သံဃာတော်များနဲ့ ပတ်သက်ပြီး NLD ရဲ့လုပ်ရပ်ေ တွဟာ တချိန်က စစ်အစိုးရ လုပ်ရပ်တွေနဲ့ ထပ်တူဖြစ်နေပါတယ်။ မြန်မာနို င်ငံရေးတလျှောက်မှာ ပြည်သူ၊ပြည်သားတွေ ကိုဘယ်အခါမှ သစ္စာမေ ဖာက်တာ သံဃာတော်တွေပဲရှိပါတယ်။

  နိုင်ငံရေးလိုက်တာဟာ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးအတွက် တိုးတက်အော င်လုပ်တာကိုမှ နိုင်ငံရေးလုပ်တယ်လို့ခေါ်လို့ရပါတယ်။ အာဏာတခု တည်းအတွက် လုပ်နေတာဟာ နိုင်ငံရေးမဟုတ်ပါဘူး။ နိုင်ငံရေး အကြော င်းပြ  ငါကောင်းစားရေးပဲဖြစ်ပါတယ်

မြန်မာနိုင်ငံဟာ အခုဆိုလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းစကာလဖြစ်လို့ အစစအရာရာ သတိထားဆောင်ရွက်ရမဲ့ အချိန်ပဲဖြစ်ပါတယ်။ နိုင်ငံရေး ကိုအကြောင်းပြပြီး ကိုယ်ကျိုးရှာသမားတွေဟာ အရောင်အမျိုးမျိုး၊ အဖွဲ့အ စည်းအမျိုးမျိုးနဲ့ ခြေကုတ်ယူနေကြတာကိုလည်း သတိထားရမှာဖြစ်ပါတယ်။

စစ်အာဏာရှင်အုပ်ချုပ်မှုကာလတလျှောက် ပညာရေး ၊စီးပွားရေး၊ ပညာရေးစတဲ့ ဘက်ပေါင်းစုံက ချွတ်ခြုံကျခဲ့ပါတယ်။ စစ်အာရှင်တို့ရဲ့ ဆိုးမွေအဖြစ် ပြည်သူ၊ပြည်သားအားလုံးမှာ အခုအချိန်ထိ ခံစားနေရ ဆဲဖြစ်ပါတယ်။

ဒီလို ဘက်ပေါင်းစုံက ဆိုးဝါးနေတဲ့အခြေအနေကို ပြန်လည် တည့်မတ်လာေ အာင်လုပ်ပေးနိုင်တာဟာ NLD ပါတီပဲဖြစ်တယ်ဆိုတာကို သံဃာတော် များက လက်ခံယုံကြည်ထားခဲပါတယ်။ အခုထိတိုင် လက်ခံထားဆဲလည်းဖြ စ်ပါတယ်။

မဘသ သံဃာ့အဖွဲ့ကြီးဟာ NLD နဲ့ အတုလက်တွဲပြီး အမျိုးဘာသာ၊ သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်ဖို့အမြဲတမ်း ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့  သံဃာနဲ့တသားထဲရှိတယ်လို့ ထင်မှတ်ထားတဲ့ NLD က မဘသ သံဃာ့အဖွဲ့ကြီးကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပါဘဲ တိုက်ခိုက် စော် ကားလာပါတယ်။ ဒါကိုလည်း သံဃာတော်များအနေနဲ့ သဘောထားကြီး ကြီးထားပြီး NLD ပါတီနဲ့ တွေ့ဆုံညှိနှိုင်းဖို့ကို အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့လည်း NLD  ပါတီအနေနဲ့ တွေးဆုံးဖို့ကိစ္စကို ခေါင်းရှောင်နေခဲ့ ပါတယ်။  ပြည်ပနိုင်ငံတွေရဲ့ အညှိအငြင်ကို ခံရမှာစိုးရိမ်တာကြောင့်လို့ အတွင်းသတင်းတွေအရသိရပါတယ်.။

ဒေါ်လာစားမီဒီညာတွေရဲ့ တဖက်စောင်းနင်းသတင်းလွဲ သတင်းမှားေ တွဖတ်ပြီး မဘသ ကို အမြဲမကောင်းမြင်တတ်တဲ့ အမေရိကန်တို့ E.U တို့တောင် မဘသအဖွဲ့နဲ့ လာရောက်ညှိနှိုင်းတဲ့အ တွက် မဘသ သံဃာ့အဖွဲ့ကြီးရဲ့ သဘောထားအမှန်၊ရပ်တည်ချက်အမှန်ကို သိရှိသွားကြပြီး မဘသလိုအဖွဲ့ဟာ မရှိမဖြစ်လိုအပ်တယ်လို့တောင် အားပေးစကားပြော ကြားသွားတဲ့အထိဖြ စ်ကြပါတယ်။

တိုင်းတပါးသားတွေကတောင် မဘသ နဲ့တွေ့ဆုံးနိုင်သေးတယ်ဆိုရင် NLD ပါတီအနေနဲ့ မတွေ့နိုင်စရာအကြောင်းမရှိပါဘူး။ မဘသ အဖွဲ့ကြီးဟာ အမြဲတမ်း NLD ပါတီကို မေတ္တာ၊ကရုဏာ တွေလွှမ်းခြုံပြီး ကြိုဆိုနေမှာဖြစ်ပါတယ်။

  စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးတွေဟာ ဘယ်ကိုရောက်ရောက် ဘာပဲလုပ်လုပ် သံဃာတော်တွေကို အမြဲဦးထိပ်ထားလေ့ရှိပါတယ် ။အမြဲချဉ်းကပ်လေ့ရှိပါတယ်။ ဒီစစ်ဗိုလ်ချုပ်တွေကို သံဃာတော်တွေက အမြင်မကြည်တာ မနှစ်သက်တာကို စစ်ဗိုလ်ချုပ်တွေကိုယ်သိပါတယ်။ဒါပေမဲ့ ၀တ်မပျက် ဆရာ၊ဒကာဆက်ဆံရေးဖြစ်ဖို့ အမြဲကြိုးစားပါတယ်။

တခါတရံမှာ စစ်ဗိုလ်တွေကပ်တဲ့ဆွမ်း မစားတာ၊ လှုတဲ့ပစ္စည်းတွေကို လမ်းမေ ပါ် ဖြန့်ကျဲစွန့်ပစ်တာ စတဲ့တုံ့ပြန်မှုများနဲ့ တွေ့ကြုံရတာတောင် မျက်နှာပြောင်တိုက်ပြီး သံဃာတော်တွေထံ ၀တ်ကပ်လေ့ရှိပါတယ်။NLD ပါတီကို သံဃာတော်တွေဟာ စစ်အစိုးရကို ဆက်ဆံသလိုမျိုးမဆက်ဆံပါဘူး၊ NLD ပါတီကသာ သဘောထားအမှန်နဲ့ ချဉ်ကပ်လုပ်ကြွေးမယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေမှာဖြစ်ပါတယ်။

  အခုဆောင်းပါးဟာ NLD ပါတီကို တိုက်ခိုက်တဲ့ဆောင်းပါးမဟုတ် ဘူးဆိုတာကိုတော့ အလေးအနက်ပြောကြားချင်ပါတယ်။ ဓမ္မဒိဋ္ဌာန်ကျကျ ဖတ်မယ်ဆိုရင် NLD ပါတီပေါ်မှာထားတဲ့ စာရေးသူရဲ့ စေတ နာကို တွေ့ရမှာဖြစ်ပါတယ်။

ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ အမှားကို ထောက်ပြပေးတဲ့သူကို ရွှေအိုးေ တွ မြှုတ်နှံထားတဲ့နေရာကို ပြပေးတဲ့သူလိုသဘော ထားရမယ်လို့ဟော ထားတာရှိပါတယ်။ NLD ပါတီအနေနဲ့ အမျိုးသားရေး၊သာသနာရေးမူဝါဒကို မပြင်မဆင်ဘဲ ဒီအတိုင်ဆက်သွားနေမယ်ဆိုရင်တော့ ကွန်မြူနစ်ပါတီ၊ အလံနီ၊အလံဖြူတွေလို ဇာတ်သိမ်းကောင်းမှာ မဟုတ်ပါဘူး။ အဲဒီအခါ မြန်မာပြည်ရဲ့ ကံဇာတာဟာလည်း တောက်ပလာဖို့ အလှမ်းဝေး သွားနိုင်ပါတယ်။

မြန်မာ့သမိုင်းမှာ သံဃာတော်များရဲ့ အခန်းဟာ အဓိကနေရာကပါဝင်ပါ တယ်။ ပါတီစွဲ၊ပုဂ္ဂိုလ်စွဲ ကင်းကင်းနဲ့ ဓမ္မနဲ့အညီ လမ်းညွှန်ပေးနိုင်တာ သံဃာတော်တွေပဲပါပဲ။ မြန်မာနိုင်ငံတော်ကြီး တရားနှင့်အညီ အေးချမ်း သာယာစွာ ဘက်စုံတိုးတက်ဖို့အတွက် သံဃာတော်များနဲ့ NLD ဟာ တသားထဲဖြစ်နေဖို့လိုပါတယ်။

ဒါ့ကြောင့် NLD ပါတီအနေနဲ့ ဆရာ၊ဒကာလက်တွဲညီစွာနဲ့ တိုင်ပြည် နဲ့ လူမျိုး ဘာသာ၊သာသနာတိုးတက်ဖို့အတွက် သံဃာတော်များထံ ရှေးယခင်လို အချိန်မီ ပြင်ဆင်ပြီး  သြ၀ါဒခံယူသင့်ပါကြောင်း အကြံပေးလိုက်ရပါတယ်။

ဓမ္မ၀ီရ အရှင်တေဇနိယ

Ph,D (Thesis)

www.ahintejaniya.com

No comments: