Thursday, October 29, 2015

ဒါဖတ်ပြီးမှ NLD ပါတီကိုမဲပေးဖို့ စဉ်စားပါ ~

ဒါဖတ်ပြီးမှ NLD ပါတီကိုမဲပေးဖို့ စဉ်စားပါ ~ ဒေါက်တာမျိုးချစ်
==================================

ရွေးကောက်ပွဲကျင်းပတော့မည်။ ပါတီများကမဲတောင်းနေကြည်။ ပြည်သူအများစုက မဲပေးရန်အဆင့်သင့်မဖြစ်သေး။ မည်သည့်ပါတီကိုမဲပေးရမည်ကိုမူ ရတိပြတ်ဆုံးဖြတ်ထားခြင်းမတွေ့ရ။ အားလုံးက အပြောင်းအလဲကို မျှော်လင့်ကြသည်။ ဤအချက်က နိုင်ငံရေးသမားအချို့အတွက် အခွင့်ကောင်းကိုဖြစ်စေသည်။ ပြည့်သူ့သည်းချေကြိုက် စကားဖြစ်တဲ့ “ပြောင်းလဲချိန်တန်ပြီ” ဆိုသည့် စကားလုံးများဖြင့် စည်းရုံးလာကြသည်။ သီချင်းပေါင်း အပုဒ် ၃၀ ကျော်၊ အနုပညာသည်ပေါင်း ၅၀ ကျော်နှင့် မဲရရှိရေးကြိုးစားလာသည်။ ဇတ်လမ်းတွေရိုက်လာကြသည်။ ပြဇတ်တွေလုပ်လာကြသည်။ သို့သော် အမှန်တကယ် ပြည်သူတို့လိုအပ်ချက်က ဇတ်လမ်းတွေမဟုတ်၊ သီချင်းတွေမဟုတ်၊ အဆိုတော်တွေမဟုတ်။ စားဝတ်နေရေး ပြောင်းလဲမှုဖြစ်သည်။ ပြည်သူတို့သိချင်ကြသည်။
ဘယ်တော့ပြောင်းလဲမှာလဲ?
ဘယ်လိုပြောင်းလဲမှာလဲ?
ဘယ်လောက်ပြောင်းလဲမှာလဲ?
ဘယ်အချိန်မှပြောင်းလဲမှာလဲ?
ဘယ်ကစပြီးပြောင်းလဲမှာလဲ?
ပြည်သူတို့သိချင်ကြသည်။ သို့သော် နိုင်ငံရေးသမားတို့ တိတိကျကျ ကတိပေးနိုင်ခြင်းမရှိ။ ပြည်သူတို့ယုံကြည်နိုင်လောက်သည်အထိ စွမ်းဆောင်နိုင်သူ၊ အတွေ့အကြုံရှိသူ၊ အတွေ့အကြုံရှိသူမတွေ့ရ။

ယခုအချိန်သည် တစ်ပါတီတည်းက နိုင်ငံကိုချယ်လှယ်ခြင်းအား သမိုင်းအဆက်ဆက် သံဝေဂယူဖို့အချိန်ဖြစ်သည်။ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံက အင်အားကြီးပါတီအချို့မှာ အာဏာရှင်ဆန်ကြသည်။ ပါတီတွင်းမှာပင် ဒီမိုကရေစီမရှိ၊ ၎င်းတို့ကိုထိပါက ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်ကြသည်။ အပြိုင်အဆိုင်များကို နင်းချေတတ်ကြသည်။ တစ်ကြိမ်လက်တွဲဖူးသူတိုင်း နောက်တစ်ကြိမ်လက်တွဲဖို့ကြောက်ကြရသည်။

တစ်ပါတီအာဏာရှင်စနစ်ကိုတော်လှန်ဖို့ နောက်ထပ်တစ်ပါတီကို အာဏာအပြည့်ပေးရမည်မှာ သဘာဝ မကျလှ။ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး မည်ကို သတိထားနေကြသည်။ အရွေးမှားပါက ၅ နှစ်လုံး ခါးစည်းခံရမည်။ အမေရိကန်လို နိုင်ငံမျိုးမှာ ၂ ပါတီပဲရှိတာကြောင့် လက်ရှိအာဏာရပါတီကို မကြိုက်သူများ အတိုက်အခံပါတီကိုအားပေးခြင်းက ထုံးစံဖြစ်သည်။ မြန်မာနိုင်ငံမှာ ထိုသို့မဟုတ်။ ပါတီနှစ်ခုတည်းမဟုတ်။ ပါတီပေါင်း ၉၀ ကျော်ရှိသည်။ ပါတီစုံ၊ နိုင်ငံရေးကျွမ်းကျင်သူလူစုံတက်စုံ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး လွှတ်တော်ခမ်းမတွင် ဆွေးနွေးခြင်းခြင်းက နိုင်ငံအနာဂတ်ကို ပိုကောင်းစေမည်မှာ မည်သူမျှ မငြင်းနိုင်။ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း အကြံဥာဏ်ဖြင့် နိုင်ငံ့ပြဿနာကို ဖြေရှင်းခြင်းထက် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဦးသုဝေ၊ ဒေါက်တာနေဇင်လတ်၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါက်တာအေးမောင် နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပေါင်းစည်းပြီး (all inclusive) အားလုံးပါဝင်ဖြေရှင်းခြင်းက က ပိုပြီး အဖြေကောင်းထွက်စေမည်ဖြစ်သည်။ ထို့ကြောင့် ပါတီတစ်ခုတည်းကို ရာနှုံးပြည့်အနိုင်ပေးခြင်းထက် နိုင်ငံကို အန္တရာယ်ပေးနိုင်သည့်ပါတီမှလွဲ၍ ကျန်တဲ့ပါတီပေါင်းစုံကို မဲများဖြန့်ဝေပေးသင့်သည်။ အထူးသဖြင့် မဲများများရမည်ဟု ရေပန်းစားနေသည့် ပါတီကြီးကိုရှောင်ကာ မဲပေးသည့်သည်။ သို့မှသာ တစ်ပါတီအာဏာရှင်စနစ်ကို ကျော်ဖြတ်နိုင်ပေမည်။

#ဒေါက်တာမျိုးချစ်

No comments: