Saturday, October 31, 2015

ယုံကြည်ခြင်း၏ အခြားတစ်ဖက်က NLD

ယုံကြည်ခြင်း၏ အခြားတစ်ဖက်က NLD
*********************************

၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲထည့်ရာမှာ NLD မပါဝင်ခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုးမဟုတ်လျှင်ပြီးရော
ဆိုပြီး တွေ့ကရာ တစ်သီးပုဂ္ဂလတွေကို မျက်စိ
မှိတ်ပြီး မဲပေးခဲ့ဖူးတယ် ။

ကိုယ့်ရဲ့စိတ်တွေဟာ NLD ကိုယ့်ရဲ့နှလုံးသားမှာ ဒေါ်စုကြည် ဒါပဲရှိတယ် ရွေးကောက်ပွဲမဝင်တဲ့ NLD
အတွက် စိတ်မကောင်းဖြစ်မိခဲ့သေးတယ် ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကိုယ့်ဒေသနဲ့
မသက်ဆိုင်ပေမယ့် NLDက မဲအပြတ်အသတ်
အနိုင်ရလို့ ဝမ်းသာပီတိဖြစ်ခဲ့ရတာကို ခုချိန်ထိ မြင်ယောင်နေတုန်းပါပဲ. . .။

တစ်နှစ် နှစ်နှစ် သုံးနှစ် ဆိုတဲ့ အချိန်ကာလရဲ့
တိုက်စားမှုအောက်မှာ ကျွန်တော့်အတွေးအမြင်တွေ
ယုံကြည်မှုတွေ ခုလို တက်တက်စင်အောင် ဆန့်ကျင်ဘက်အသွင်ဆောင်သွားလိမ့်မယ်လို့ တစ်ခါမှ
တွေးမထင်ခဲ့မိဘူး ။

ခုတော့ ချစ်ခြင်းနဲ့မုန်းခြင်း ကျောချင်းကပ်
စာတစ်ရွက်မှာ ချစ်ခြင်းရဲ့အခြားစာမျက်နှာ မုန်းခြင်း
ဆိုတဲ့တစ်ဘက်ကို NLDက လုံးလုံးလျားလျား
ရောက်သွားခဲ့ပါပြီ. . .။

NLDအပေါ် အားကိုးမှုတွေ ယုံကြည်မှုတွေ မျှော်လင့်ချက်တွေဟာ လောင်ကျွမ်းပြာကျ
သွားခဲ့ရပါပြီ ။

၂၀၁၀မှာ NLD မဟုတ်ရင် မည်သူ့ကိုမှ မယုံကြည်တဲ့ကျွန်တော်ဟာ ၂၀၁၅ ခုနှစ်မှာတော့ NLDကလွဲရင် အမျိုးသားရေး ရှေးရှုတဲ့ပါတီ အားလုံးကို ယုံကြည်တတ်တဲ့ ကျွန်တော်အဖြစ် ပြောင်းလဲခြင်းကြီးစွာ ဖြစ်ခဲ့ရပါပြီ. . .။

ဟုတ်ကဲ့ပါ. . .လာမယ့်ရွေးကောက်ပွဲမှာတော့ NLDကလွဲရင် အမျိုးသားရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်မယ့် မည်သည့်
ကိုယ်စားလှယ်လောင်းကိုမဆို လူကိုကြည့်ပြီး
ကျွန်တော် မဲပေးသွားပါ့မယ် ။

ပုံ/လောကနတ်(12.09.2015)

No comments: