Thursday, October 29, 2015

NLD ပါတီတွင် သာကူးများ ၊ သူခိုးများ ရှိဟု ဦးဝင်းတင် ပြော

NLD ပါတီတွင် သာကူးများ ၊ သူခိုးများ ရှိဟု ဦးဝင်းတင် ပြော
----- ----- ----- ----- -----
" ဦးဝင်းတင် ပြောတဲ့ သာကူး ဆိုတာကတော့ အမျိုးမျိုးရှိတာပေါ့။ ကြံ့ဖွံ့က ပြောင်းလာတဲ့သူတွေကိုလည်း ထည့်ပြောထားတယ်။ ပါတီပြောင်းလာပြီး နေရာ ရနေတဲ့ ဒေါက်တာမြတ်ဥာဏစိုးတို့ကို ဦးဝင်းတင်က သိပ်ပြီး ကြည့်ရတာမဟုတ်ဘူး။ ပါတီပြောင်းတယ် ဆိုတာ ခြံခုန်ကူးတဲ့ နွားပဲကွ၊ ဒီနွားတွေက သာရာ ကူးမယ့်ကောင်တွေ။ ပါတီပေါ်လည်း သစ္စာ ရှိမှာမဟုတ်ဘူး ဆိုပြီး အဘဦးဝင်းတင် ပြောဖူးတယ်ဗျ။ ကျန်တဲ့ သာကူးတွေကတော့ အခုကျမှ NLD နားကပ်လာပြီး နေရာယူနေတဲ့ သူတွေပေါ့ဗျာ။ ဦးကိုနီတို့ ဘာတို့လည်း ပါတာပေါ့။ အခုက ကွန်ရက်တွေ အကြံပေးအဖွဲ့တွေ အများကြီးဖြစ်လာတာလေ။ သာကူးတွေကိုတော့ အဘ ဦးဝင်းတင်လိုပဲ ကျွန်တော်တို့က သိပ်မယုံဘူး။ ကျန်တဲ့ပါတီတစ်ခုခုက သာတယ် ထင်ရင် ထပ်ပြီး ခြံခုန်ကြဦးမှာလေ။ စကားပုံတောင် ရှိတယ်။ တစ်ခါ ခြံခုန်ဘူးတဲ့နွား နောင်လည်း ခြံခုန်ဦးမှာပဲ ဆိုတာ။ သာကူးနဲ့ ခြံခုန်ကူး ပေါ့ဗျာ " ဟု NLD ဗဟိုရုံးချုပ်မှ ပါတီဝင်တစ်ဦးက ပြောသည်။
" ဦးဝင်းတင် ပြောတဲ့ သူခိုး ဆိုတာကတော့ အကြီးစား၊ အလတ်စား၊ အသေးစား ရှိမယ်ဗျ။ ဒီလှိုင်းဂျာနယ် သိန်း၁၅၀၀ ဘုံးတဲ့အမှု ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ စဉ်းစားကြည့်။ နေရာလေးတွေ ရလာတော့ ခိုးချင်တဲ့သူတွေအတွက်လည်း ခေတ်ကောင်းကြီး ရောက်နေတာပေါ့။ မိတ္ထီလာ မီးဘေး ဒုက္ခသည် ဘင်္ဂလီတွေကို သိန်း ၂ ထောင် လှူတဲ့ကိစ္စကတော့ ဦးဝင်းထိန် ဦးစီးပြီး လုပ်တာဗျ။ ခရိုနီတွေပေးတာလား၊ OIC ပေးတာလား ဆိုတာ တိတိကျကျ ရှင်းတာ လင်းတာ မရှိဘူး။ ပါတီရန်ပုံငွေ လို့ အကြမ်းဖျင်းတော့ ပြောကြပါတယ်။ ပါတီရန်ပုံငွေကလည်း ခိုးတာ ၀ှက်တာ သိပ်မရှိလောက်ပါဘူး။ စာရင်းတွေ ဘာတွေ စစ်တာကိုး " ဟု ၄င်းက ပြောဆိုသည်။
" ဒေါ်စုကိုတော့ ယုံပါတယ်။ ဦးဥာဏ်ဝင်းတို့ သဘောက ၂၀၁၅ ကို ၀င်ကို ၀င်ရမယ် ဆိုတဲ့သဘော။ ဦးဝင်းမြင့်က ဦးဥာဏ်ဝင်းကို ကျော်ပြီး ပြောတာ တရားမ၀င်ဘူးဗျ။ ကျွန်တော်တို့က ဦးဥာဏ်ဝင်း ဘယ်လို ဦးဝင်းမြင့် ဘယ်လို ဆိုတာ အတွင်းသိ အစင်းသိတွေ။ ဦးဥာဏ်ဝင်းက တစ်ကယ် အနစ်နာခံပြီး ဒေါ်စု သက်တမ်းတစ်လျှောက်လုံး လုပ်ကိုင်ခဲ့တာ။ ဦးဝင်းတင်ကလည်း ၀င်ရမယ် ဆိုတာကို လက်ခံတဲ့ သဘောတော့ ပြောထားတာပဲ။ ဒေါ်စုကတော့ မပြင်ရင် အခြားနည်း သုံးမယ် ဆိုတာကတော့ တစ်မျိုးဗျ။ ဟိုတစ်နေ့ကကျတော့ လွှတ်တော်ထဲမှာပဲ ရအောင် ပြင်မယ် ပြောပြန်ရော။ ရည်ရွယ်ချက်က မှန်းလို့ မရဘူး။ နေပြည်တော်အဖွဲ့ထဲမှာ ဦးဝင်းမြင့်တို့ မြတ်ဥာဏ်စိုးတို့ကတော့ နောက်ပေါက်လေးတွေပါ။ ပါတီထဲမှာတော့ ဦးဝင်းတင်နဲ့ ဦးဥာဏ်ဝင်းတို့ကို ဘယ်ကျော်လို့ ရမလဲ။ ကျော်ရင် ကွဲသွားမှာပေါ့။ ပါတီထဲက ထွက်သွားရမှာပေါ့။ NLD က ဒေါ်စုခေါင်းဆောင်ပြီး ဒီလူကြီးတွေနဲ့ ဖွဲ့စည်းထားတာပဲ။ သူတို့ကြောင့်တော့ ပါတီအကွဲမခံနိုင်ဘူး။ ဦးကိုနီလည်း အတူတူပဲလေ " ဟု ပြည်နယ် NLD ပါတီ ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။ NLD ပါတီအတွင်း လူသစ်လူဟောင်း ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်၏ အားကိုးယုံကြည်မှု ၊ စီမံခန့်ခွဲနိုင်မှုတို့အပေါ် မူတည်နေကြောင်း သိရှိရပါသည်။ ။
Credit ; We love True

No comments: