Friday, October 30, 2015

NLD က သတ္တိခဲ ... ဓါးနဲ့ခုတ်မယ်ဆိုလို့ ၀တ်ထားတဲ့ NLD အကျီင်္ချွတ်ထွက်ပြေး

NLD က သတ္တိခဲ ... ဓါးနဲ့ခုတ်မယ်ဆိုလို့ ၀တ်ထားတဲ့ NLD အကျီင်္ချွတ်ထွက်ပြေး
The Voice Weekly
7 hrs · Edited ·
ဦးနိုင်ငံလင်း ဓားခုတ်ခံရမှုမှ ဖမ်းဆီးခံရသူများတွင် ပါဝင်ခဲ့သော NLD ပါတီဝင်ကို ပြန်လွှတ်
အောက်တိုဘာလ ၂၉ ရက်နေ့ ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းဓားခုတ်ခံရမှုတွင် ဖမ်းဆီးခံထားရသည့် NLD ပါတီဝင်တစ်ဦးကို သာကေတ ရဲစခန်းက ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက် ၁ နာရီ ဝန်းကျင်က ပြန်လွှတ်ပေးခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသူ NLD ပါတီဝင်မှာ ဓားဖြင့်ခုတ်သူများက NLD ပါတီဝင်တွေဆို အကုန်ခုတ်သတ်ပစ်မယ်ဟု ပြောသဖြင့် ဝတ်ထားသည့် ပါတီအမှတ်အသားပါအင်္ကျီကို ချွတ်၍ ပြေးထွက်စဉ် ရဲတပ်ဖွဲ့ဝင်များက လူမှားပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သာကေတ NLD ပါတီဝင်တစ်ဦးက ဆိုသည်။

No comments: