Monday, October 26, 2015

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မီးလောင်ကျေးရွာမှ ဒေသခံတစ်ဦး ၀ါးခုတ်စဉ် KIA ထောင်ထားသော တိုက်မိုင်း(၁)လုံး တိုက်မိပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိ

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မီးလောင်ကျေးရွာမှ ဒေသခံတစ်ဦး ၀ါးခုတ်စဉ် KIA ထောင်ထားသော တိုက်မိုင်း(၁)လုံး တိုက်မိပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိ
=========================================
25, October, 2015 By Voice Of Kachin

၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မီးလောင်ကျေးရွာမှ ဦးအောင်တင် (၄၆)နှစ်သည် နေအိမ်အတွက် အသုံးပြုရန် ရွာ၏အနောက် ဘက် (၅)မိုင်ခန့်နေရာသို့ သွားရောက်ဝါးခုတ်ယူစဉ် KIA အကြမ်းဖက် သောင်းကျန်းသူ ထောင်ထားသော တိုက်မိုင်း(၁)လုံး တိုက်မိပေါက်ကွဲကာ ဒဏ်ရာရရှိခဲ့ကြောင်း ကြားသိရသည်။

ဦးအောင်တင်မှာ ညာဘက်ဒူးခေါင်းအထက်တွင် (၅)လက္မခန့် ပေါက်ပြဲဒဏ်ရာ၊ ခြေထောက် (၂)ဘက်တွင် မိုင်းစများ ထိမှန်ဒဏ်ရာတို့ ရရှိခဲ့ပြီး ဒေသခံ ရွာသားများ အကူအညီဖြင့် တိုက်နယ်ဆေးရုံ (လုံးတုံ) သို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။ ၎င်း ဖြစ်စဉ် ဖြစ်ပွားသော နေရာအနီးတွင် KIA အဖွဲ့မှ ထောင်ထားသော တိုက်မိုင်း၊ နင်းမိုင်းများ များစွာရှိပြီး မိုင်းဟောင်းများမှလည်း မကြာခဏဆိုသလို အလိုအလျောက် ပေါက်ကွဲနေမှုများ ရှိသည်ဟု ဒေသခံများထံမှ ကြားသိရပါသည်။

No comments: