Friday, October 30, 2015

ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၏ လယ်မြေစပါးစိုက်ခင်းများအနီး KIA မိုင်းထောင်ထားသည် ဟု အမိန့်ထုတ်ကာ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထား

ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၏ လယ်မြေစပါးစိုက်ခင်းများအနီး KIA
မိုင်းထောင်ထားသည် ဟု အမိန့်ထုတ်ကာ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထား

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၁၅

ကချင်ပြည်နယ် မြစ်ကြီးနား တစ်ဘက်ကမ်းရှိ ၀ိုင်းမော်မြို့နယ်အတွင်းမှ ၀ါရှောင်ကျေးရွာ၊ နမ့်ဝါကျေးရွာနှင့် မုတ်ကျိတ်ကျေးရွာများအနီးတွင် KIA မှ မိုင်းထောင်ထားခြင်းကြောင့် ၎င်းဒေသခံ ရွာသူ/ရွာသားများ ဖြတ်သန်းသွားလာမှုမပြုကြဖို့ တားမြစ်ထားတယ်လို့ ၀ါရှောင်ဒေသခံတစ်ဦးထံမှ ကြားသိရသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကေအိုင်အေအဖွဲ့ရဲ့ တိုက်နယ်မှူးအဆင့်ရှိသူတစ်ဦးက ၀ါရှောင်ရွာမှ ရွာလူကြီးအချို့ကိုခေါ်ယူုပြီး မိုင်းထောင်ထားတဲ့ နေရာတွေမသွားဖို့ တားမြစ်ခဲ့တယ်လို့ သိရသည်။ မြစ်ကြီးနားမြို့အခြေစိုက် KIO နည်းပညာအကြံပေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးဆိုသူက “အဲ့ဒီမိုင်းတွေဟာ အခုမှ ထောင်ထားတာမဟုတ်ဘူး အရင်တိုက်ပွဲဖြစ်ကတည်းကရှိခဲ့တဲ့ မိုင်းတွေ ဖြစ်တယ်” ဆိုပြီး ပြောဆိုထားပါသည်။

ယခု ၎င်းတို့မှ လာရောက်တားမြစ်ထားသော နေရာများသည် ရွာနှင့် (၁)မိုင်ကျော်သာ ကွာဝေးပြီး လယ်မြေတွေနဲ့ ထိစပ်နေတဲ့ တောင်ယာတောအနီးတွေမှာဖြစ်တယ်လို့ သိရှိရသည်။ ၀ါရှောင်ဒေသခံ ရွာသားတစ်ဦးမှ “ပြောရမယ်ဆိုရင် သူတို့ တားမြစ်ထားတဲ့နေရာက ကျွန်တော်တို့ ရွာက လယ်မြေတွေနဲ့ ထိစပ်နေတဲ့ တောင်ယာတောတွေကို ပြောနေတာ.. အရင်က ဒီအတိုင်းပဲ သွားလာနေကြတာပဲ ဘာမှ မဖြစ်ဘူး.. အခုကျမှ လာပြီးတားနေတာ.. လယ်ထဲက စပါးတွေ ဘယ်သူမှ မရိတ်သိမ်းရသေးဘူး.. ကျွန်တော်တို့ စီးပွားပျက်အောင် KIA လုပ်လိုက်တာပဲ.. တောင်ယာထဲမှာလည်း လိမ္မော်နဲ့ ဓညင်းခြံတွေရှိတယ်… ဘာမှမဖြစ်ဘူး… အခုမှလာပြောတယ်.. ကျွန်တော်တို့ ဒေသခံတွေ တောင်ယာမလုပ်ရရင် ဘာလုပ်စားရမလဲ မသိတော့ပါဘူးဗျာ” ဟု ၎င်းဒေသခံမှ ညီးတွားကာ ပြောကြားထားပါသည်။

Voice Of Kachin

No comments: