Saturday, October 31, 2015

ကိုးကွယ်သည့် ဘာသာ ရာခိုင်နှုန်းဘာကြောင့် မထုတ်ပြန်တာလဲ

ကိုးကွယ်သည့် ဘာသာ ရာခိုင်နှုန်းဘာကြောင့် မထုတ်ပြန်တာလဲ

ဟက်ကာများသမဂ္ဂ ဟူသည့် facebook page စာမျက်နှာတွင် တင်ထားသော ၂၀၁၄ သန်းခေါင် စာရင်းအရ ကိုးကွယ်ရာဘာသာအလိုက် ရာခိုင်နှုန်းများကိုမထုတ်ပြန်ဘဲ လျှို့ဝှက်ထားခြင်းအပေါ် သံသယဖြစ်စရာရှိကြောင်း သတင်းရရှိသည်။

ယခင်ကထုတ်ပြန်ခဲ့သောသန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များတွင် ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေစာရင်းမှာ ပဋိပက္ခများဖြစ်ပွားနိုင်သည့်အတွက် ထုတ်ပြန်ခြင်းမပြုပဲ ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် ကိုးကွယ်ရာဘာသာအလိုက် ရာခိုင်နှုန်းမှာ ၁၉၈၃ သန်းခေါင် စာရင်းနှင့် ကွာခြားခြင်းမရှိသည့်အတွက် ထိုစာရင်းကိုဖုံးကွယ်ထားခြင်းမှာ အဓိပ္ပါယ် မရှိကြောင်း လူဦးရေဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာသန်းထိုက်အောင် က ပြောကြားခဲ့သည်။

“ဘာ ပဋိပက္ခမှ ဖြစ်စရာအကြောင်းမရှိဘူး။ အဲဒီဟက်ကာသမဂ္ဂဆိုတဲ့ ပေ့ခ်ျမှာတင်ထားတဲ့ စာရင်းက အမှန်ဆိုရင်ပေါ့လေ။ ဗုဒ္ဓဘာသာ ၈၈၊ ခရစ်ယာန် ၆၊ အစ္စလာမ် ၄ ရာခိုင်နှုန်းဆိုတော့ ၂၀၁၄ မတိုင်ခင် နောက်ဆုံးကောက်ခဲ့တဲ့ ၁၉၈၃ သန်းခေါင်စာရင်းတုန်းက ကိုးကွယ်ရာဘာသာအချိုးအစားအတိုင်းပဲ။ မူဆလင်လဲရာခိုင်နှုန်းတိုးမလာဘူး။ ဘာမှပြဿနာမရှိတာကို ပြဿနာဖြစ်မှာစိုးလို့ဆိုပြီး ဖုံးကွယ် ထားတာက အစိုးရလား၊ ကူညီပေးတဲ့ UN လားတော့ မသိဘူး။ ဒီတော့ စဉ်းစားစရာ ဖြစ်လာတာက ဒီစာရင်းကိုဘာဖြစ်လို့ လျှို့ဝှက်ထားတာလဲ” ဟု ၄င်းက ဝေဖန်ခဲ့သည်။

“တစ်ခုရှိတာကသန်းခေါင်စာရင်းဆိုတာကဖြေတဲ့သူရေးသွင်းတဲ့အတိုင်းမှတ်တမ်းတင်ရတာ၊ ရေတွက်ရတာ ဖြစ်နေတယ်။ ဒီတော့ မြေပြင်မှာအမှန်တစ်ကယ်ရှိတဲ့ ဘင်္ဂါလီတွေ စာရင်းအကုန်ပါနိုင်သလား။ ပြီးတော့ ရိုဟင်ဂျာလို့ ပြောရင် စာရင်းထည့်မကောက်ဘူးဆိုတော့ရခိုင်ပြည်နယ်မှာ ဒီလိုမကောက်ခဲ့တဲ့သူအရေအတွက် ဘယ်လောက်များသလဲမသိနိုင်ဘူး။ အဓိကအချက်ကဒီစာရင်းကိုဘာဖြစ်လို့ လျှို့ဝှက်ထားတာလဲ။ အကြောင်းရင်းရှိရမယ်” ဟု ဒေါက်တာသန်းထိုက်အောင်ကဆိုသည်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူကိုနေဝင်းအောင်ကမူအစ္စလာမ်ဘာသာဝင် အချိုးအစား တိုးမလာသော်လည်း ၄င်းတို့အများစုပြန့်နှံ့နေထိုင်ပုံမှာသတိပြုသင့်သည့်ပြင် NLD သာ အာဏာရလာခဲ့ပါက မူဆလင် ရာခိုင်နှုန်းချက်ချင်းတိုးလာနိုင်သည်ဟုဆိုသည်။

“မူဆလင် ၄ ရာနှုန်းကတိုးမလာဘူးဆိုတာတော့ အစိုးရအဆက်ဆက် ဘင်္ဂါလီတွေကိုဟန့်တားနိုင်ခဲ့လို့ပါ။ ဦးနေဝင်းရဲ့ မဆလနဲ့ စစ်အစိုးရဟာ ကျန်တဲ့နေရာတွေမှာမကောင်းရင်နေမယ်။ ဒီဘင်္ဂါလီတွေကိုထိန်းချုပ်တဲ့ နေရာမှာတော့ ချီးကျူးရမယ်။ NLD ကိုထောက်ခံတဲ့ ငကြောင်တွေ စွပ်စွဲကြသလို စစ်အစိုးရကသာ ဘင်္ဂါလီတွေကို ခိုးသွင်းခဲ့မယ်ဆိုရင် နှစ်ပေါင်း ၃၀ ကျော်အတွင်း အစ္စလာမ်ဘာသာဝင် ရာခိုင်နှုန်း အများကြီးတိုးနေမှာပေါ့။ NLD အာဏာရခဲ့လို့ ဦနေဝင်းလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်လိုက်ရင်သာ အစ္စလာမ် ဘာသာဝင်ဦးရေတဟုန်ထိုးတိုးလာမှာ။ ကျွန်တော်တို့အနေနဲ့ နှစ်ပေါင်းများစွာဆိုးတူကောင်းဖက် နေလာတဲ့ မြန်မာနိုင်ငံသားမူဆလင်တွေကို လက်မခံနိုင်စရာအကြောင်းမရှိဘူး။ သို့သော်လည်းဘင်္ဂါလီတွေကိုတော့ဖြင့် ဘယ်လိုလူသားချင်းစာနာမှုမျိုးနဲ့မှ ကိုယ့်နိုင်ငံသားမဖြစ်စေချင်ဘူး။ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းကဘင်္ဂါလီတွေကို နိုင်ငံသားပေးရမယ်လို့ ပြောခဲ့သလိုဒေါ်စုကလဲ ၈၂ နိုင်ငံသားဥပဒေဟာလူ့အခွင့်အရေးနဲ့မညီဘူးလို့ ပြောခဲ့တယ်။ NLD သာ အာဏာ ရခဲ့ရင် ဘင်္ဂါလီတွေ အလွယ်တကူနဲ့ နိုင်ငံသားဖြစ်ကုန်မယ်၊ ဒါကြောင့် NLD ကိုမဲမပေးမိဖို့လိုမယ်”ဟု ၄င်းက ဆိုသည်။

“အစ္စလာမ်ဘာသာဝင်တွေ ရာခိုင်နှုန်းမတိုးပေမယ့် သူတို့ ပြန့်နှံ့နေထိုင်ပုံက သတိတော့ ထားသင့်တယ်။ မူဆလင် အများဆုံးရှိနေတဲ့ ပြည်နယ်၊ တိုင်းတွေက ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ အားလုံးကမ်းရိုးတန်းတွေ။ အဲဒီမူဆလင်တွေက ကျွန်တော်ပြောခဲ့သလိုဆိုးတူကောင်းဖက် မြန်မာမူဆလင် တွေဆို အကြောင်းမဟုတ်ဖူး။ ရွှေမောင်တို့လိုဘင်္ဂါလီတွေဆိုရင် စဉ်းစားကြည့်ပေါ့။ ဘင်္ဂလားကနေ မြန်မာ့ ကမ်းရိုးတန်းတလျောက် ထိုင်းတောင်ပိုင်းကနေမလေးရှားထိ။ ဘင်္ဂါလီတွေဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းလိုဖြစ်နေတယ်။ ခုတလောလဲရန်ကုန်ဖက်ကိုခိုးသွင်းလာတဲ့ဘင်္ဂါလီတွေ မကြာခဏမိတဲ့ သတင်းတွေဖတ်ရတယ်။ မမိဘဲလွတ်သွားတဲ့ ကုလားတွေ ဘယ်လောက်ရှိမလဲ။ အဲဒီကုလားတွေက ဘင်္ဂလားကနေ မြန်မာပြည်ဖြတ်ပြီးထိုင်းတောင်ပိုင်းတို့၊ မလေးတို့ကို သွားတာဆိုရင် အကြောင်းမဟုတ်ဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံထဲက ရန်ကုန်၊ မွန်၊ကရင် ၊ တနသာင်္ရီဖက်မှာ အခြေကျပြီးသား ဘာသာတူတွေဆီ သွားတာဆိုရင် ပြဿနာရှိတယ် ”ဟု ဆက်လက်ပြောကြားခဲ့သည်။

No comments: