Saturday, October 31, 2015

မြန်မာနိုင်ငံမှာ .. စိတ်ကူးယဉ်ကမ္ဘာ ကို အိပ်မက်တွေမက်ပြီး တည်ဆောက်နေကြတယ်

မြန်မာနိုင်ငံမှာ ..
စိတ်ကူးယဉ်ကမ္ဘာ ကို အိပ်မက်တွေမက်ပြီး တည်ဆောက်နေကြတယ်
စိတ်ကူးယဉ်တယ်ဆိုတာ သမီးရည်းစားဘဝမှာပဲ
ရင်ခုန်စရာကောင်းတာပါ..
တကယ်လက်တွေ့ ဘဝမှာတော့ စိတ်ကူးယဉ်ဆန်တယ်ဆိုတာ
ဘာမှ အနှစ်သာရမရှိသလို ဘာမှလဲ အဓိပ္ပါယ် မရှိလှဘူး..
လက်တွေ့ ဖြစ်ပျက်နေတာတွေကို တစ်ဖြည်းဖြည်း ချင်း
တိုးတက်အောင် ပြောင်းလဲသွားမလား..
ဘာမှ မမြင်ရ၊ မသဲကွဲသေးတဲ့
အနာဂတ်ကိုပဲ ထိုင်ပြီး မျှော်နေမလား..
ခေတ်မီတိုးတက်တဲ့ခေတ်ကြီးမှာ
စိတ်ကူးတွေယဉ်နေတာထက်
လက်တွေ့ ဘဝကို သဘာဝကျကျ စဉ်းစားတာ ပိုကောင်းပါတယ်
မြန်မာနိုင်ငံရဲ့ နိုင်ငံ့အရေး နိုင်ငံရေးကိုလဲ
စိတ်ကူးယဉ်ဆန်တဲ့  နိုင်ငံရေး မဖြစ်စေချင်ဘူး..
၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီအနိုင်ရလို့ 
အစိုးရဖွဲ့ ခွင့်ရရင်
မြန်မာနိုင်ငံကြီး ဘာဖြစ်မယ် ၊ ညာဖြစ်မယ်၊
နေ့ ချင်း၊ ညချင်း ချမ်းသာ မယ်ဆိုပြီး စိတ်ကူးယဉ်အိပ်မက်နေတာထက်
အခုလက်ရှိ နိုင်ငံတော် တိုးတက်ပြောင်းလဲအောင်
အစိုးရကို ဘယ်လို ထောက်ပံ့ ကူညီပြီး
ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ပူးပေါင်းပါဝင်သွားမယ်ဆို တာကို
လက်တွေ့ ကျကျ အကောင်အထည်ဖော်တာ ရုပ်လုံးပေါ်ပါတယ်
ဒီလိုမျိုးလက်တွေ့ ဆန်လာရင်တော့
ကျွန်တော်တို့  မြန်မာနိုင်ငံကြီးအတွက်
ကြီးမားတဲ့အရွေ့ တစ်ခုကို ပိုင်ဆိုင်လာပါလိမ့်မယ်
မမြင်ရတဲ့ အနာဂတ်ကို မျှော်တွေး
မဖြစ်လာသေးတဲ့ တိုးတက်ပြောင်းလဲမှုကို စောင့်စားနေမယ်ဆိုရင်တော့
နေဝင်ချိန်တွေ ဟာ ပိုမြန်လာပါလိမ့်မယ်..

မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာပဲ
တပ်မတော်သားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ
တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေမှုအပေါ် ကို
သွေးထိုးမြောက်ပင့်သူကို ဥပက္ခာပြုလို့ 
ကိုယ့်လူမျိုးအချင်းချင်း သတ်နေပါတယ်လို့ 
သတင်းတွေလွှင့် အခွင့်အရေးတွေတောင်း..
ဇာတ်နာအောင် ငိုပြနေကြလေတော့
နောက်က ကြိုးကိုင်သူကြီးကတော့
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အထာနဲ့ 
ဟားတိုက်လို့  ရီနေကြတာကို သိသိရက်နဲ့ 
မသိချင်ယောင် ဆောင်နေကြတယ်
အခု ရှမ်းမြောက် ရှမ်းအရှေ့ ကချင် ပြည်နယ်
တွေ မှာ တပ်မတော်က စစ်သားတွေ စစ်တိုက်နေရ
တယ်ဆို တာ ပြည်သူတွေ အရမ်းလိုချင် တဲ့
ဒီမိုကရေစီ ကြောင့် ပဲ ။
ဒီနေ့ အာဏာရှင် စနစ်ကို ပြန်အသက်သွင်း
ကြည့်လိုက် အဲ့ သောင်းကျန်းသူကို ကွန်မြူ
နစ်ကြီးက ခေါင်း ပုတ်ပြီး ငြိမ်ခိုင်းလိုက်လိမ့်မယ်။
ဒီလောက်မှ နားမလည်ရင် လွန်ခဲ့တဲ့နှစ် ၂၀
အခြေ အနေ ကို ခင်ဗျာ တို့ပြန်ကြည့်လိုက်ပါ။

နောင်အချိန်ဘာဖြစ်မယ်လို့  မျှော်လင့်တာထက်
လက်တွေ့ ဖြစ်ပျက်နေတဲ့ အရာတွေကို ဘာဖြစ်အောင်လုပ်မယ်လို့ 
လက်တွေ့ ကျကျ ရင်ဆိုင်သွားကြမယ်ဆိုရင်
ကျွန်တော်တို့ မြန်မာလူမျိုးတွေ မျှော်လင့်နေတဲ့
ခေတ်မီတိုးတက်တဲ့  ဒီမိုကရေစီနိုင်ငံတော်ကြီးကို
တည်ဆောက်နိုင်မှာပါ..
စိတ်ကူးယဉ်ထက် လက်တွေ့ ဘဝကို ရင်ဆိုင်ကြသူများဖြစ်ကြပါစေ..
-
-
မောင်ဗေဒါ

No comments: