Wednesday, October 28, 2015

နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျမ ဒေါ်စုကို မကြိုက်တဲ့အချက်တွေ အများကြီးရှိနေပါတယ် …ပိုစ့် ( ၄ ) ခုလောက်တင်မှရလိမ့်မယ် … ( အသေးဆုံး တစ်ခုကို အရင်ပြောပြပါ့မယ် ) .

နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျမ ဒေါ်စုကို မကြိုက်တဲ့အချက်တွေ အများကြီးရှိနေပါတယ် …ပိုစ့် ( ၄ ) ခုလောက်တင်မှရလိမ့်မယ် … ( အသေးဆုံး တစ်ခုကို အရင်ပြောပြပါ့မယ် )
.
ပထမဆုံး မကြိုက်တဲ့ အချက်က သူ့ကိုယ်ကျိုးအတွက် ပြည်သူကို စတေးလွန်းတာပါ … လူတိုင်းသိတဲ့ သက်သေတစ်ခုပြရရင် …
.
( ၈၈ ) ပြီးတော့ သူ့ကို အကျယ်ချုပ်ချ ထားတယ် … သူဘာပြောခဲ့လဲ …
.
:) ကျမကို အကျယ်ချုပ်က လွတ်အောင်လုပ် ပေးကြပါ … ပြည်သူတွေ လိုအပ်တာ အားလုံးလုပ်ပေးမယ် …
နောက်ဆုံး စစ်အစိုးရကို ကမ္ဘာ့ခုံရုံး တောင် တင်ပေးတော့ မလိုလိုပေါ့ …
.
စတေးလိုက်ကြတဲ့ ခလေးတွေ … ပြည်သူတွေ …
ပျက်လိုက်ကြတဲ့ ဘ၀တွေ … ကျိုးလိုက်ကြတဲ့ အညွန့်တွေ…  ကျောင်း တစ်ဝက် တစ်ပြက်တွေနဲ့ချည်းပဲ ထောင်ထဲမယ် …
.
မမှူဘူး မူပြောင်းချင်တာကိုး … ရဟန်းရှင်လူ ကျောင်းသားတွေ သွေးချောင်းစီး ရင်းပြီး … ပုခုံးထမ်းတင်ကြတယ် …
( လွတ်လာတယ် … ဘာမှမဖြစ်လာဘူး … သူ့အတွက် စတေး ခဲ့တဲ့ ကျောင်းသား ပြည်သူတွေ အတွက် ဘာတစ်ခုမှ ပြန်မပေးဆပ်ဘူး )
.
:) နောက်တစ်ဆင့်တက်ပြန်တယ် …
ကျမဘာမှလုပ်လို့မရဘူး ... ကျမကို လွှတ်တော်ထဲ ရောက်အောင် လုပ်ပေးပါ …
လွှတ်တော်ထဲရောက်မှ တင်ပြလို့ ရမှာပေါ့ …
ခြေဥရအောင်ပြင်မယ် …
ပြည်သူတွေ လိုတာအားလုံး လွှတ်တော်ကို တင်ပြ မယ် … အားလုံးပြောင်း လဲ စေရမယ် … အဓိက ခြေဥပြင်မယ် …
.
သိတ်သနားစရာကောင်းတဲ့ နားယောင်လွယ်တဲ့ ပြည်သူတွေ …
ကိုယ်လုံးတီး ပုဆိုးစုတ်လေးတွေနဲ့ ထမင်းရည်သောက်ပြီး တွန်း တင်ကြ ပြန်တယ် ….
.
ရောက်သွားတယ် လွှတ်တော်ထဲ သူအပါအ၀င် လူ ( ၄၀ ) …
.
( ဘာမဟုတ်တဲ့ ချောက်တိချောက်ချက် စုတ်ချာချာ အမတ်တွေ အားလုံး သူတို့ဒေသတွေအတွက် လိုအပ်တာတွေ ပြည်သူဆီကလည်း အလှူခံတယ် လိုငွေကို လွှတ်တော်မှာတင်ပြကြတယ် အားလုံးမဟုတ်တောင် ထက်ဝက်လောက်က လုပ်သင့်တာလုပ်တယ် တိုင်းရင်သားပါတီတွေကအစ ) …
.
သူနဲ့ လူ ( ၄၀ ) ဘာလုပ်ခဲ့လဲ …
.
ရာဇ၀င်တွင်မယ့် တောင်းဆိုမှုကြီးတွေ တောင်းခဲ့တယ် …
.
- သူကိုယ်တိုင်က ရှိပြီးသားဥ့ဒေကို ပြဌါန်းဘို့တင်ပြတယ်
( လွှတ်တော် အမတ်လုပ်ပြီး အတိုက်အခံခေါင်းဆောင် လုပ်ပြီး ကိုယ့်နိုင်ငံ မှာ ပြဌါန်းပြီးသား ဥပဒေကို မသိတာ လောကမှာ သူတစ်ယောက်ပဲရှိလိမ့်မယ် )
.
နောက်လိုက်တွေကလည်းမခေဘူး …
-  ပြည်သူ ၁% က အမတ်ကိုဖြုတ်ချလို့ ရတယ်ဆိုတာ များတယ် ၂၀% ဖြုတ်ချမှ ရမယ်လို့ပြောင်းပေးပါ တို့
.
- အမတ်တွေ လစာတိုးပေးပါ တို့
.
-  -တောင်သူလယ်သမားနေ့ကို လယ်သမားတွေသတ်မှတ်ပေးပါတို့
.
- ဆရာ ဆရာမများကို သင်ကြားပို့ချသူလို့ ပြောင်းခေါ်ပါတို့
.
- ( ၃၈ ) ပိုဒ်ပဲ ရှိတဲ့ ဥပဒေတင်ပြတာကို … အပိုဒ် ( ၄၂ ) ကိုကန့်ကွက်ပါတယ်တို့

စတဲ့ တိုင်းကျိုးပြည်ပြုတွေကိုတင်ပြခဲ့တယ် ….
.
( သူတို့အဖွဲ့ လွှတ်တော်ထဲ နေခဲ့တဲ့ သက်တမ်း တစ်လျှောက် မှတ်တိုင်တစ်ခု စိုက်နိုင်ခဲ့တယ် … အဲ့တာက …  လွှတ်တော်ထဲ မှာ ပေါက်လွှတ်ပဲစားအဆန်ဆုံး  စည်းကမ်း အမဲ့ဆုံးပါတီတဲ့ )
.
ဒီလိုနဲ့ပဲ … လွှတ်တော်ထဲရောက်ပြီး ဒေါ်ညိုညိုသင်းနဲ့ ကိုရီးယား ကားတွေရိုက်ပြီး …
.
လွှတ်တော် အပြင်ဘက် ကားထဲက တိတ်တခိုး အသံဖိုင်တွေ ထွက်လာခဲ့တယ်  …
.
:)  ဟောခုထပ်ပြောပြန်ပြီ
ကျမသမ္မတဖြစ်မှ လုပ်ပေးလို့ရမယ် … ပြည်သူ့အာဏာကို ပြည်သူတွေ လက်ထဲထည့်ပေးချင်တယ် … ကျမကိုသမ္မတဖြစ်အောင်လုပ်ပေးကြ ... ရှင်တို့လိုတာပေးမယ်တဲ့ ... တိန် ( စတေးလို့ပဲမ၀နိုင်တဲ့ မိန်းမ )
.
( အရင်က  ပြည်သူအားလုံးမျှော်လင့်တဲ့ မူပြောင်းမယ်အစား ..အဲ့မူကိုသူကိုယ်တိုင် ၅၉(စ) ကလွဲရင် မပြောင်းသင့်ပါဘူး တရားဝင်ကြေငြာ ကျမ်ကျိန်ပြီး … လူပြောင်းမယ်ဆိုတဲ့စကား အစားထိုးပြီး ကျမကို သမ္မတဖြစ်အောင် ထောက်ပံ့ပေးကြပါအုန်း ) ဆိုတာဖြစ်လာပါတော့ တယ် …။
.
:) :) .... သူက စတေးကောင်းတုန်း ပြည်သူကို ခိုင်းကောင်းတုန်း ဟိုဘက်က ဆင်းရမှာကြောက်တဲ့ သူခိုးအဖွဲ့က မဆင်းချင်လို့ အသဲအသန်ပြောင်းနေကြတာ အတော်ခရီးရောက်နေပြီ လေ ...
.
:) :) ... ကျမတို့က မူကိုတိုက်နေတာ ဖြစ်တဲ့အတွက် မူပြောင်းရင် ... လူဟောင်းဟောင်း သစ်သစ် လက်ခံရလိမ့်မယ်။
.
ဒါကြောင့် ကျမတို့  မူပြောင်းတဲ့သူကို လက်ခံလိုက်ကြတယ် ... သွေးချင်းတွေ စတေးရပေါင်း များနပြီလေ .... အစတေးမခံနိုင်တော့ဘူး ... ရင်နာလှပြီ
.
( သူကတော့ မူတွေပြောင်းလာတာလဲသိရော ...စစ်အစိုးရ စစ်ခွေးဆိုတဲ့ လွန်ခဲ့တဲ့ ကိစ္စတွေကိုချီး ခြောက်ရေနှူးပြီး ... လူပြောင်းမှရမယ်ဆိုပြီး ... ပြောတော့တာပဲ )
.

ကဲ … ကျမတို့က ဘယ်အတိုင်းအတာထိ ထမ်းတင်ပေးရအုန်းမှာတုန်း … ကျမတို့ပြည်သူတွေ ရဲ့ သွေး ချွေး ဘ၀တွေနဲ့ရင်းလို့ … သူရခဲ့တဲ့ ဆုပေါင် ( ၁၄၇ ) ဆုထဲက …
.
ပြည်သူကို ထမင်းရည်တစ်စွန်းတောင် တိုက်ဖို့စေတနာရှိခဲ့ရဲ့လားရှင် ….
.
( ၇သမျှဆုတွေကို သူ့သားကြီး နဲ့သူ့သားငယ်က လက်ခံပြီး နိုင်ငံခြား ဘဏ်ထဲ တန်းထည့် ခဲ့တာပဲမဟုတ်လား  )
.
သူအထင်မကြီးတဲ့ သူသိတ်ရွံတဲ့ ကျမတို့ ရဟန်း ရှင်လူ ပြည်သူတွေရဲ့ အသက် သွေး ချွေးတွေနဲ့ ရင်းပြီး၇လာတဲ့ ဆုတွေ ငွေတွေနဲ့ …
အစားအသောက်တောင် မြန်မာ့အစာ မသတီလို့ နိုင်ငံခြားကမှာစားပြီး သူ့မိခင်နိုင်ငံ အင်္ဂလန် သံရုံးရဲ့ အတွင်းဝန်ကို သူသိတ်ရွံ တဲ့ပြည်သူတွေကို စိတ်မချလို့ အနားခေါ်ထား တဲ့ … မိန်းမတစ်ယောက်ကို ကျမက လက်မခံနိုင်တော့တာ ကျမ မမှားဘူးရယ် ။
( ကျမကိုယ်တိုင် ၂၀၁၂ ကုန်ထိ ဒီမိုအစွန်းရောက်ခဲ့တာပါ … ဦးအောင်ကြီး တို့ သက်နှင်း သုန္ဒရီ တို့ဆိုတာ ကျမနောက်မှ ပေါ်လာတာပါ )
.
ကျမ အပါအ၀င် ... ဆရာတော်သံဃာတော်များနဲ့ ပညာတတ် ရဟန်းရှင်လူတွေ ကိုယ်တိုင် ... ကျားဆီ ပြန်ပြေးဖက် ကုန်တယ် ဆိုကတည်း က  ... ရှင်ကြီးက ကျားထက် အတော့်ကို ဆိုးနေလို့ပေါ့ရှင် ... မဟုတ်ဘူးလား။
.
.မယ်မဒီ

No comments: