Friday, October 30, 2015

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၃)

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၃)

October 27, 2015

ငါးနှစ်တာအတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အရှက်အရဆုံး ဖြစ်စေခဲ့တဲ့ ကိစ္စကတော့ ငြိမ်းချမ်းရေး မလုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ ၁၀ နှစ်ကြာ အထွေထွေအတွင်းရေးမှုးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျူးဘားကြယ်နီပြဿနာနဲ့ တတိယ ကမ္ဘာစစ် မဖြစ်အောင် ကြိုးစားနိုင်ခဲ့တဲ့ ဦးသန့်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သူမဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ အိမ်မှာနေပြီးရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုအပေါ် ပြည်သူတွေ သံသယဝင်ခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နော်ဝေနိုင်ငံအထိ သွားရောက်ခဲ့ပြီးရခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် မိန့်ခွန်းပြောခဲ့ပါသေးတယ်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတော့ ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှာ ဥက္ကဋ္ဌဖြစ် လာပါတယ်။ ဒါပေမယ့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများတွေနဲ့ MPC ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ လုံးဝပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်ချိန်တိုင်းမှာ အစိုးရက မဖိတ်လို့ ငြိမ်းချမ်းရေးမလုပ်တာဖြစ်ကြောင်း အရှက်မဲ့စွာ ဖြေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီပေါင်း ၆၆ ပါတီက အပစ်အခတ်ရပ်စဲရေးအမြန်ဆုံးရေးထိုးဖို့  တောင်းဆိုချက်ကို ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ NLD ပါတီက ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်း ကရင်ခေါင်းဆောင် အချို့နဲ့တွေ့ဆုံချိန်မှာ လည်း NCA လက်မှတ်မထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပြန်ပါတယ်။ အခုနောက်ဆုံး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲကိုတက်ရောက်ဖို့ အစိုးရ ဖက်က ဖိတ်ကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က အကြောင်းအမျိုးမျိုး ပြပြီး ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီလုပ်ရပ်တွေကြောင့် တိုင်းရင်းသားပြည်သူများအနေနဲ့  အံ့သြတုန်လှုပ်ခဲ့ကြရပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာသာမက၊ သူယူထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုအပေါ်မှာပါ စိတ်ပျက်ခဲ့ရ ပါတယ်။

မြန်မာ့ဒီမိုကရေစီ ပထမခြေလှမ်း ၅နှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက် တွေကို ပြန်ကြည့်မိပြီး မြန်မာ့ဒီမိုကရေစီဒုတိယခြေလှမ်းလာမယ့် ၅ နှစ်မှာတော့ ဘယ်လိုယုံကြည်ပြီး နိုင်ငံကိုပုံအပ် ရမလဲ ဆိုတာကို စဉ်းစားနေမိပါတော့တယ်။

ဒေါက်တာမျိုးချစ်(Soe Myint ဖေ့ဘုတ်)

No comments: