Friday, October 30, 2015

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၁)

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၁)
================================================
လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်ကိုင်လာတာ ၅ နှစ်တိတိ ပြည့်ပြီဖြစ်ပါတယ်။ ငါးနှစ်အတွင်းမှာ အစိုးရဘက်မှ ငြိမ်းချမ်းရေးဖြင့်သော်လည်းကောင်း၊ လွတ်ငြိမ်း ချမ်းသာခွင့်များဖြင့်သော်လည်းကောင်း၊ မီဒီယာလွတ်လပ်ခွင့်ဖြင့်သော်လည်းကောင်း ၂၀၁၀ မတိုင်ခင်ငါးနှစ်နှင့် ၂၀၁၀ အလွန် ငါးနှစ်ကို သိသိသာသာပြောင်းလဲအောင် ပြသနိုင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ၅ နှစ်အတွင်း အောင်မြင်မှုကို လက်ဆုပ်လက်ကိုင်ပြစရာမရှိဖြစ်နေပါတယ်။ ကောင်းမယ်ထင်သလို လုပ်ကြည့်လိုက်၊ အဆင်မပြေကာ အသစ်ပြန်လုပ်လိုက်နဲ့ Plan အမျိုးမျိုးပြောင်းခဲ့ရကာ ဦးတည်ချက်ပျောက်ပြီး ဆင်ကန်းတောတိုး ဖြစ်ခဲ့ရပါတယ်။ အစိုးရဘက်က ၂၀၁၂ ခုနှစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ MPC ကြောင့် တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် ၂၀၁၀ နှစ်ကုန်က စတင်ခဲ့တဲ့  ဒုတိယပင်လုံဖြစ်မြောက်ရေးအဖွဲ့ဟာ ငြိမ်းချမ်းရေးကို ယနေ့အထိ လုံးဝလုံးဝ မလုပ်နိုင်ခဲ့ပါဘူး။ ဒုတိယပင်လုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌကတော့ ငြိမ်းချမ်းရေးနိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၁ ခုနှစ် တစ်နှစ်လုံးမှာ ဈေးရောင်းပွဲ၊ အနုပညာပွဲများဖြင့်သာ အချိန်ကုန်ခဲ့ပြီး တိကျသည့် နိုင်ငံရေးမူဝါဒ မရှိခဲ့ပါဘူး။ ၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ရွေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ထားပြီး ၂၀၀၈ အခြေခံဥပဒေ ဆန့်ကျင်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး အကြောင်းများကိုသာ ပြောဆိုရင်း အချိန်ကုန်ခဲ့ပါတယ်။ ဦးအောင်ကြည်မှ ၄ ကြိမ်တိုင်တိုင် သွားရောက်ဆွေးနွေးခဲ့သော်လည်း ခေါင်းမာခဲ့ကြောင်း တွေ့ရပါတယ်။ အမာခံမီဒီယာများမှတစ်ဆင့် ကိုယ့်လူအချင်းချင်းတွေရဲ့ ထောက်ခံကြောင်း ပေးစာတွေ၊ ကျန်းမာ စေကြောင်း အသံဖိုင်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်တဲ့ အမေးအဖြေတွေနဲ့ အချိန်ကုန်နေခဲ့ပါတယ်။ RFA အမေး အဖြေ တစ်ခုမှာ ရွေးကောက်ပွဲဝင်ပါက ပြည်သူတွေအကျိုးမရှိတဲ့အပြင် ဒီမိုကရေစီ ခရီးမပေါက်ဖြစ်မယ်လို့ သြစတြေးလျ က မြန်မာ တစ်ဦးရဲ့ အမေးကို ဖြေကြားခဲ့ဖူးပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်ဟောင်းတချို့ စုဝေးခဲ့ပြီး ၉၀ ရွေးကောက်ပွဲရလဒ်က လက်တွေ့မကျတော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် NLD ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ရာ CRPP, NCGUB, NCUB နှင့် NLD-LA တို့၏ ဆန္ဒပြပွဲများ ရပ်တန့်ခဲ့ရပြီး အဖွဲ့ပေါင်းများစွာ ဖျက်ခဲ့ရပါတယ်။ လပေါင်းများစွာ ဆုပ်ကိုင်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်သမျှ ဘယ်တော့မှ မှတ်ပုံမတင် ဆိုတဲ့ NLD ရဲ့ ရပ်တည်ချက်က လေထဲမှာပျောက်သွားပြီး ရပ်တည်ချက်အသစ်ပြောင်းခဲ့ရပါတယ်။

ဆက်လက် ဖော်ပြပါမည်။

ဒေါက်တာမျိုးချစ်(Soe Myint ဖေ့ဘုတ်)

No comments: