Tuesday, October 27, 2015

ကချင်စစ်မျက်နှာ ကချင်စစ်မျက်နှာ ကချင်စစ်မျက်နှာ

ကချင်စစ်မျက်နှာ

အောက်တိုဘာ ၂၅ ရက်နေ့က KIA သောင်းကျန်းသူ တပ်မဟာ(၄) တပ်ရင်း (၉) စခန်းကို တပ်မတော်စစ်ကြောင်းမှ  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ် ....

နှစ်ဖက် အပြန်အလှန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပါတယ် ..  တပ်မတော်စစ် ကြောင်းကို  အမြောက်တပ်များက အဝေးရောက် ပစ်ကူများနဲ့ အကူအညီပေး ခဲ့ပါတယ် ....

တိုက်စစ်နှင့် ခံစစ်တို့၏ သဘောသဘာဝအရ  တိုက်စစ်ထက် ခံစစ်သည် အမြဲတမ်း အားသာချက် ရှိပါတယ် ...

သို့သော် ...    ခံစစ်ကို အထိရောက်ဆုံး ထိန်းချုပ်နိုင်ဖို့ရာ  အဝေးရောက် ပစ်ခတ်မှုများအပေါ်တွင် မူတည်နေပါတယ် ...   ဒါကြောင့်  အမြောက်တပ်များက အဝေးဆုံး ပစ်ခတ်နိုင်တဲ့  လက်နက်ဆန်းများနဲ့ ပစ်အားကို ထိန်းချုပ် ပစ်ခတ်ခဲ့ ပြီး မြေပြင် ခြေလျင်အဖွဲ့များက  `ကျားထိုး´ ၍ စခန်းကုန်းကို  လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့ပါတယ် ...

သောင်းကျန်းသူ ၁၀၀ ကျော် နေထိုင်စခန်းချတဲ့ စခန်းကုန်းဖြစ်တာကြောင့် သောင်းကျန်းသူများ အမြောက်တပ်ဖွဲ့၏ တိကျသော ပစ်ချက်များကြောင့် အကျအဆုံးများစွာနဲ့  စခန်းကုန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ပါတယ် ...

-
-
-

တပ်ကြပ်ကြီး ဖိုးစီ

No comments: