Saturday, October 31, 2015

ဒီမိုကရေစီ လော်စပီကာ

ဒီမိုကရေစီ လော်စပီကာ
======================
ယခု ၅ နှစ် သက်တမ်း ၏ နောက်ဆုံး လွှတ်တော် အစည်းအဝေးများကို မကြာမီ ကျင်းပတော့မည်။ လက်ရှိ လွှတ်တော်၏ မပြီးပြတ်သေးသော လုပ်ငန်း အချို့ကို လက်စသတ်ရန် ဖြစ်သော်လည်း လာမည့် လွှတ်တော် အသစ် အတွက် အခန်းဆက် ဇာတ်လမ်းတွေ လည်း ကျန်ရှိနေပေဦးမည်။ သို့ရာတွင် မပြီးပြတ်သေးသည် တို့ကို လက်ဆင့်ကမ်း သယ်ဆောင်ရာ ဝယ် လွှတ်တော်နှင့် အစိုးရ အဖွဲ့ လုပ်ထုံး လုပ်နည်းခြင်း မတူပြန်။ ထိုထိုသော ကိစ္စများကို မည်သို့ ဆောင်ရွက်ကြမည် ဆိုခြင်းနှင့် ပတ်သက်၍ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် အချို့ကို မေးမြန်းစုံစမ်းကြည့်ရာတွင်  . . . . .
အစိုးရ အဖွဲ့ ကတော့   သူ့ရဲ့    မပြီးပြတ် သေးတဲ့ အလုပ်တွေကို နောင်အစိုးရက   သယ်သွားလို့  ရပါတယ် ကျွန်တော်တို့     လွှတ်တော် ကတော့    အဲဒီလိုလုပ်လို့     မရပါဘူး
-
ဦးစောလှထွန်း
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး
-
အခု ကျင်းပမယ့် လွှတ်တော်က (၁၃) ကြိမ်မြောက် လွှတ်တော် အစည်း အဝေးပါ။ လွှတ်တော် သက်တမ်းက လည်း ၂ဝ၁၆ ဇန်နဝါရီ ၃၁ ရက် မှာ ကုန်ဆုံးမှာဖြစ်တဲ့ အတွက် အခုကျင်းပ မယ့် လွှတ်တော်ဟာ နောက်ဆုံးလွှတ် တော် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပြီး ကျင်းပတဲ့ လွှတ်တော်ဖြစ်တဲ့ အတွက် လက်ရှိ ရှိနေတဲ့ လွှတ်တော် ကိုယ်စား လှယ်တွေထဲက ဘယ်သူတွေ ကတော့ နောင် လာမယ့် လွှတ်တော်အသစ်မှာ ပါမယ်။ ဘယ်သူတွေ ကတော့ ကျန်ခဲ့မယ် ဆိုတာ အားလုံး သိပြီးသားလည်း ဖြစ်ကြပါမယ်။ ဘာပဲဖြစ်ဖြစ် အ တည်ပြု ပြဋ္ဌာန်းဖို့ ရှိသေးတဲ့ ဥပဒေကြမ်း တွေ လွှတ်တော်မှာ ရှိသေးတယ်။  ပြည်သူ့ လွှတ်တော်မှာ ဥပဒေကြမ်း ၁၆ ခု၊  ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်း ၆ခုပါ။ ဒါတွေကို လွှတ် တော် သက်တမ်း အတွင်း ပြီးပြတ်အောင်ဆောင်ရွက် လို့ရတဲ့ ဥပဒေတွေ ကို ဆောင် ရွက် သွားပါမယ်။ မပြီးပြတ်သေးတဲ့ ဥပဒေကြမ်းတွေက နောက် လွှတ်တော် ကို ရွှေ့ရတော့မှာပေါ့။ မေးခွန်းတွေ မေးတာတွေက သိပ် ရှိတော့မယ် မထင်ဘူး။
-
ဒေါက်တာမြတ်ညဏစိုး
အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး
-
ရွေးကောက်ပွဲပြီး ၃ ရက် အကြာ မှာပဲ ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီ အစည်းအဝေး ရှိပါတယ်။ အမျိုး သား လွှတ်တော် မှာဆိုရင် ဆောင်ရွက် ဆဲ ဥပဒေကြမ်း က အခု ၃ဝ ရှိနေပါ တယ်။ ခုလွှတ်တော်က အချိန် သိပ်မလို တော့တဲ့ အတွက် ရတဲ့ အချိန်ထဲမှာပဲ ဥပဒေတွေ ကို ပြဋ္ဌာန်းသွားမှာပါ။ ကျွန်တော်တို့ လွှတ်တော်က အစိုးရ နဲ့ လုပ်နည်း ကိုင်နည်း ကွာခြားပါတယ်။ အစိုးရ အဖွဲ့ ကတော့ သူ့ရဲ့ မပြီးပြတ် သေးတဲ့ အလုပ်တွေကို နောင်အစိုးရက သယ်သွားလို့ ရပါတယ်။ ကျွန် တော်တို့ လွှတ်တော် ကတော့ အဲဒီလိုလုပ် လို့မရ ပါဘူး။ ဥပမာပြောရရင် ဥပဒေကြမ်းတစ်ခုဟာ တစ်ဝက်တစ်ပျက်ပဲ ရှိတယ်။ ဒါကို နောက် လွှတ် တော်က ထပ်ဖြည့်ပြီး ပြဋ္ဌာန်းချင် လည်း ပြဋ္ဌာန်းမယ်။ မပြဋ္ဌာန်းဖို့ ကလည်း များတယ်။ နောက်ပြီး ဖြည့်စွက် ရန်ပုံငွေကိစ္စ ကလည်း လွှတ်တော် မှာ ဆွေးနွေး ရပါဦး မယ်။ ရွေးကောက်ပွဲ ရလဒ်ပေါ် မူတည်ပြီး မပြီးပြတ် သေးတဲ့ ကိစ္စရပ်တွေ၊ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ လွှတ် တော်က ဆက်လက် ဆောင်ရွက်သွားပါမယ်။
-
ဒေါ်ခင်စောဝေ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရသေ့တောင်မြို့နယ် ၊ ရခိုင်အမျိုးသားပါတီ
-
လွှတ်တော်က အစိုးရရဲ့ ဘတ် ဂျက်ကိစ္စတွေကို ဆွေးနွေးဖို့  ကျန်နေ သေးတဲ့ အတွက် အခု ကျင်းပမယ့် လွှတ် တော်မှာ လွှတ်တော် ကိုယ်စားလှယ် တွေက ဒီကိစ္စကို အဓိက ဆွေးနွေးသွား ဖို့ ရှိပါလိမ့်မယ်။ ပြီးတော့ မပြီးပြတ်သေး တဲ့ ဥပဒေ ကိစ္စရပ်တွေ ကိုလည်း ဆွေး နွေးကြပါလိမ့်မယ်။ လွှတ်တော်ရဲ့ တာဝန် နဲ့ ဝတ္တရား အတိုင်း ကိုယ်စားလှယ် တွေက အစိုးရ ကို မေး ခွန်းတွေ မေးမြန်းတာကိုလည်း လုပ်ကြပါမှာ။ ပြီးတော့ အခြေအနေ နဲ့ အချိန်အခါကို လိုက်ပြီး အရေးကြီး အဆိုတွေ တင်သွင်း သင့်တယ် ဆိုလည်း တင်သွင်းကြမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီတစ် ခေါက် လွှတ်တော်က ဒီအစိုးရ ရဲ့ နောက်ဆုံး လွှတ်တော် ဖြစ်တဲ့ အတွက် လွှတ်တော် က သူ့ရဲ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်သွားမှာပါ။
-
ဒေါ်ခင်သန္တာ
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်၊  တံတားဦးမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
-
ကျွန်မတို့ ကော်မတီက အစိုးရနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ အစိုးရ က လွှတ်တော် ကိုပေးထားတဲ့ ကတိတွေ၊ အာမခံချက်တွေနဲ့ ပတ်သက်ပြီး နောင်လာမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ကို စနစ်တကျ လွှဲပြောင်းပေးဖို့ ရှိပါတယ်။ အဲဒီလို လွှဲပြောင်းပေးရာမှာ အရင်အစိုးရ ရဲ့ကတိတွေကို နောင် အစိုးရကဆောင် ရွက်ပေးဖို့ သင့်တယ် လို့ ဆုံးဖြတ်ရင် ဆောင်ရွက်ပေးနိုင်ဖို့ပါ။ အချို့သော အချက်အလက်တွေ ကိုတော့ နောင်အစိုးရ က သူ့ရဲ့မူဝါဒနဲ့ ပယ်ဖျက်ချင်တယ်ဆိုလည်း ပယ်ဖျက် လို့ရပါတယ်။ အခု ကျွန်မတို့ လွှတ်တော် သဘောထား နဲ့ နောင် လာမယ့် လွှတ်တော်ရဲ့ သဘောထားဟာ တူချင်မှလည်း တူမှာပါ။ ဥပမာပြောရရင် အခုလွှတ်တော်မှာ မလိုအပ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းချင်တဲ့ သူတွေရှိပါတယ်။ အဆိုအဖြစ် တင်သော် လည်းပဲ ရှုံးနိမ့်သွားခဲ့တဲ့ သူတွေ ရှိပါတယ်။ ဒါတွေဟာ နောင်လွှတ်တော် ရဲ့ သက်တမ်း တစ်ခုမှာ အောင်မြင် ချင် လည်း အောင်မြင် သွားနိုင်ပါတယ်။ ဒီသဘော ကိုပြောတာပါ။ ဘာပဲဖြစ်ဖြစ် အခုလွှတ်တော် ဟာ နောက်ဆုံး လွှတ်တော်ဖြစ်တဲ့ အတွက် နောင် လွှတ်တော်မှာတက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အခုလက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေက တာဝန် ဝတ္တရားတွေကို စနစ်တကျ လွှဲပြောင်းပေးကြဖို့ ရှိပါတယ်။

No comments: