Wednesday, October 28, 2015

သူ့မှာ အလကားရတဲ့ နိုဘယ်ဆုမရှိဘူး။ သူ့မှာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု မရှိဘူး။

သူ့မှာ အလကားရတဲ့ နိုဘယ်ဆုမရှိဘူး။

သူ့မှာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု မရှိဘူး။

သူ့မှာ သူဘာပြောပြော သူဘာလုပ်လုပ် လုပ်ခုပ်ဝိုင်းတီးကြမဲ့
ပရိသတ်မရှိဘူး။

သူ့မှာ သူ့ရဲ့အမှားနည်းနည်းကို မြင်းမိုရ်တောင်လောက်
ဖော်ပြတတ်ပြီး ၊
သူ့ရဲ့ကောင်းကွက်ကိုတော့ အမြဲလျစ်လျူရှုတတ်တယ်
မီဒီယာသမားမျိုးတွေ၊ နိုင်ငံရေးသမားမျိုးတွေသာ
ပိုင်ဆိုင်ထားတယ်။

ဒါပေမယ့်...ဒါပေမယ့်...
ကြမ်းပိုးကို လိပ်ဖြစ်အောင် အပုံကြီးချဲ့တတ်ကြတဲ့
မြန်မာ့မီဒီယာတွေကြားမှာ သူစစ်ဗိုလ်ချုပ်ဘဝက
လာဘ်စားခဲ့တာမျိုး အဂတိလိုက်စားခဲ့တာမျိုး
မဖော်ပြနိုင်လောက်အောင် အပြစ်ကင်းခဲ့တယ်။

မိဘက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆင့်လောက်နဲ့တောင်
မိုက်ရိုင်း မော်ကြွားတတ်တဲ့ သားသမီးမျိုးတွေပေါများတဲ့
မြန်မာပြည်မှာ..
စတုတ္ထမြောက် နိုင်ငံတော်အကြီးအကဲဖြစ်ခဲ့တဲ့သူရဲ့
သားသမီးတွေဟာ မည်သည့်နာမည်ဆိုးမှ မရှိခဲ့ကြဘူး။

သူ့ရင်ထဲမှာ ရိုးသားခြင်းတွေရှိတယ်။
သူ့နှလုံသားသာဟာ အဖြူသက်သက်သာဖြစ်တယ်။
သူဟာ အေးဆေးတယ် တည်ငြိမ်တယ်
ပြဿနာပေါင်းများစွာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတတ်တယ်၊
သေနတ်သံတစ်ချက်မှ မဖောက်ရပဲ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် အရောက်သွားနိုင်တဲ့ စွမ်းအားတွေရှိတယ်။
အပြောသမားတွေ ကြားထဲမှာ
သူဟာ လက်တွေ့တွေနဲ့ဖြတ်သန်းလာခဲ့တယ်။
သူ့တိုင်းပြည် သူ့လူမျိုး သူ့ဘာသာ သူ့သာသနာရဲ့
အကျိုးကိုသာကြည့်တတ်တဲ့
ရဲ့ရင့်ပြတ်သားတဲ့စိတ်ဓာတ်မျိုး သူ့မှာ ရှိတယ်။

ဒီမိုကရေစီ ငါးနှစ်သား အစိုးရဆိုပေမယ့်
နှစ်ငါးဆယ်လောက် ပြောင်းလဲလာတဲ့
ဖွံ့ဖြိုးတိုးတက်မှုမျိုး သူ လုပ်ပြနိုင်ခဲ့တယ်..။

ဒီမိုကရေစီ ငါးနှစ်သား အစိုးရကို ၊
တစ်ခြား တစ်ခြားသော...
ဒီမိုကရေစီဘိုးအေတွေနဲ့ ခိုင်းနှိုင်းနေတာဟာ
မူလတန်းကလေးကို အထက်တန်းစာတွေ ကျက်ခိုင်းသလိုမျိုးဖြစ်နေတယ်ဆိုတာ
မင်းတို့သိဖို့ကောင်းတယ်...။

ဘယ်အစိုးရမှ အခွံသာကျန်တော့တဲ့တိုင်းပြည်ကို
ငါးနှစ်အတွင်း မပြောင်းလဲပစ်နိုင်ဘူး...
ဒီအတွက်..သူ့ကို အချိန်ထပ်ပေးဖို့လိုလိမ့်မယ်...
အဲဒီအချိန်အတိုင်းအတာကို စောင့်ကြည့်ဖို့တော့လိုလိမ့်မယ်။
ဒါကြောင့်...သမ္မတကြီး နောက်ငါးနှစ်ဆက်ရှိဖို့...
မျှော်လင့်နေပါသေးတယ်...။

Thitsan Kha

No comments: