Saturday, October 31, 2015

ရွေးကောက်ပွဲတွင် မဲရလဒ်တူညီနေပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်မည်

ရွေးကောက်ပွဲတွင် မဲရလဒ်တူညီနေပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်မည်

ရွေးကောက်ပွဲတွင် ပြိုင် ဘက်ကိုယ်စားလှယ်များ၏ ခိုင်လုံ မဲအရေအတွက် ချင်းတူညီနေပါ က ရွေးကောက်ပွဲအသစ်ထပ်မံ ကျင်းပပေးရန် (သို့မဟုတ်) ဆိုင်း ငံ့ထားရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရ မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ နည်းဥပဒေများ၌ ပြဋ္ဌာန်းထား သည်။

‘‘ဒါမျိုးက ဖြစ်ခဲပါတယ်။ ဒါ ပေမဲ့မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူး။ ဖြစ်လာရင်တော့ ဥပဒေ အတိုင်းပဲလုပ်ဆောင်သွားမှာပါ’’ ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးဦးတင် ထွန်းက ပြောသည်။ မဲဆန္ဒနယ် တစ်နယ်တွင် ခိုင်လုံမဲအများဆုံး ရရှိသူများ၏ ဆန္ဒမဲအရေအတွက် တူညီနေသဖြင့် ရွေးကောက်ပွဲ အ သစ်ထပ်မံကျင်းပရန်သင့်၊ မသင့် ကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသည် သဘောထား မှတ်ချက်နှင့်အတူ ကော်မရှင်သို့ အမြန်ဆုံးအစီရင်ခံ ရမည်ဟု ပြဋ္ဌာန်းထား သည်။ကော်မရှင်အဖွဲ့ခွဲ၏ တင်ပြ ချက်နှင့်စပ်လျဉ်းပြီး အယူခံခြင်း ရှိ၊ မရှိကို လည်းကောင်း၊ လိုအပ် သည့် အခြားအချက်များကို တောင်းခံစိစစ်ပြီး ရွေးကောက်ပွဲ အသစ်ထပ်မံကျင်းပပေးရန် (သို့ မဟုတ်) ဆိုင်းငံ့ထားရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲနည်းဥပဒေများ၌ ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့ သော ၁၉၈၂၊ ၁၉၈၅၊ ၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲ များတွင် ယင်းကဲ့သို့ မဲရလဒ်တူသ ဖြင့် ကော်မရှင်က ဆုံးဖြတ် ပေးခဲ့သည်ကို မကြားဖူးခဲ့ကြောင်း အဆိုပါ ရွေးကောက်ပွဲများကို ဖြတ်သန်းခဲ့ သူ ဦးသန်းထွန်းက ပြော သည်။

‘‘ရလဒ်တူတာတော့ မကြား ဖူးဘူး။ နှစ်မဲအသာ၊ သုံးမဲအသာနဲ့ နိုင်တာမျိုး တွေတော့ တွေ့ဖူး တယ်’’ဟု ၎င်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ် စားလှယ်လောင်း ခြောက်ထောင်ကျော်က မဲဆန္ဒနယ်နယ်ပေါင်း တစ်ထောင်ကျော်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆန္ဒရှင် ၃၄ သန်း ကျော်ခန့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

7daydaily.com

No comments: