Thursday, October 29, 2015

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားရေးနှင့် နိုင်ငံတော်လုံခြုံရေးအတွက် သုံးစားမရဟုဦးဝီရသူမိန့်ကြား

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားရေးနှင့် နိုင်ငံတော်လုံခြုံရေးအတွက် သုံးစားမရဟုဦးဝီရသူမိန့်ကြား

CBS သတင်းဌာန၏ ၆၀ မိနစ် The new Burma အစီအစဉ်၌ ဆရာတော် ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည် သည် အမျိုးသားရေးနှင့် နိုင်ငံတော်လုံခြုံရေးအတွက် သုံးစားမရသူဟု မိန့်ကြားခဲ့သည်။

သတင်းထောက် ဘီလ် ဝှစ်တိက်ကားကဆရာတော် ဦးဝီရသူအားဒေါ်အောင်ဆန်းစုကြည်အပေါ် မည်သို့ မြင်ပါသနည်းဟုမေးမြန်းခဲ့ရာဆရာတော်ဦးဝီရသူက

“နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားရေးနဲ့ပတ်သက် ရင်  ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးစားမရတဲ့သူပဲ”

မိန့်ကြားခဲ့ရာသတင်းထောက် ဝှစ်တိတ်ကားက
“သုံးစားမရတဲ့သူလို့ ပြောတာလား” ဟုအတည်ပြုနိုင်ရန် မေးမြန်းခဲ့ရာ
ဆရာတော်ဦးဝီရသူက “မှန်ပါတယ်” ဟုမိန့်ကြားခဲ့သည်။

အဆိုပါပြောကြားချက်အပေါ် ဒဂုံမြို့နယ်မှ မဲဆန္ဒရှင် ပြည်သူတစ်ဦးဖြစ်သူ ကိုအောင်နိုင်က “သုံးစားမရတဲ့သူဆိုတာကတော့ အမှန်ပဲဗျ။ အမျိုးသားရေးနဲ့ ပတ်သက်လာရင် ဒေါ်စုကို ကျွန်တော်တို့ သံသယရှိတယ်။ သူပြောနေတာတွေ အကုန်လုံးလည်းမယုံဘူး။ ဗြိတိသျှ ထောက်လှမ်းရေးက ခိုင်းတာလုပ်နေတာလို့တောင် တစ်ခါတစ်လေထင်မိတယ်။ သူ့ကိုဒီလိုမျိုးထောက်လှမ်းရေးတွေ အနီးကပ်ထားပြီးလုပ်ပေးနေတာဘာကြောင့်လဲ၊ ဒေါ်စုဘက်ကဘာတွေ ပြန်ပေးရမှာလဲစဉ်းစားမိတယ်။ ဗြိတိသျှဆိုတာဗိုလ်ချုပ်အောင်ဆန်းကို ဦးစောနဲ့ ပေါင်းပြီးသတ်ခဲ့တဲ့ လူမျိုး။ ပြီးတော့ OIC အထောက်အပံ့တွေ ယူပြီးဘာတွေ လုပ်မှာလဲ လျှို့ဝှက်ထားတယ်။ ဒေါ်စုပြောသမျှ အစိုးရကို လက်ညိုးထိုးတာနဲ့ အဆုံးသတ်တယ်။ ကျွန်တော်တို့ပြည်သူတွေအတွက် မစားရဝခမန်းတွေ လျှောက်ပြောနေတာ၊ ဒါနဲ့ စည်းရုံးနေတာ။ ကျွန်တော်တို့ ကိုယ်လုပ်မှ ကိုယ်စားရမှာရှင်းရှင်းလေးပဲ။ ဘယ်အစိုးရတက်တက်။ ဒါပေမယ့် အမျိုးသားရေးအတွက်တော့ ကျွန်တော်တို့ အားလုံး သတိကြီးကြီးထားသင့်ပါတယ်။ ကျွန်တော်ကတော့ ဒေါ်စုကိုမယုံဘူး။ သူဘာပြောပြော တစ်ခုခုချန်ထားတယ်လို့ စိတ်ထဲမှာခံစားရတယ်”လို့ ပြောပါတယ်။

“သုံးစားမရတာတော့ အမှန်ပဲ။ သံဃာတွေကိုမကောင်းပြော၊ သာသနာကိုနာမည်ပျက်အောင် လုပ်ခဲ့တာဒေါ်စုနဲ့ NLD တွေပါပဲ။ ဦးဝီရသူကို တိုင်းမ်မဂ္ဂဇင်းအဖုံးမှာ ကမ္ဘာသိအပုပ်ချခဲ့တာဒေါ်စုနဲ့ NLD တွေ နိုင်ငံတကာနဲ့ ပေါင်းပြီးလုပ်ခဲ့တာ။ အခုဆိုရင် သာသနာတော် ညှိုးနွမ်းအောင် အပုပ်ချတာခံနေရတယ်။ NLD ထဲမှာဘင်္ဂလီတွေ အများကြီးရှိတယ်။ သူတို့ကအပုပ်ချ၊ ဒေါ်စုကအလိုတူ အလိုပါ၊ သံဃာတွေ စောင့်ကြည့်ရေးအဖွဲ့တွေတောင် ဖွဲ့ထားသေးတယ်။ ဘယ်လောက် ဆိုးသလဲဆိုရင် ကွန်မြူနစ်တွေကပေါ်တင် တိုက်ခိုက်တာ။ NLD က ဘင်္ဂလီနဲ့ပေါင်းပြီး သာသနာကိုအပုပ်ချတာ ပိုပြီးကောက်ကျစ်တယ်။ သာသနာအတွက် ဒေါ်စုပါးစပ်ကဘာတစ်ခွန်းအကောင်းပြောဘူးတာရှိသလဲ။ စဉ်းစားကြည့်လေ။ ဘာသာရေးကိုအသုံးချတယ် ဆိုပြီးအပုပ်ချနေတာ။ နိုင်ငံအတွက် မပြောနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘာသာသာသနာအတွက် ဘာများအကောင်းပြောတာရှိဖူးသလဲ။ နိုင်ငံခြားသားတွေနဲ့ တွေ့ရင် မကောင်းပြောတယ်။ သံဃာတွေ ဝင်ရှုပ်တယ် ပြောလေ့ရှိတယ်။ သုံးစားစရာတစ်စက်မှ မရှိဘူးလို့ ဦးဝီရသူပြောတာအပြည့်အဝထောက်ခံပါတယ်” အမျိုးဘာသာသာသနာတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးသြဘာသ က မိန့်ကြားသည်။

http://www.cbsnews.com/news/new-burma-aung-san-suu-kyi-60-minutes/

No comments: