Friday, October 30, 2015

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၄) ========

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၄)
=============================================
ငါးနှစ်အတွင်းဒေါ်အောင်ဆန်းစုကြည် အဓိကဦးတည်ခဲ့တဲ့နိုင်ငံရေးက သမ္မတဖြစ်ရေးပဲဖြစ်ပါတယ်။ ပထမ အကြိမ် ဥရောပခရီးစဉ်ကစပြီး သမ္မတဖြစ်လိုကြောင်း ပေါ်ပေါ်ထင်ထင် စတင်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ပြည်တွင်း/ပြည်ပက မီဒီယာများနဲ့ အင်တာဗျူးလုပ်တိုင်း သမ္မတဖြစ်လိုကြောင်း၊ ၎င်းသမ္မတဖြစ်ဖို့ကူညီ ပေးစေလိုကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး NLD ပါတီဝင်တွေက ၅၉(စ) ပြင်ဆင် ရေး ဆန္ဒပြပွဲတွေ လုပ်ရပါတော့တယ်။ ဒါပေမယ့် လူတစ်ဦးတစ်ယောက်အတွက် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးထည့်ခဲ့တဲ့ ဥပဒေကို ပြင်ဆင်ရန် ကြိုးစားသည်ဟု ဝေဖန်ခံခဲ့ရပြီးနောက် ၅၉(စ) ပြင်ဆင်ရေး ဆန္ဒပြပွဲတွေ ရပ်တန့်ခဲ့ရပါတယ်။ လွှတ်တော်တွင်းမှာ ပြင်ဆင်ဖို့ကြိုးစားခဲ့ပေမယ့်လည်း နိုင်ငံရေးပါတီ အများစုနဲ့ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်အများစုက ၅၉(စ)ပြင်ဆင်ရေးကို လက်မခံကြပြန် ပါဘူး။ အဲ့ဒီချိန်ကစပြီး NLD ရဲ့ နိုင်ငံရေးလှုပ်ရှားမှု တစ်ခန်းရပ်ခဲ့ပါတယ်။

အကြံကုန်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီဝင်မဟုတ်သူ ဦးဝင်းချိုနဲ့ ဦးနေမျိုးဇင်တို့မှ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲတွေ စတင်လုပ်ဆောင်တာကို သတိထားမိပြီး ၄၃၆ ကို အရင်ပြင်ပြီးမှ ၅၉(စ) ပြန်သွားဖို့ အကြံရသွားပါတယ်။ အဲဒီနောက် အလုပ်လက်မဲ့ဖြစ်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကို ခေါ်ကာ အစည်းအဝေးလုပ်ပြီး ၄၃၆ ပြင်ဆင်ရေး ဆန္ဒမဲကောက်ရန် လှုပ်ရှားမှု စတင်လာခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး အတိုက်အခံအင်အားစု နှစ်ခုဖြစ်တဲ့ NLD နဲ့ ၈၈ မျိုးဆက်တို့ ပူးပေါင်း လုပ်ကိုင်ခြင်းဖြစ်သဖြင့် အချို့ကမျှော်လင့်ချက်ကြီးစွာ ထားခဲ့ကြပါတယ်။ ရန်ကုန်ဗိုလ်စိန်မှန်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တိုင်းများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လှည့်လည်ကာ စည်းရုံး ဟောပြောခဲ့ပါတယ်။

မန္တ္တလေးတွင် ဆရာတော်များကို ဆွမ်းလောင်းကာ ၄၃၆ လက်မှတ်ထိုးခိုင်းကြောင်း၊ လက်မှတ်စာရင်းတွင် သေဆုံးသူများ၏ အမည်များပါနေကြောင်း၊ အများစုမှာ တစ်ဦးတစ်ယောက်တည်းက အကြိမ်ကြိမ်ထိုးထား သည့် လက်မှတ်များဖြစ်ကြောင်း ဝေဖန်မှုများရှိနေသော်လည်း NLD မှ အများမြင်သာအောင် ဖော်ပြခြင်း မရှိခဲ့ပါဘူး။

၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု ကာလအတွင်း ဆန္ဒပြခံရခြင်းများ၊ တပ်ကုန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဘိုးအိုတစ်ဦးတို့ အချေအတင် ပြောဆိုမှုများ၊ အင်းစိန်တွင် NLD ဆိုင်းဘုတ် ဆုတ်ဖြဲခံရမှုများ ဖြစ်ပွားခဲ့ ပါတယ်။ NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့အနေနဲ့ လွှတ်တော်ဘက်က ပုဒ်မ ၄၃၆ မပြင်ဆင်ဘူးဆိုရင် အနာဂတ် မှာ ဘာဆက်လုပ်မလဲဆိုတဲ့ မဟာဗျူဟာ ချမှတ်ထားတာမျိုးမရှိသလို တင်ပြီးချိန်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တစ်စုံတစ်ရာ ထပ်မံတောင်းဆိုတာမျိုး မတွေ့ရတော့ပါဘူး။ ပြည်သူတွေ မှာ လက်မှတ်သာထိုးလိုက်ရပြီး ဘာမှပြန်မရလိုက်ပါဘူး။ လက်မှတ်များအားလုံးမှာလည်း အဟောသိကံဖြစ် ကာ ၄၃၆ လှုပ်ရှားမှု လည်း ကောက်ရိုးမီးဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ပွဲပြီးမီးသေ ဖြစ်သွားပြန်ပါတယ်။

၄၃၆ ဆန္ဒကောက်ခိုင်းမှုတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြိမ့်ခြိမ့်သဲ ကျင်းပပြီးချိန်မှာ NDF ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးအောင်ဇင်တို့ တင်သွင်းတဲ့ PR စနစ်ကို ဆန္ဒပြဖို့ NLD ဦးဆောင် ခဲ့ပြန်ပါတယ်။ ဒီမိုကရေစီ နုနယ်သေးတဲ့ မြန်မာနိုင်ငံမှာ PR သုံးဖို့ မသင့်တော်သေးဆိုပြီး အကြောင်းပြပါတယ်။ ဒီမိုကရေစီနုနယ်သေးတယ်ဆိုပြီး ဖက်ဒရယ်ကျင့်သုံးဖို့၊ အမေရိကန်လို လူ့အခွင့်အရေးတွေရဖို့၊ မြန်မာနိုင်ငံကြီး နေ့ချင်းညချင်း တိုးတက်ဖို့ကိုတော့ နုနယ်တာကို မေ့ထားပြီး တောင်းဆိုကြပြန်ပါတယ်။ PR ကန့်ကွက် ဆန္ဒပြသူများကို PR အကြောင်း မေးကြည့်တော့ မသိသူတွေ၊ မကြားဖူးသူတွေဖြစ်နေပါတယ်။ လူထုတစ်ရပ်လုံး နောက်မှ ပါမလာခြင်းကြောင့် ထိရောက်မှုမရှိခဲ့ပါဘူး။

ဒီမိုကရေစီနိုင်ငံများမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်ပြီး၊ သမ္မတလက်မှတ်မှာ အပြီးသတ်ဖြစ် သော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်မှန်သမျှ ကို သဘောမကျတိုင်း ဆန္ဒပြခိုင်းပါတယ်။ လူထုဆိုတဲ့စကားလုံးနဲ့ ကိုင်ပေါက်ပါတယ်။ ဆန္ဒဖော်ထုတ်ပွဲ တွေ၊ ဆန္ဒခံယူပွဲတွေသာ ဆက်တိုက်လုပ်ခဲ့ပေမယ့် ၅ နှစ်အတွက် အောင်မြင်မှုရလဒ် ဘာမှထွက်မလာခဲ့ ပါဘူး။
-
ဒေါက်တာမျိုးချစ်(Soe Myint ဖေ့ဘုတ်)
-
https://www.facebook.com/thepeoplesvoices/posts/698792226923977
၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၃)
-
https://www.facebook.com/thepeoplesvoices/photos/a.566348206835047.1073741828.566334866836381/697833763686490/?type=3
၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၂)
-
https://www.facebook.com/thepeoplesvoices/photos/a.566348206835047.1073741828.566334866836381/697637420372791/?type=3
၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၁)

No comments: