Monday, October 26, 2015

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုဆိုတာသိပ္ပံပညာရှင် အဲလ်ဖရက်နိုဗယ်လ် (Alfred Nobel) က ဒိုင်းနမိုက်ကို တီထွင်မိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ကမ္ဘာကြီးကို အကျိုးဖြစ်ထွန်းအောင် ပြန်လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၀၁ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုဆိုတာသိပ္ပံပညာရှင် အဲလ်ဖရက်နိုဗယ်လ် (Alfred Nobel) က ဒိုင်းနမိုက်ကို တီထွင်မိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ကမ္ဘာကြီးကို အကျိုးဖြစ်ထွန်းအောင် ပြန်လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၀၁ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
.
အဓိကတော့ နိုင်ငံအချင်းချင်း အကြား ချစ်ကြည်ရင်းနှီးမှုတွေ ရရှိအောင်လုပ်ဆောင်ဖို့၊ စစ်ရေးတိုက်ခိုက်မှုတွေ လျော့ပါး သွားအောင် လုပ်ဆောင်ဖို့ အကောင်းဆုံးနဲ့ အထူးခြားဆုံးဆောင်ရွက်နိုင်တဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်း အဖွဲ့တွေကို နှစ်စဉ်နှစ်တိုင်း ပေးအပ် ချီးမြှင့်နေတာဖြစ်ပါတယ်။
.
ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရဲ့ မူရင်း ရည်ရွယ်ချက်အမှန်ဟာ အလွန်ပဲ တန်ဖိုးရှိပြီး မွန်မြတ်မှန်ကန်လှပါတယ်။
.
ဒီလိုမျိုး တန်ဖိုးထားစရာကောင်းလှတဲ့ နိုဗယ်လ်ဆုကို အခုနောက်ပိုင်းမှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုပေး အပ်ခံရတဲ့သူတွေကို ပြန်ကြည် လိုက်ရင် သူတို့နိုင်ငံတွေရဲ့ အစိုးရတွေအပေါ် မှာ သစ္စာဖောက်နေတဲ့အမျိုး သားသစ္စာဖောက် တွေ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်သူ တွေကို အများဆုံးပေးနေတာတွေ့ရပါတယ်။
.
နိုဗယ်လ်ဆု ရွေးချယ်ရေးအဖွဲ့ဟာ ဒီလိုမျိုးအမျိုးသား သစ္စာဖောက်တွေကို လိုက်လံရွေးချယ်ပြီးနိုဗယ်ဆုပေးနေတဲ့အတွက် နိုဗယ်လ်ဆုရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးတွေကျဆင်းနေခဲ့ပါတယ်။
.
ဆုရဲ့ဂုဏ်သိက္ခာတွေ ကျဆင်းပေမယ့် ဆုရဲ့ ငွေကြေးတန်ဖိုးကတော့ များပြားလွန်းလှတဲ့ အတွက် နိုဗယ်ဆုရတဲ့သူတွေဟာ သူ့တို့ရဲ့တစ်သက်တာ မှာဘာမှ မလုပ်ဘဲ စားမကုန်နိုင်တဲ့ ငွေကြေးတွေကို ပိုင်ဆိုင်သွားခဲ့ကြ ပါတယ်။
.
ဆိုဗီယက်ပြည်ထောင်စုသမ္မတဂေါ်ဘာဂျော့ကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆု ပေးလိုက်လို့ ဆိုဗီယက်ကြီး ပြိုကွဲသွားပြီး ဒီကနေ့အထိ ဆူပူ အကြမ်းဖက်မှုတွေ ဆိုးရွားစွာဖြစ်နေပါတယ်။
.
ဒါဟာအထင်ရှားဆုံး သမိုင်း မှတ်တမ်းတစ်ခုပါပဲ။ နောက် တရုတ်အစိုးရကို ဆန့်ကျင်တိုက်နေတဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားကို နိုဗယ်ဆု ပေးလိုက်တယ်။
.
နောက်မြန်မာနိုင်ငံမှာ ၁၉၈၈ခုနှစ်မှာ တိုင်းပြည် ဖယိုဖရဲနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တယ်။
.
အဲဒီအချိန် သူတို့သြဇာခံ သူတို့နိုင်ငံသားခံယူထားသူ ဒေါ်အောင်ဆန်းစုကြည် ကို ၁၉၉၁ခုနှစ်မှာငြိမ်းချမ်းရေး နိုဗယ်လ်ဆု ပေးလိုက်တယ်။
.
လွတ်လပ် ရေးရပြီးကထဲက ပေါ်ပေါက်လာခဲ့တဲ့ပြည်တွင်းသောင်းကျန်းမှုတွေ ခုချိန်ထိမချုပ်ငြိမ်းသေးဘူး။
.
ငြိမ်းချမ်းရေးနိုဗယ်လ်ဆုတွေဟာကမ္ဘာမှာရှိတဲ့အတိုက်အခံတွေကိုရွေးချယ်ပေးနေတာမို့ငြိမ်းချမ်းရေး အတွက်တကယ်ထိရောက်မှုမရှိသေးပါဘူး။
.
ကမ္ဘာ မှာ လေးစားဖွယ်ကောင်းတာဆိုလို့တောင်အာဖရိက က နယ်လ်ဆင်မန်ဒဲလား တစ်ဦးပဲ ထင်ထင်ရှားရှားရှိပါသေးတယ်။
.
ပါကစ္စတန်နိုင်ငံသူမာလာလာဆိုရင်လည်း သူတို့ နိုင်ငံမှာသူဟာ သာမန် မိန်းကလေးတစ်ယောက်ပါပဲ။
.
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တာလီဘန်တွေက သေနတ်နဲ့ ပစ်ခဲ့ရာမှာမသေ ဘဲကျန်ရစ်ခဲ့တဲ့အတွက် နာမည်ကြီးသွားခဲ့ပါတယ်။
.
သူ့နိုင်ငံ အတွက်သူ့ရဲ့လုပ်ဆောင်မှု ဘာမှမရှိပေမယ့် သူ့ကိုနာမည်ကြီး အောင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် တင်သွင်းခြင်းခံခဲ့ရပါတယ်။ .
မနှစ်ကနိုဗယ်လ်ဆုအတွက် ပေးခဲ့တဲ့ ဓာတုဖျက်သိမ်းရေးအဖွဲ့ဆိုတာလဲ ခုချိန်ထိသူတို့ဖျက်သိမ်းလိုက်တဲ့ဓာတုလက်နက်ရယ်လို့ထင်ထင်ရှားရှားမပြနိုင်သေးပါဘူး။
.
အဲလ်ဖရက်နိုဗယ်လ် ဖြစ်စေချင်တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ၊ စစ်ပွဲတွေကင်းမဲ့တဲ့ ကမ္ဘာကြီး ဖြစ်စေဖို့ သူက ရည်ရွယ်ပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို ထားခဲ့တာ ဖြစ်ပေမယ့်
.
ဆုရွေးချယ်ရေးအဖွဲ့ဟာ နိုင်ငံတိုင်းမှာရှိကြ တဲ့ ဆူပူလှုပ်ရှားသူတွေ၊ အကြမ်း ဖက် သူတွေ၊ အစိုးရကို အတိုက်အခံ လုပ်သူတွေ၊ အမျိုးသား သစ္စာဖောက် လုပ်နေသူတွေကိုသာ ရွေးချယ်ပေးအပ်နေတာမို့ ကမ္ဘာကြီးမှာ အသေခံ ဗုံးခွဲ မှုတွေ၊ စစ်ပွဲတွေ၊ ဆူပူမှုတွေနဲ့ ပြည့်နေပါတယ်။
.
တကယ်တော့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆိုတာ ကမ္ဘာကြီးကို ဆူဆူပူပူဖြစ်အောင် ပေးနေသလား လို့တောင် မေးခွန်းထုတ်စရာဖြစ်နေကြောင်း တင်ပြလိုက် ပါတယ်။
From: ဒေါက်တာဥာဏ်အောင်(USA)
Crdt fr : Mm Dailystar
.

No comments: