Monday, September 28, 2015

NLD ဥက္ကဋ္ဌ ဒေါ် စုကြည်ထံသို့ ဟုမ္မလင်းမြို့နယ်ရဟန်းတော် ၏ အိတ်ဖွင့်ပေးစာ ________________________

NLD ဥက္ကဋ္ဌ ဒေါ် စုကြည်ထံသို့ ဟုမ္မလင်းမြို့နယ်ရဟန်းတော် ၏ အိတ်ဖွင့်ပေးစာ
_____________________________________________
သို့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်
“မင်္ဂလာပါ’’ ဟု ရှေးဦးစွာ နွေးထွေးလှိုက်လှဲစွာဖြင့် နှုတ်ခွန်းဆက်သလိုက်ပါသည်။
ကြီးပွားတိုးတက်ခြင်း၏ အကြောင်း တရားတို့ကို မင်္ဂလာဟု ဆိုသဖြင့် နိုင်ငံတော်ကြီးပွားတိုးတက်ရေးအတွက် နယ်ပယ်အနှံ့ ခရီးဆန့် ဟောပြောနေသော ကြီးပွားတိုးတက်ခြင်း၏ အခြေခံအကြောင်းတရားတို့ကို သယ်ဆောင်လာသော ဒကာမကြီးသည် မင်္ဂလာတရားတို့ကို သယ်ဆောင်လာသည်ဟု ဆိုနိုင်သဖြင့် “မင်္ဂလာပါ”ဟု နှုတ်ခွန်း ဆက်သလိုက်ခြင်းဖြစ်ပါသည်။
လွတ်လပ်ရေး ပိသုကာ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သော ဒကာမကြီး၏ ဖခင်သည် ဤအထက်ချင်းတွင်း ခရီးစဉ်သို့ လာမည်ဟု ကြံရည်ပြီး အကြံအစီ အထမမြောက်ဖြစ်ခဲ့ရပါ၏။ ယခုတော့ ဖခင်အထမမြောက်ခဲ့သည့် ခရီးစဉ်ကို သမီးဖြစ်သူက ဖြည့်ဆည်းပေးခဲ့ရပြီ။ နယ်သူနယ်သားတို့လည်း ဒကာမကြီးနှင့် တွေ့ခွင့်ရခဲ့ရပေပြီ။ ရှမ်းလူမျိုးတို့ အများစုနှင့် အခြားချင်း ၊ နာဂ (အနည်းစု)တို့နေထိုင်ရာ အထက်ချင်းတွင်းဒေသ(ဟုမ္မလင်းခေါ် ညောင်ပိန္နဲမြို့တော်)မှ နွေးထွေးလှိုက်လှဲစွာပင် ကြိုဆိုပါ၏။
အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံလျက် ဒီမိုကရေစီရေးကို လက်မလျော့တမ်း တတ်စွမ်းသမျှ ကြိုးစားအားထုတ် လျက်ရှိခြင်း ၊ မြန်မာ့ဝတ်စုံဖြင့် မြန်မာအမျိုးသမီးတို့၏ တင့်တယ်ခြင်းကို (အဆင်းရော အချင်းပါပြည့်စုံစွာဖြင့်) ကမ္ဘာပေါ်တွင် ထင်ရှားပေါ်လွင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း စသည်တို့အတွက်ကြောင့်လည်း ဒကာမကြီးအား လွန်စွာကျေးဇူးတင်မိသလို ဂုဏ်ယူဝမ်းမြောက်မိပါ၏။
ဦးဇင်းသည် ၁၉ ဝါရ ရှမ်းအမျိုးသား ရဟန်းတော်တပါးဖြစ်ပြီး ယခုကာလတွင် အချို့သောသူတို့ အသံပင်မကြားချင် လောက်အောင် ဖြစ်နေသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ပါးလည်း ဖြစ်ပါသည်။ ၂၀၁၀ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလတွင် အုတ်တချပ် သဲတပွင့်အနေဖြင့် အကူအညီရလိုရငြား “ဗုဒ္ဓဝါဒနှင့် ဒီမိုကရေစီ”ဟူသော စာစဉ်ကိုပြုစုလျက် လွတ်တော်သို့ အုပ် ၇၀၀ လှူဒါန်းခဲ့ဖူးသည်။ ဒကာမကြီးထံသို့လည်း ရုံးချုပ်မှတဆင့် ပေးပို့ခဲ့ဖူးပါသည်။ (ရောက်မရောက်တော့မသိ)
မြန်မာ့ယဉ်ကျေးမှု၏ ရေခံမြေခံဖြစ်သော ဗုဒ္ဓဝါဒနှင့် နိုင်ငံရေးစနစ်တို့တွင် လူကြိုက်များ ရေပန်းစားလှသည့် ဒီမိုကရေစီစနစ်တို့ကို ဥာဏ်မီသမျှ ဆက်စပ်လျက် ဗုဒ္ဓဝါဒလာ မည်သို့သော အခြေခံစိတ်ဓာတ်တို့ဖြင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ကို (အခြေခံစိတ်ဓာတ်နှင့် တကွသော ဒီမိုကရေစီစနစ်ကို) တည်ဆောက်သင့်ကြောင်း တင်ပြထားသည့် စာစဉ်ဖြစ်ပါသည်။
ပထမအကြိမ် ဒကာမကြီး အမေရိကန် ခရီးစဉ်သွားခါနီးကာလတွင် ဒကာမကြီးနှင့် တွေ့ဆုံခွင့်ရရန် ကြံရွယ်ခဲ့ဖူးသော်လည်း အထမမြောက်ခဲ့ပါ။
ယခုအခါ ကြုံတောင့်ကြုံခဲ ဒကာမကြီး ဦးဇင်းတို့ မြို့နယ်သို့ ရောက်လာခိုက်တွင် လက်ရှိမြန်မာနိုင်ငံ၏ စိတ်ရှုပ်ထွေးဖွယ်ရာ နိုင်ငံရေး ဘာသာရေး ရောထွေးနေမှုပြဿနာတို့ကို သာသနာဝန်ထမ်း ရဟန်းတော်တစ်ပါး အနေဖြင့် လည်းကောင်း ၊ ပြည်သူ တစ်ဦးအနေဖြင့် လည်းကောင်း အနည်းငယ်တင်ပြပါဦးမည်။
ရဟန်းတော်တစ်ဦးက ကြီးလေးလှသည့်တာဝန်တို့ကို ထမ်းဆောင်နေသည့် ဒါယိကာမကြီး တစ်ဦးအား သူ၏ ထင်မြင်ယူဆချက်တို့ကို အကြံပြုခြင်းများဟု ဆိုနိုင်သကဲ့သို့ ပြည်သူတစ်ဦးက ခေါင်းဆောင်တစ်ဦးအား သူအမြင်ကို တင်ပြခြင်းကဲ့သို့လည်း မှတ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံ ကြုံတွေ့နေရသော ပြဿနာတို့သည် -
(၁) အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနေသော ပြဿနာ
(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲနေသော ပြဿနာ
(၃) ဗုဒ္ဓယဉ်ကျေးမှုနှင့် အစ္စလာမ်ယဉ်ကျေးမှုတို့ စတင်တိုးတိုက် အားပြိုင်နေခြင်း ပြဿနာဟူ၍ ဦးဇင်းတို့က ရှုမြင်ပါသည်။
ယဉ်ကျေးမှုတိုးတိုက်ခြင်း ပြဿနာကို အချို့သော နိုင်ငံရေး သမားတို့က အသိအမှတ်မပြုပါ။ ပြဿနာအဖြစ်လက်မခံပါ။ သို့သော် ဟားဗတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဟန်တင်တန်တို့ကဲ့သို့သော ပညာရှင်များကတော့ ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုတိုးတိုက်ခြင်းပြဿနာသည် ရှေ့တန်းသို့ ရောက်လာနိုင်ကြောင်း အထောက်အထား အကိုးအကား အပြည့်အစုံနှင့် ကျမ်းတစ်စောင်ပေတစ်ဖွဲ့ပြုစုကာ လွန်ခဲ့သော နှစ်များစွာကပင် တင်ပြခဲ့ဖူးပါသည်။ သို့သော် အံ့သြစဖွယ်ကောင်းလောက်အောင် ခုထိ ထိုပြဿနာကို ပြဿနာအဖြစ် ရှုမြင်ခြင်း မရှိသူတို့ များစွာ ရှိနေပါသေးသည်။
ထိုယဉ်ကျေးမှုတိုးတိုက်ခြင်း ပြဿနာသည် နိုင်ငံရေးနှင့် ဘာသာရေးကို ရှုပ်ထွေးအောင် ခွဲရခက်အောင် တွန်းပို့ခဲ့သော ပြဿနာဖြစ်ခဲ့သည်။
ဗုဒ္ဓယဉ်ကျေးမှုသည် အစ္စလာမ်ယဉ်ကျေးမှုနှင့် တွေ့ထိတိုင်း အမြဲတမ်း အရှုံးပေး နောက်ဆုတ်ခဲ့ရသည့် ခါးသီးသော သမိုင်းကြောင်း ရှိခဲ့သည်။ ရခိုင်အရေးအခင်းထဖြစ်တော့ အတိတ်သမိုင်း၏ ခြိမ်းခြောက်မှုကိုခံရသော ရဟန်းတော်တို့ ယဉ်ကျေးမှုတိုးတိုက်ခြင်း ရှုထောင့်မှ လွန်စွာအထိတ်တလန့် ဖြစ်ခဲ့ရသည်။ ဦးဇင်းတို့က ရခိုင်အရေးကို နယ်မြေလု ပြဿနာသက်သက်ဟု မမြင်ပါ။ ယဉ်ကျေးမှု ပြဿနာနှင့်ပါ တွဲ၍ မြင်ပါသည်။ ပြင်ပခိုးဝင်လာ၍ နယ်မြေတို့ကို သိမ်းပိုက်ထားသည် ဖြစ်စေ ၊ အတွင်း၌ ရှိနေသောသူတို့က ပေါက်ဖွားမှုအားကောင်း၍ နယ်မြေတို့ကို တဖြည်းဖြည်း သိမ်းသွားသည်ဖြစ်စေ ယဉ်ကျေးမှု ရှုထောင့်မှ အစ္စလာမ်ယဉ်ကျေးမှု၏ ဗုဒ္ဓယဉ်ကျေးမှုနယ်မြေတို့ကို လွမ်းမိုးအနိုင်ယူသွားခြင်းဟုသာ သတ်မှတ်ပါသည်။
ထို့ကြောင့် ယဉ်ကျေးမှုတိုးတိုက်ခြင်းပြဿနာကို ကာကွယ်နိုင်ရန် မျိုးစောင့်ဥပဒေကိစ္စကို စတင်ဆောင်ရွက်ခဲ့ပါသည်။
ရခိုင်အရေးအခင်းပင် ကောင်းစွာမပြီးသေးပါ။ အားကိုးတကြီးချည်းကပ်သည်က ဒကာမကြီးတို့ NLD ပါတီကိုသာ ဖြစ်သည်။ မန္တလေးတွင် ဒေါ်ဝင်းမြမြ ၊ ဦးထွန်းထွန်းဦးတို့နှင့်တွေ့၏။ ထိုဒကာမကြီးနှင့် စကားပြော၍ အပေးမယူ သိပ်မတည့်။ ဦးထွန်းထွန်းဦးမှ လှမ်းချိတ်ပေးသဖြင့် ရုံးချုပ်တွင် ဥပဒေတာဝန်ခံ လွတ်တော်အမတ် ဦးအုန်းကြိုင်နှင့်တွေ့၍ ဆွေးနွေးပါသည်။ အဘဦးဝင်းတင် ရှိပါသေး၏။ အဆင်မပြေ။
သို့နှင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာ ဆောင်ရွက်လျက် ဥပဒေအကြံပြုချက်အနေဖြင့် နိုင်ငံတော်သမတ၊ ပြည်သူ့လွတ်တော် ၊အမျိုးသားလွတ်တော်တို့ထံတင်သည်။ နိုင်ငံတော်သံဃမဟာနာယကထံသို့လည်း သံဃာတော်များ၏ လျောက်ထားချက်အနေဖြင့် သီးခြား တင်ပါသည်။ ပြည်သူ့လွတ်တော်မူကို တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ထံသို့လည်း မိတ္တူပို့ ပါသည်။ ၁၁ .၇ . ၂၀၁၂ ရက်စွဲဖြင့် ဖြစ်သည်။ ထိုစဉ်က အများပြည်သူမသိလိုက်ကြပါ။ ထိုကြိုးစားချက် အရာမထင်သဖြင့် ၂၀၁၃ တွင် ထပ်မံကြိုးစားကြသောအခါ အငြင်းပွားဖွယ်တို့ ပါဝင်လာလျက် ငြင်းခုန်မှုတို့ ဖြစ်ပေါ်လာပါတော့သည်။
ဦးဇင်းတို့စတင်ကြိုးစားစဉ်အခါက နိုင်ငံရေးကစားရန်ဟူသည် ယောင်င်၍ပင် မတွေးမိခဲ့ပါ။ ယဉ်ကျေးမှုတိုးတိုက်ခြင်းရှုထောင့်မှ ပြဿနာတို့ကို ကာကွယ်နိုင်ရန်သာ ရည်မှန်းခဲ့သည်။ ယဉ်ကျေးမှု တိုးတိုက်ခြင်းကို ပြဿနာအဖြစ် ရှုမြင်သူတို့က ထိုရှုထောင့်အတွက် ဥပဒေတို့လိုအပ်သည်ဟု ရှုမြင်ချိန်တွင် ယဉ်ကျေးမှုတိုးတိုက်ခြင်းကို ပြဿနာအဖြစ် မရှုမမြင်သူတို့က ထိုဥပဒေတို့ မလိုအပ်ဟု ယူဆခြင်းသည် သဘာဝကျသော ဝိရောဓိများသာ ဖြစ်ပါသည်။ ထိုဝိရောဓိများ၏ အသင့်တော်ဆုံးသော အဖြေကို ခုထိ ဆွေးနွေး ညှိနှိုင်းနိုင်ခြင်းမရှိသေးပါ။
ဦးဇင်းတို့အနေဖြင့် ယဉ်ကျေးမှုတိုးတိုက်ခြင်းကို ဘာသာသာသနာ ကွယ်ပျောက်သွားစေနိုင်သော လွန်စွာကြောက်ဖွယ် ကောင်းသော အရေးကြီးသည့် ပြဿနာအဖြစ် ရှုမြင်ပါသည်။ ဘာသာတရားကိုအခြေခံလျက် ဖြစ်ပေါ်သော မတူညီသော ယဉ်ကျေးမှုများသည် ၊ လက်ထပ်မှုဟူသော လူမှုရေးနယ်ပယ် ၊ ဘာသာကူးပြောင်းမှုစသော ဘာသာရေးနယ်ပယ် ၊ ကူးသန်း ရောင်းဝယ်မှု ဟူသည့် စီးပွားရေးနယ်ပယ်စသည်တို့၌ တိုးတိုက်ပြီး နောက်ဆုံး နိုင်ငံရေးနယ်ပယ်အထိ တိုးတက်ကျယ်ပြန့်လျက် တိုးတိုက်တတ်သည်ဟု အခိုင်အမာ ယူဆပါသည်။
ထိုပြဿနာတို့ကို ကာကွယ်ရန် ယာယီဖြေဆေးအနေဖြင့် ရှိသင့်ရှိထိုက်သော သင့်လျော်လျောက်ပတ်သည့် ဥပဒေတို့ရှိသင့်သည်ဟု ယူဆလျက် မျိုးစောင့်ဥပဒေကို ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြခြင်းဖြစ်ပါသည်။ အချို့ထင်သကဲ့သို့ အစိုးရက နိုင်ငံရေးကစားနိုင်ရန် သံဃာတော်များကို အသုံးချခြင်းမဟုတ်ပါ။ သံဃာတော်များက ဘာသာသာသနာကာကွယ်နိုင်ရန် အစိုးရကို အသုံးပြုခြင်း အစိုးရ၏ အားကိုယူခြင်းသာဖြစ်ပါသည်။ (တစ်ဖက်၏ အကြိုက်အကွက်ဆိုက်သွားသည်လည်း ဖြစ်နိုင်ပါသည်။)
ထိုမျိုးစောင့် ဥပဒေကိစ္စနှင့် ပတ်သက်ပြီး ဒကာမကြီးတို့ အဖွဲ့၏ ရပ်တည်ချက်များကို ကြည့်ပြီး ဆရာတော် သံဃာတော်များက များစွာယုံမှားသံသယ ဝင်သွားခဲ့ကြပါသည်။ “ငါတို့ အားကိုးတကြီးရှိခဲ့တဲ့ အဖွဲ့အစည်းက ဒီလိုကြီး ရပ်တည်ပါလား” ဟုလည်း များစွာစိတ်မကောင်းတော်မူကြပါ။ အချို့ကတော့ မျိုးစောင့်ဥပဒေ ကြိုးစားချက်သည် စောသေးသည်။ အခါမဟုတ်သေး။ ဒီမိုကရေစီရေးကို ကြိုးစားပြီးမှ မျိုးစောင့်ဥပဒေကို ဆောင်ရွက်သင့်သည်ဟု ဆိုကြသည်။
မျိုးစောင့်ဥပဒေ ဟူသော အသံကိုပင် နားခါးသူတို့လက်ထက်တွင် ထိုဥပဒေအကောင်အထည် ဖေါ်ဖို့ လွန်စွာခက်ခဲလိမ့်မည်မှာ သေချာပါသည်။
မြန်မာ့နိုင်ငံရေး၏ လမိုက်ည သန်းခေါင်ကာလတွင် ဒကာမကြီးနှင့် ဒကာမကြီးတို့၏ အဖွဲ့သည် နိုင်ငံသူ နိုင်ငံသားများ ဆရာတော် သံဃာတော်များတို့၏ တောက်ပြောင်သော ကြယ်အလင်းရောင်များ ဖြစ်ခဲ့ကြပါသည်။ ဒကာမကြီးသည်လည်း ဦးဇင်းတို့ အားလုံး၏ မျော်လင့်ချက်ရောင်ခြည်ပင် ဖြစ်ခဲ့သည်။ သို့သော် တကယ်လက်တွေ့တွင် မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက်များအဖြစ် အလိုအလျောက်ရပ်တည်မိလျက်သား ဖြစ်ရသည်မှာ လွန်စွာစိတ်မကောင်း ဝမ်းနည်းစဖွယ်ကြီး ဖြစ်ပါတော့သည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော်ကြီးများဆိုလျှင် ဒကာမကြီးနှင့် အဖွဲ့အပေါ် အတော်သံယောဇဉ် ရှိတော်မူကြပါသည်။ အင်းစိန်ရွာမ ဆရာတော်ကြီးဆိုလျှင် ကိုယ်တော်တိုင် လက်မှတ်ထိုးလျက် သုံးကြိမ်တိတိ ဆွေးနွေးညှိနှိုင်းရန် ဖိတ်ခေါ်ဖူးသည် ဆိုပါသည်။ ဒကာမကြီးထံ ရောက်မရောက် မသိရပါ။ ယခုနှစ်တွင် ကျင်းပပြီးစီးသွားသည့် နှစ်ပတ်လည်ညီလာခံ မတိုင်ခင်တွင်လည်း အဖွဲ့မှ ဒကာကြီးအချို့ကို ခေါ်လျက် ဒကာမကြီးထံမှ အခြားစကား ပြောရခက်လျင်ပင် “ ဆရာတော်တို့ ဘာမျှ မစိုးရိမ်ကြပါနဲ့ ဘုရား”ဆိုသည့် လျောက်ထားသည့် စကားလေး ကြားချင်ကြောင်း ၊ ထိုမျှလေး ကြားရလျှင် ကျေနပ်ပြီဖြစ်ကြောင်း ခေါ်၍ မိန်တော်မူကြသေးသည်ဟု တိပိဋကဆရာတော်ဘုရားမှ ညီလာခံတွင် မိန့်ကြားတော်မူပါသည်။ သို့သော် ထိုစကား ဒကာမကြီးထံ မရောက်၍လား ၊ အဘယ်အကြောင်းကြောင့် မှန်းမသိ မကြားရဖြစ်ခဲ့ရသည်။ ထိုအခါ ဆရာတော်တို့မှ သံသယကြီးသွားပုံရပါသည်။ (အင်းစိန်ဆရာတော်ဘုရားကြီး၏ ဒကာမကြီးတို့အပေါ် အရင်က သဘောထားကို ဒကာမကြီးတို့ သိပြီးဖြစ်ပါသည်။ တိပိဋက မော်ကျွန်းဆရာတော်ဆိုလျှင် ကျောင်းတွင် ဒကာမကြီး၏ ပုံများချိတ်ဆွဲထားသဖြင့် ရောက်လာသော ဒေါ်ကြိုင်ကြိုင်ပင် မျက်နှာပျက်ရသည်ဟူ၏။ ဦးဝီရသူ၏ ကျောင်းတွင် ဒကာမကြီး၏ ခန်းလုံးပြည့် ပုံများပင် ရှိသည်။တစ်ပုံတည်းပင် မဟုတ်။ ခုတော့ မရှိတော့ပါ)
ဦးဇင်းကတော့ “ဒကာမကြီးက နိုင်ငံရေးအတွက် ဘာသာရေုးကို အသုံးပြုသလိုဖြစ်သည်”ဟု စိတ်မလုံသောကြောင့် ဆရာတော်များကို တွေ့ဆုံခြင်း မပြုခြင်းလား ၊ သို့မဟုတ် ထိုစကား မရောက်၍လားဟု နှစ်မျိုးတွေးပါသည်။ အဘက်ဘက်မှ အကြပ်အတည်း တွေ့နေရသော ကာလတွင် ထိုအကြပ်အတည်းကို ပြေလည်စေနိုင်ရေးအတွက်၊ အားလုံးအဆင်ပြေရေး ချမ်းသာရေးအတွက် မည်သူနှင့်မဆို တွေ့သင့်သည်ဟု ထင်မြင်ယူဆပါသည်။ ထိုသို့တွေ့ခြင်းကြောင့် နိုင်ငံရေးအတွက် ဘာသာရေးကို အသုံးပြုခြင်းဟု လုံးဝဆို၍ ကဲ့ရဲ့၍ မဖြစ်ပါ။ သင့်တော်သော ပြဿနာဖြေရှင်းနည်းဟုသာ ဆိုရပါမည်။
တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြဿနာ၏ အဖြေကို မရှာနိုင်ခဲ့ကြခြင်းကြောင့် တဖက်နှင့်တဖက် အမြင်စောင်းမှု ၊ သံသယကြီးမှုတို့သည် ပို၍ တိုးပွားလာရတော့သည်။ လူမှုကွန်ယက်လောကသို့ တစ်ချက်လောက်တက်ကြည့်စေချင်ပါသည်။ တစ်ဖက်နှင့်တစ်ဖက် ပြောဆိုရေးသား နေကြမှုများသည် လွန်စွာဆိုးရွားလှတော့သည်။ ဆရာတော်သံဃာတော်များကို ဆဲဆိုရန်၊ တိုက်ခိုက်ရန်လည်း ဝန်လေးခြင်းမရှိကြတော့ပါ။
ထိုသို့ သံဃာတော်များကို တိုက်ခိုက်နေသူတို့သည် ကြားအဖွဲ့တစ်ခုမှ လှည့်စားတိုက်ခိုက်ခြင်းလည်း ရှိနိုင်ပါသည်။ သို့သော် ဒကာမကြီးတို့၏ အဖွဲ့အစည်းမှ ( သို့) NLD ထောက်ခံသော အဖွဲ့များမှ ပိုများမည်ဟု ဦးဇင်းတို့ ခန့်မှန်းပါသည်။ ဥပမာ ဆရာထင်လင်းဦးဆိုလျှင် ပါတီ၏ ခေါင်းဆောင်ပိုင်းလောက်တွင်ပင် ရှိနေပါသည်။ ထိုအခါ ဆရာတော် သံဃာတော်များ၏ ရင်ထဲတွင် “NLD ဆိုလျှင် ဆရာတော်သံဃာတော်များကို ဆဲဆိုဝေဖန်တိုက်ခိုက်ရန် ဝန်မလေးသော အဖွဲ့၊ နိုင်ငံတော်တိုးတက်ရေးကို လက်ညှိးထိုး၍ ဘာသာရေးကို ထိုးကျွေးဖို့ ဝန်မလေးသော အဖွဲ့များ”အဖြစ် ရင်ထဲ မှတ်ယူ ခံစားလာရသော အနေအထားသို့ တဖြည်းဖြည်း ရောက်ရှိလာပါတော့သည်။ NLD ဆိုလျှင် သံဃာများအား ဆန့်ကျင်နေသည့် အဖွဲ့အဖြစ်မြင်သော အမြင်များပင် ဖြစ်ပေါ်လာရသည်။ လွန်စွာဆိုးရွားလှသော အနေအထားဖြစ်သည်။ ဒကာမကြီးတို့အဖွဲ့က တိုက်ခိုက်သည် မတိုက်ခိုက်သည် ဆန့်ကျင်ဘက်ပြုသည် မပြုသည်ဆိုခြင်းထက် သံဃာတော်များ၏ ဒကာမကြီးတို့ အပေါ်ပြောင်းလဲလာသော အမြင်ကို တင်ပြခြင်းဖြစ်ပါသည်။(ဒကာမကြီး၏ ရခိုင်အရေးနှင့် ပတ်သက်၍ ရပ်တည်ပြောဆိုချက်တို့သည် ရခိုင်သားတို့ မျက်ရည်ပင် တောက်တောက် ကျရသည်ဟူ၏။)
ဦးဇင်းဆိုလျှင် တော်တော်အလယ်အလတ်ကျကျ မြင်တတ်အောင် ကြိုးစားကြည့်ပါသည်။ သို့သော် တဖြည်းဖြည်းနှင့် ဦးဇင်း၏ ဒကာမကြီးတို့အဖွဲ့အပေါ်မြင်သော အမြင်များသည် အရင်ကနှင့် မတူတော့ကြောင်း သတိပြုမိလာသည်။ ငါတို့တတွေ စစ်အစိုးရ လက်ထက်တုန်းက ထောင်ထဲ မနေခဲ့ရဖူးဘူး။ ဒါပေမယ့် သူတို့လက်ထက်ကျမှ ထောင်ထဲနေရမလားမသိဘူးဟုပင် စိတ် ဖြစ်မိပါသည်။ သူငယ်ချင်းတွေနှင့်ပင် ပြောမိကြသည်။ ထိုသို့ခံစားရသူ တော်တော်များများ ရှိပါသည်။ ဦးဇင်းတို့ အတွေး၊ ခံစားချက် မှားကောင်း မှားနိုင်ပါသည်။ သို့သော် ခံစားရသည့် အနေအထားအမှန်ကို ဒကာမကြီးတို့ သိသင့်သောကြောင့် ထိုအချက်ကို တင်ပြခြင်းဖြစ်သည်။
မျိုးစောင့်ဥပဒေ လွတ်တော်တွင် မဲခွဲစဉ်ကာလ ဒကာမကြီးတို့ အဖွဲ့၏ ရပ်တည်ချက်များသည် အတော်ပင် ရဲတင်းလွန်းသည် သူတပါးတို့၏ ခံစားချက်(သံဃာတော်များ၏ ခံစားချက်)ကို အလေးပေးမှုအားနည်းလွန်းခဲ့သည်ဟု ထင်မြင်ယူဆရပါသည်။ ဦးဇင်းတို့ အနေဖြင့် ထိုသို့ရပ်တည်လိမ့်မည်ဟုမထင်ခဲ့ပါ။ လိမ္မာပါးနပ်စွာဖြင့် ကြားနေလိမ့်မည်ဟု မျော်လင့်ခဲ့သည်။ ပိုဆိုးသည်က လွတ်တော်ကိုယ်စားလှယ်တစ်ဦး နှစ်ဦး၏ ကိုယ်ပိုင်ဆုံးဖြတ်ရပ်တည်ချက် အသွင်မဆောင်ပဲ အဖွဲ့တစ်ခုလုံး၏ ရပ်တည်ချက်အသွင်ဆောင်သွားခြင်း ဖြစ်သည်။
မျိုးစောင့်ဥပဒေအတည်ပြုပြီးနောက်ပိုင်း APP Newတွင် ဖော်ပြခဲ့သည် ဆိုသော သတင်းကလည်း ဦးဇင်းတို့အတွက် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံပမာ ဖြစ်ခဲ့သည်။ (သာသာသာသနာ ကာကွယ်ရေးအတွက် အထူးရေးဆွဲထားသော ဥပဒေကို NLD လွတ်တော်အမတ်များ လွတ်တော်တွင် ဆွေးနွေးနိုင်ရန် လေ့လာတင်ပြဖို့ ဦးကိုနီအား ခေါင်းဆောင်အဖြစ်တာဝန်ပေးခြင်းသည်လည်း သတိပြုသင့်သော အချက်ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်ကဲ့သို့ တွေးမည်မဟုတ်ပါ။)
ရဟန်းတော် အတော်များများက ဒကာမကြီးတို့အဖွဲ့အာဏာရလာလျှင် အစ္စလာမ်နှင့် ယဉ်ကျေးမှုတိုးတိုက်မှုမျက်နှာစာ ဘယ်လို ပြောင်းလဲသွားမလဲဟု အတော်တွေးကြသည်။ မိမိတို့ဘက် အားမသာဘဲ တစ်ဖက်က ပို၍အခွင့်အလမ်း သာသွားလေမည်လား ဟူသော စိုးရိမ်စိတ် ကိုယ်စီ ရှိတော်မူကြပါသည်။ အဘယ်ကြောင့် ဆိုသော် ဒကာမကြီးတို့က ယဉ်ကျေးမှု တိုးတိုက်ခြင်းကို တကယ့်အရှိ ပြဿနာအဖြစ် လက်ခံခြင်းမပြုဟု ယူဆကြသောကြောင့် ဖြစ်သည်။ ထိုသို့ ဆိုလျှင် ဦးဇင်းတို့၏ အရေးကြီးလှသည်ဟု သတ်မှတ်သော ပြဿနာကို ဒကာမကြီးတို့က “ဘာမျှအရေးပါသော ပြဿနာမဟုတ်။ မရှုပ်ရှုပ်အောင် လုပ်နေတာသက်သက် ။ အစွန်းရောက်သက်သက်”ဟု မြင်မည်မှာသေချာလှတော့သည်။ အစိုးရအဖွဲ့အစည်း တစ်ခုသည် အခြားအဖွဲ့တစ်ခုကို မရှုပ်ရှုပ်အောင် အပိုအလုပ်လုပ်နေသည် ဘာသာရေးအစွန်းရောက်ဖြစ်နေသည်ဟု ထင်မြင်ယူဆလျှင် ထိုအဖွဲ့သည် နိုင်ငံတော်ကြီးပွားတိုးတက်ရေးအတွက် သေချာပေါက် အဟန့်အတားဖြစ်နေပြီဟု သတ်မှတ်မည် ဖြစ်၏။ ထိုအခါ လျှစ်လျူရှုထား၍ မရ။ နှိမ်နင်းရတော့မည်ဖြစ်သည်။ နောက်ပြီး ကမ္ဘာဆန်လွန်းသော အမြင်များ ရပ်တည်ချက်များသည် ယဉ်ကျေးမှုတိုးတိုက်မှုမျက်နှာစာ၌ အစ္စလာမ်ယဉ်ကျေးမှုပိုအားကောင်းအောင် တွန်းအားဖြစ်လာနိုင်လောက်သည်ဟု မြင်ပါသည်။ ထိုအချက်တို့ကို ဦးဇင်းတို့ စိုးရိမ်သည်။ ထိုစိုးရိမ်စိတ်ကြောင့် အချို့ အရှင်များသည် ပြောင်ပင် ဒကာမကြီးတို့အဖွဲ့အား ဆန့်ကျင်သည့် စကားလုံးများကို နှုတ်ဟလာကြတော့သည်။
ထိုသို့နှုတ်မဟလျှင်တောင်မှ အားပေးအားမြောက်ပြုရန် သူသူကိုယ်ကိုယ် ရွံ့လာကြ တော့သည်။
ဒါတွေအားလုံးက တရားဥပဒေစိုးမိုးမှု မရှိလို့ပါဘုရားဟု ဆိုကောင်းဆိုပါလိမ့်မည်။ ဆိုနေကြပါ၏။ ဥပဒေဟူသည် ပြဿနာ တစ်ရပ်ကို ကာကွယ်ရန် (သို့) ဖြေရှင်းရန် ပြုထားရခြင်းဖြစ်သည်။
ဥပဒေအသီးသီးသည် အနာရောဂါအသီးသီးကို ကာကွယ်နိုင်သော ၊ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးတို့နှင့်တူပါ၏။ သူ့ရောဂါနှင့် သူ့ဆေးနှင့်ဖြစ်သည်။ ကင်ဆာရောဂါကို အခြား ရိုးရိုးနာဖျားဆေးများနှင့် ပျောက်ကင်းစေရန် မစွမ်းနိုင်သကဲ့သို့ ယဉ်ကျေးမှုခြင်း တိုးတိုက်မှုဟူသော ကင်ဆာကို အခြားဥပဒေတို့ မည်မျှစိုးမိုးမှု ရှိသည်ဖြစ်စေ ကာကွယ်နိုင်မည်မဟုတ်ပါ။ အခြားဥပဒေစိုးမိုးမှု ဟူသော ဆေးဝါးတို့သည် သူ့အတွက်ဆေးဝါးမဟုတ်။ သူ့ဆေးနှင့် သူမှသာ ထိုပြဿနာကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ (ဥရောပသည် တရားဥပဒေ အတော်စိုးမိုးပါသည်။ သို့သော် ယဉ်ကျေးမှုတိုးတိုက်ခြင်းကို မကာကွယ်နိုင်ပါ။ ခုဆိုလျှင် ဥရောပနိုင်ငံ အတော်များများ၌ အစ္စလာမ်ယဉ်ကျေးမှု အတော်လွမ်းမိုးလာပါပြီ။ နောင်ရာစုဝက်တွင် အခြေအနေ ပြောင်းလဲသွားနိုင်သည့် အနေအထားတွင် ရှိနေပါပြီ။ တရားဥပဒေ စိုးမိုးမှု လုံးဝကင်းမဲ့သလိုဖြစ်နေသော မြန်မာအတွက်ဆို ပိုဆိုးပါမည်။(ကိုယ်ခံအား သိပ်ကောင်းသူတို့ အတွက် ဆေးဝါးမလိုပါ။ ထို့အတူ နိုင်ငံသူနိုင်ငံသားအားလုံး အသိဥာဏ်တို့ ရင့်ကျက် ပြည့်စုံနေကြလျှင် ဥပဒေဟူသည် လုံးဝမလိုအပ်တော့ပါ။ ခုတော့ လိုအပ်နေဆဲဖြစ်ပါသည်)
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အသင်းကြီးမှ ဆောင်ရွက်နေသော မျိုးစောင့်ဥပဒေကိစ္စသည် အခြားသော နိုင်ငံတိုးတက်ရေးဥပဒေများဖြစ်သည့် စီးပွားရေး ကျမ္မာရေး ပညာရေး စသောဥပဒေများနှင့်မတူ။ သူသည်ဖွဲ့ဖြိုးတိုးတက်ရေး ဥပဒေမဟုတ်။ ဘာသာယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်သော ဥပဒေမျှသာဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှဆိုလျှင် သူသည် ဘာမျှတန်ဖိုးမရှိ။ သို့သော် ဘာသာသာသနာကာကွယ်ရေး ရှုထောင့်မှဆိုလျှင် သူသည် အတော်အတန် အားကိုးလောက်သော တံတိုင်းကြီးအဖြစ် ယူဆနိုင်လိမ့်မည်။
တန်ဖိုးသိမှ တန်ဖိုးရှိ၏ဟူသော စကားကဲ့သို့ ဗုဒ္ဓယဉ်ကျေးမှု၏ အနှစ်သာရကို သိသူတို့က ဗုဒ္ဓယဉ်ကျေးမှုကို ဘာနှင့်မျှမလဲနိုင်။ ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ရန် ကြိုးစားမည်ဖြစ်သော်လည်း ဗုဒ္ဓယဉ်ကျေးမှုကို အခြားယဉ်ကျေးမှုတို့နှင့် မထူးမခြားရှုမြင်သူတို့က ဘာသာတရားအားလုံးဟာ အတူတူပါပဲဟု ပေါ့ပေါ့နေမည်သာဖြစ်သည်။ အထူးအလေးထား ကာကွယ်စောင့်ရှောက်ရန် ကြိုးစားမည်မဟုတ်။ အပိုအလုပ်ဟု လုံးဝမှတ်ယူမည်ဖြစ်၏။ နိုင်ငံတော်တိုးတက်ရေးသာ ပိုအရေးကြီး၏ဟု ဆိုမည်ဖြစ်၏။ သတ်မှတ်သော စံနှုန်းမတူသောကြောင့် ရပ်တည်ချက် မတူကြခြင်းဖြစ်သည်။(ဘာသာ၏ အနှစ်ကို သိသော်လည်း ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်ကိုသာ တဖက်သတ်ကြည့်လျက် ယဉ်ကျေးမှုတိုးတိုက်ခြင်းအန္တရာယ်ရှုထောင့်ကို မေ့ထားသူတို့သည်လည်း ထိုသို့ပင် နှလုံးသွင်း ကြပါလိမ့်မည်)
မျိုးစောင့်ဥပဒေကို အချို့ အပြစ်အမျိုးမျိုးပြော တိုက်ခိုက်နေကြသော်လည်း ကမ္ဘာကတော့ တဖြည်းဖြည်း လေ့လာလာကြပါလိမ့်မည်။ ထို့ပြင် လူ့ယဉ်ကျေးမှုကို ကာကွယ်ရေးအတွက် မျိုးစောင့်ဥပဒေကဲ့သို့ (သို့) ထိုထက်ကောင်းသော လူ့ယဉ်ကျေးမှု ကာကွယ်ရေး ဥပဒေတို့ကို ပြဋ္ဌာန်းနိုင်ရန် ကြိုးစားလာကြမည်မှာလည်း သေချာသည်။ ထိုကဲ့သို့ အကာအကွယ်မပြုက ဘာသာရေးဝတ်ရုံအောက်တွင် ကြောက်စရာ ကောင်းလောက်အောင် ကြီးထွားလာနေသည့် ဘာသာရေးနှင့်တွဲစပ်ထားသော အကြမ်းဖက်ဝါဒသည် လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ဖျက်ဆီးသွားလိမ့်မည်ဖြစ်သည်။
နိုင်ငံရေးသမားတို့သည် ဘာသာရေးဝတ်ရုံ အောက်မှ ကြီးထွားလာသည့် ဘာသာရေးအကြမ်းဖက်ဝါဒကို တားဆီးကာကွယ်ရန် တာဝန်ရှိသကဲ့သို့ လူ့ယဉ်ကျေးမှုကို တိုးတက်မြင့်မားစေသော ဘာသာအယူဝါဒများကိုလည်း ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ဘာသာရေးဖိနှိပ်ခြင်းမဟုတ်။ မျက်နှာလိုက်ခြင်းမဟုတ်။ လောကလူသားများကို စောင့်ရှောက်ခြင်း လူ့ယဉ်ကျေးမှုကို ကာကွယ်ခြင်းသာဖြစ်သည်။
ဦးဇင်းတို့သည် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားလှသည့် ဗုဒ္ဓဝါဒကို နိုင်ငံလွတ်လပ်ရေးကဲ့သို့ပင် ကာကွယ်ကြရမည်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးထက်ပင် တန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ ဒါသည် ဘာသာရေးပါ နိုင်ငံရေးနှင့် မဆိုင်ဆိုသူသည် ဗုဒ္ဓဝါဒထွန်းကားသော နိုင်ငံ၌ နိုင်ငံရေးလုပ်ခြင်းငှါ မထိုက်တော့ဟုပင် ပြတ်ပြတ်သားသား ဆိုရပါတော့မည်။
ယခုဆိုလျှင် ဦးဇင်းတို့နိုင်ငံ၏ ပြဿနာများကို သုံးသပ်လျှင် ယဉ်ကျေးမှုတိုးတိုက်ခြင်းပြဿနာမှ ပေါက်ဖွားလာသော အမျိုးဘာသာစောင့်ရှောက်ရေးကို အလေးပေးသောအဖွဲ့နှင့် (ထိုအဖွဲ့ သံဃာတော်များက ရှေ့တန်းမှဖြစ်သည်) နိုင်ငံတော်တိုးတက်ဖို့ ဒီမိုကရေစီရဖို့ကိုသာ အလေးပေးသော ဒီမိုကရက်တို့၏ သဘောထားကွဲလွဲမှု ပြဿနာသည် အရေးတကြီးဖြေရှင်းသင့်သော ပြဿနာ ဖြစ်နေတော့သည်။ ထိုပြဿနာ၌ နိုင်ငံရေးအဖွဲ့နှင့် ဘာသာရေးအဖွဲ့များပါ ပါဝင်နေသဖြင့် နိုင်ငံတော်တိုးတက်ရေးအတွက်ရော ဘာသာသာသနာ တိုးတက်ရေးအတွက်ပါ ကောင်းစွာ အန္တရာယ်ပြုနိုင်သည်မှာ သေချာသည်။ ပြုလည်း ပြုနေပါပြီ။
ရေကြောင့် ဖြစ်သောနွံကို ရေဖြင့်ပင် သန့်ရှင်းအောင် ဆောင်ရွက်နိုင်သကဲ့သို့ ဘာသာရေးနိုင်ငံရေး ရောထွေးဖြစ်ပေါ်နေသော ပြဿနာကို ဘာသာရေးနိုင်ငံရေး ပေါင်းစပ်ဖြေရှင်းခြင်းဖြင့်သာ ပြေလည်စေနိုင်ပါလိမ့်မည်။ ထိုပြဿနာကို နိုင်ငံရေး ရှုထောင့်တစ်ခု တည်းမှ ဖြေရှင်းခြင်းငှာ စွမ်းနိုင်မည် မဟုတ်ပါ။ ထိုပြဿနာကို ဘာသာရေး နိုင်ငံရေးမရောထွေးရဟူသော စည်းဘောင်အတွင်းမှ ဖြေရှင်း၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပြဿနာ၏ အရင်းအမြစ်သည်ပင် ဘာသာရေးနိုင်ငံရေးတို့ကို ခွဲမရအောင် ရောစပ်ထားသော ထူးခြားသော အယူဝါဒကို အခြေခံလာခြင်းကြောင့်တည်း။(ထိုသို့ ဆိုလိုက်သဖြင့် ဦးဇင်း၌ ဘာသာရေးနိုင်ငံရေး ရောထွေးသင့်၏ဟူသော အတွေးအခေါ်ရှိသည်ဟု မမှတ်ယူစေလိုပါ။ ထိုသို့အတွေးအခေါ်မရှိပါ။ ဘာသာရေး နိုင်ငံရေး ရောထွေးလျှင် ဘာသာရေး၏ မူလစံနှုန်းများ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: