Sunday, September 27, 2015

KIA အဖွဲ့မှ ကျေးရွာအ၀င်အထွက်လမ်းများတွင် မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိ

KIA အဖွဲ့မှ ကျေးရွာအ၀င်အထွက်လမ်းများတွင် မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိ

စက်တင်ဘာလ ၂၇ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊  မိုင်းခေါင်ကျေးရွာ အ၀င်အထွက်လမ်းများ၌  စက်တင်ဘာလ ၂၄ ရက်နေ့တွင် KIA အဖွဲ့မှ အစိုးရတပ်များ ၀င်ရောက် သွားလာလှုပ်ရှားမှု မပြုလုပ်နိုင်စေရန် မိုင်းများထောင်ထားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ရွာကို KIA အဖွဲ့တွေရောက်လာတယ်၊ ကျေးရွာအ၀င်အထွက်လမ်းတွေမှာ မိုင်းတွေလိုက်ထောင်တယ်၊ သူတို့ ကတော့ အစိုးရတပ်တွေကို ထောင်တာ လို့ပြောတယ်၊ မိုင်းထိလိုက်ရင် ဒေသခံတွေပဲလေ၊ သေလိုက်၊ ပြတ် လိုက်၊ ဒဏ်ရာရလိုက်တဲ့သူတွေကလည်း တော်တော်များနေပြီ၊ ရွာသူ/ရွာသားတွေ ကိုလည်း ရွာအပြင်ကို မထွက်ဖို့ပြောတယ်၊ ယာခင်းသွားတာ၊ ဈေးဝယ် သွားတာ၊ ထင်းခွေသွားတာတွေ မလုပ်ဖို့ပြောတယ်၊ သူတို့ ထောင်ထားတဲ့ မိုင်းတွေကို နင်းမိလို့ပေါက်ကွဲရင် မိုင်းရဲ့တန်ဖိုးကို ပေးလျော်ရမယ်၊ ရွာအပြင်ထွက်လို့ မိုင်းနင်းမိ ရင် တာဝန်မယူဘူးလို့လည်း ပြောတယ်၊ သူတို့က တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်၊ ကျေးရွာ ပတ်ဝန်းကျင်တွေမှာ မိုင်းထောင်လိုက်၊ လယ်ယာတွေမှာ မိုင်းထောင်လိုက်နဲ့ အဖျက်လုပ်ငန်းတွေ အမျိုးမျိုး လုပ်နေတော့တာပဲ ’’ ဟု မိုင်းခေါင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးက ပြောပြခဲ့ပါသည်။

KIA အဖွဲ့သည် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လယ်ယာမြေများတွင် မိုင်းထောင် ခြင်းများ မကြာခဏပြု လုပ်နေသော
ကြောင့် ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင်          လည်းကောင်း၊ လမ်းခရီးသွားလာရာတွင် လည်းကောင်း  အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း မန်စီမြို့ခံ တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

ဆိုင်ဖ



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: