Tuesday, September 29, 2015

ပြိုင်ဘက်ပါတီများကို မဲမဆွယ်ရန် ခြိမ်းခြောက်တားမြစ်သည့် ပြည်သူ့စစ်ခေါင်းဆောင်ကို အမှုဖွင့်

ပြိုင်ဘက်ပါတီများကို မဲမဆွယ်ရန် ခြိမ်းခြောက်တားမြစ်သည့် ပြည်သူ့စစ်ခေါင်းဆောင်ကို အမှုဖွင့်
Tuesday, September 29, 2015

ကချင်ပြည်နယ် ပန်ဝါ ဒေသအတွင်း ပြိုင်ဘက်ပါတီကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းမပြုရန် ခြိမ်းခြောက်တားမြစ်သည့် ကချင်မဲဆန္ဒနယ် အမှတ် (၅) ကိုယ်စားလှယ်လောင်းပြည်သူ့စစ်ခေါင်းဆောင်ကို စက်တင်ဘာ ၂၇ ရက်က အမှုဖွင့်ခဲ့ကြောင်း ၎င်းနှင့်ယှဉ်ပြိုင်ရွေး ကောက်ခံမည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဦးကျော်ကျော်ဦး က ပြောသည်။

စက်တင်ဘာ ၂၂ ရက်ညက ပန်ဝါတွင်ဟောပြောစည်းရုံးနေ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ကိုယ်စားလှယ် လောင်းများကို ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDAK ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့် ယိန်းက စာပေးပို့တားမြစ်ခဲ့၍ စည်းရုံးမှုများရပ်တန့်ကာ ယင်းဒေသမှ ပြန်လာခဲ့ရကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။ ထို့ကြောင့် ကချင်ပြည်နယ်ရဲတပ် ဖွဲ့ရုံးနှင့် ချီဖွေမြို့နယ်ရဲစခန်းများ သို့ စာပေးပို့ကာအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

‘‘မဲဆွယ်တာတွေ မလုပ်ရဲ သေးဘူး။ သူတို့ကို ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ပြီး သတိပေး ရင် ဘယ်အဆင့်ထိ သူတို့ကို တာ ၀န်ယူခိုင်းမလဲ၊ တာဝန်ယူနိုင်မလဲအပေါ်မှာမူတည်ပြီးမှ မဲဆွယ်ဖို့ ပြန်စဉ်းစားရမှာ။ သူတို့က ပြည်သူ့စစ်အဖွဲ့ဆိုတော့ ကျွန်တော်တို့ လုံခြုံရေးကို စိုးရိမ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါခြိမ်းခြောက်တား မြစ်ချက်ကို ကချင်ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အကြောင်းကြားထားပြီး စက်တင် ဘာ ၂၉ ရက်တွင် ဦးဇခုန်တိန့်ယိန်းနှင့် ခေါ်ယူတွေ့ဆုံမည်ဖြစ်ကြောင်း၊လက်ရှိတွင် အဆိုပါကိစ္စနှင့် ပတ် သက်၍ မှတ်ချက်မပေးလိုကြောင်းကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင် ကွန်းက ပြောသည်။

ဦးဇခုန်တိန့်ယိန်းမှာ ပြီးခဲ့ သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အ မှတ် (၄) မှ အမျိုးသားလွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး ၎င်း၏ သား ဦးဇခုန်ယိန်းဆောင်မှာ လာမည့်ရွေးကောက်ပွဲ၌ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ချီဖွေမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ၀င်ရောက် ရွေးကောက်ခံမည် ဖြစ်သည်။

ယင်းကဲ့သို့ မဲမဆွယ်ရန် တားမြစ်ခြင်းမှာ ရွေးကောက်ပွဲဥပဒေ နှင့် ငြိစွန်းပြီး တစ်နှစ်ထက်မပို သည့် ထောင်ဒဏ်၊ ငွေကျပ် တစ် သိန်းထက်မပိုသည့် ဒဏ်ငွေတို့ချ မှတ်နိုင်သည့်အပြင် ပြစ်ဒဏ်နှစ် ရပ်ပေါင်း၍လည်း ချမှတ်နိုင် ကြောင်း ဥပဒေတွင် ရေးဆွဲထား သည်။

7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: