Wednesday, September 30, 2015

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင်ရန် ကြိုးပမ်းမည်

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင်ရန် ကြိုးပမ်းမည်
=========================================

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှာတည်ရှိတဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်နိုင်ဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက လုပ်ဆောင် နေတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဟာ ကချင် ပြည်နယ်၊ နောင်မွန်းမြို့နယ်မှာ တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၃၈၁၀ ရှိပါတယ်။ လက်ရှိမှာတော့ သစ်တောဦးစီးဌာန၊ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့(WCS)နဲ့ ယူနက်စကို အဖွဲ့တွေ ပူးပေါင်းပြီး ဇီဝမျိုးစုံမျိုးကွဲ သုတေသနလုပ်ငန်းတွေ၊ အဲဒီဒေသမှာ သားရိုင်းတိရစ္ဆာန် ဘေးမဲ့တော တခု ဖြစ်လာစေဖို့ ဒေသခံတွေကို ပညာပေးတဲ့လုပ်ငန်းတွေမှာ လုပ်ဆောင်နေကြတာပါ။

အဲဒီဘေးမဲ့တော ဧရိယာထဲမှာ နောင်မွန်းမြို့နယ်နဲ့ မချမ်းဘောမြို့နယ်တွေထဲက သစ်တောတွေ ပါဝင်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဧရိယာ ၄၈၉၇၂၁ ဟက်တာ အကျယ်အ၀န်းရှိတဲ့ အင်းလေးကန်ကိုလည်း ယူနက်စကိုရဲ့ လူသားနဲ့ ဇီဝအ၀န်းနယ်မြေအဖြစ် ဒီနှစ်အတွင်းမှာ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

By DVB



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: