Saturday, September 26, 2015

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း မှာ မြန်မာတပ်မတော်နဲ့ ကေအိုင်အေ တို့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စာသင်ကျောင်းတစ်ချို့

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း မှာ မြန်မာတပ်မတော်နဲ့ ကေအိုင်အေ တို့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စာသင်ကျောင်းတစ်ချို့ ပိတ်လိုက်တယ်လို့သိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားရာ နေရာနဲ့ မြန်မာ့တပ်မတော် စခန်းချထားတဲ့ မိုင်းခေါင် ကျေးရွာမှာတော့ ယနေ့ လက်နက်ကြီး နဲ့ပစ်ခတ်သံတွေကြားနေရတယ်လို့ သိရပါတယ်။
အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ မြို့နယ် ပညာရေးမူးကို အကြောင်းကြားပြီး ပိတ်ဖို့ပြောသွားမယ် ရွာက လူကြီးတွေကလဲ ကျောင်းမပိတ်စေချင်ဘူး အပြင်မှာဆို ကလေးတွေလျှောက်သွားနေမှာကို စိုးရိမ်ကျတယ် လို့ မိုင်းခေါင်အထက စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအမ်ထင်ဆန်း က ပြောပါတယ်။
မြန်မာတပ်မတော် နဲ့ ကေအိုင်အေတိုက်ပွဲတွေကြောင့် ၂၀၁၁ ခုနှစ်အတွင်းက မိုင်းခေါင်အထက ကျောင်းဝန်းအတွင်းကိုလဲ အမြောက်ဆံ နှစ်နေရာကျခဲ့ဘူးတယ်လို့သိရပါတယ်။ ခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို လဲ ခဏခဏ ကြားနေရတယ်လို့သိရပါတယ်။
Author/Photo-စရာဇာအောင်



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: