Tuesday, September 29, 2015

စစ်မှန်သော အပြောင်းအလဲလိုလားလျှင် ပြည်ခိုင်ဖြိုးနှင့် လက်တွဲရန် ဒီချုပ်အား ဦးလှဌေးဝင်းဆို

စစ်မှန်သော အပြောင်းအလဲလိုလားလျှင် ပြည်ခိုင်ဖြိုးနှင့် လက်တွဲရန် ဒီချုပ်အား ဦးလှဌေးဝင်းဆို
Tuesday, September 29, 2015

စစ်မှန်သည့် အ ပြောင်းအလဲကို အမှန်တကယ်လို လားပါက ‘‘ပြောင်းလဲချိန်တန်ပြီ’’ ဟု ဝေဖန်ပြောဆိုနေမည့်အစား အများပြည်သူတမ်းတနေသည့် ဒီ မိုကရေစီနိုင်ငံဖော်ဆောင်ရေးအ တွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီနှင့် လက်တွဲကာ အတူတကွပါဝင်ကြရန် လက် ကမ်းကြိုဆိုကြောင်း ဇေယျာသီရိ မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှဌေးဝင်းက ပြောသည်။

‘‘ပြောင်းလဲဖို့လိုပြီ၊ ပြောင်း လဲချိန်တန်ပြီလို့ ပြောဆိုဝေဖန်နေ မယ့်အစား တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုကို လိုလားရင် ကျွန် တော်တို့နဲ့ လက်တွဲပြီး အများပြည် သူတမ်းတနေတဲ့ ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီးဖော်ဆောင်မှုမှာ အ တူတကွပါဝင်ကြဖို့ ဒီနေရာကနေ လက်ကမ်းကြိုဆိုကြောင်း ပြော ကြားလိုပါတယ်’’ဟု စက်တင်ဘာ ၂၈ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ပြုလုပ်သည့် ပါ တီကိုယ်စားလှယ်လောင်း မိတ် ဆက်ပွဲနှင့် ပါတီဝင်များ တွေ့ဆုံပွဲ၌ဦးလှဌေးဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ရှိနေသေးသည့်အတွက် ယခုကဲ့ သို့ အသွင်ကူးပြောင်းရေးကာလ ၌ အခက်အခဲ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရစမြဲဖြစ် ပြီး စိန်ခေါ်မှု၊ ခြိမ်းခြောက်မှုများနှင့်အတူ အခွင့်အလမ်းစွမ်းအားများ လည်း ဒွန်တွဲဖြစ်ပေါ်နေသည့်အ တွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် အချိန်တိုအတွင်း ပြီး မြောက်အောင်အကောင်အထည် ဖော်နိုင်သည့် ကိစ္စရပ်မဟုတ် ကြောင်း ဦးလှဌေးဝင်းက ပြော သည်။

ပြည်သူကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်းများ၏ ဖြတ်သန်းလာသည့် ဘ၀အတွေ့ အကြုံနှင့် ၎င်းတို့၏ ပင်ကိုအ ရည်အချင်းပေါ်မူတည်ပြီး လူနှင့် ပါတီကို ထည့်သွင်းစဉ်းစားဆုံး ဖြတ်ကြရန် ပါတီဝင်များအား ၎င်း က ဆက်လက်တိုက်တွန်းပြော ကြားသည်။

ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှဌေးဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲ၌ လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး(ငြိမ်း)သူရဦးရွှေမန်းရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

ပါတီကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲတွင် တွေ့ရသည့် ဦးလှဌေးဝင်း(ဓာတ်ပုံ-နန်းအောင်)
7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: