Wednesday, September 30, 2015

မဲဆွယ်စည်းရုံးရေးကာလတွင် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး အပြန်အလှန် တိုင်ကြားမှု အများဆုံးဖြစ်

မဲဆွယ်စည်းရုံးရေးကာလတွင် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး အပြန်အလှန် တိုင်ကြားမှု အများဆုံးဖြစ်
Wednesday, September 30, 2015

ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီနှစ်ခု သာ အပြန်အလှန်တိုင်ကြားမှု အများဆုံး ဖြစ်နေကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်မှ သတင်းရရှိသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံးခွင့် စတင်ခွင့်ပြုခဲ့သည့် စက်တင်ဘာ ၈ ရက်မှ ၂၉ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်သို့ တိုက်ရိုက်တိုင်ကြားမှုများ ရှိပြီး အောက်ခြေအဆင့်မှာတင် ပြီးပြတ်အောင်ရှင်းလင်းပြီး၍ ၎င်းတို့ထံ ရောက်မလာသည့် အမှုများလည်းရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ညွှန်ကြားရေးမှူး ဦးသန်းကျော်ထူးက ပြောသည်။

‘‘တိုင်ကြားမှုတွေကို အရေ အတွက် အတိအကျတော့ မပြုစု ရသေးဘူး။ ခန့်မှန်းသိရသမျှ တော့ ကျွန်တော်တို့ဆီရောက်တာ ငါးမှုလောက်ရှိတယ်။ အဖြစ်များ တာကတော့ အင်အားကြီးပါတီ နှစ်ခုဖြစ်တဲ့ အင်န်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပဲပေါ့’’ဟု ဦးသန်းကျော်ထူးက ပြောသည်။

အချို့သော ဖြစ်ရပ်များတွင် သက်ဆိုင်ရာမြို့နယ်/ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့သာ တိုင်ကြားပြီး ယင်းအ ဆင့်၌ပင် ပြီးပြတ်သွားသော အမှု များရှိနေ၍ တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ကြားမှုဖြစ် စဉ်အကြောင်းအရာ အတိအကျ ကိုမူ မသိနိုင်သေးဟု ဆိုသည်။

‘‘နေပြည်တော်ကောင်စီထဲ မှာ အပြန်အလှန်ဖြစ်ခဲ့တဲ့၊ အပြန် အလှန်တိုင်ကြားခဲ့တဲ့ ကိစ္စမှာ တော့ ကျွန်တော်တို့ဆီကို မိတ္တူပဲ ပေးခဲ့တာပါ။ တိုက်ရိုက်တိုင်တာ တော့ မဟုတ်ဘူး။ ပြီးတော့ သူတို့ လည်း ပြန်ရုပ်သိမ်းသွားတာပဲ။ အဲဒီနောက်ပိုင်း တိုင်ကြားမှု မရှိ သေးပါဘူး’’ဟု နေပြည်တော် ကောင်စီရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထက် ကျော်က ပြောသည်။

ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ပါတီတစ် ခုနှင့်တစ်ခု မလိုလားအပ်သော ထိတွေ့မှုများမှတစ်ဆင့် တိုင် ကြားမှုများ ရှိခဲ့ခြင်းဖြစ်ပြီး အဆို ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ပါ တီဝင်များ၊ မြို့နယ်ရပ်မိရပ်ဖများ ပါဝင်သည့် စေ့စပ်ညှိနှိုင်းရေးအ ဖွဲ့များဖြင့် ပြေလည်အောင် ဖြေရှင်းပေးနေသည်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးတာဝန်ရှိသူတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ဒီချုပ်ပါတီကိုယ်စားလှယ်လောင်း အချို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် များတွင် တိုက်ခိုက်ခံရမှု၊ ရန်ပြုခံရ မှုများ ရှိခဲ့သည့်အတွက် ဥပဒေ ကြောင်းအရ တိုင်ကြားဖြေရှင်း မှုများ ပြုလုပ်ခဲ့ရကြောင်း ယင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဆိုသည်။

7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: