Tuesday, September 29, 2015

အငြိမ်းစားယူရန် နီးလာချိန် လိုအပ်ပါက ဆက်လက် တာဝန် ထမ်းဆောင်ခွင့်ပေးသည့် စစ်မှုထမ်း ဥပဒေတစ်ရပ် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော် ပြောကြား

အငြိမ်းစားယူရန် နီးလာချိန် လိုအပ်ပါက ဆက်လက် တာဝန် ထမ်းဆောင်ခွင့်ပေးသည့် စစ်မှုထမ်း ဥပဒေတစ်ရပ် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော် ပြောကြား
Tuesday, September 29, 2015

တပ်မတော်သားတိုင်းသည် အသက် (၆၀)ပြည့်သော်လည်း လိုအပ်ပါက တာဝန် ဆက်လက် ထမ်းဆောင်နိုင်သည့် စစ်မှုထမ်း ဥပဒေတစ်ရပ် ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် လာမည့် ၂၀၁၆ခုနှစ်တွင် အသက် (၆၀)ပြည့်မည် ဖြစ်ပြီး အငြိမ်းစား ယူရန် နီးကပ်လာချိန်တွင် ယခုလို တပ်မတော်သားတိုင်း အတွက် ထုတ်ပြန်ထားသည့် စစ်မှုထမ်း ဥပဒေတစ်ရပ် ရှိကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လာမယ့် ၂၀၁၆မှာ ကျွန်တော်အသက် (၆၀)ပြည့်လို့ အနားယူရမှာ ဟုတ်ပါတယ်။ ဒါပေမဲ့ တပ်မတော်သားတိုင်း အတွက် ထုတ်ပြန်ထားတဲ့ စစ်မှုထမ်း ဥပဒေ ရှိပါတယ်။ ဒီဥပဒေအရ လိုအပ်လာရင် တာဝန် ဆက်ထမ်းဆောင်နိုင်တဲ့ဟာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)နှင့် သတင်းမီဒီယာများ တွေ့ဆုံရာ၌ ဆရာဖေမြင့်က လက်ရှိသတင်း မီဒီယာတွေက ဖော်ပြနေကြတဲ့ ၂၀၁၆ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူပါက တပ်ချုပ်အသစ် မည်သူ ဖြစ်လာနိုင်သည်ဟု သုံးသပ် ထောက်ပြမှုများအပေါ် သုံးသပ်ပေးရန် ပြောကြားမှု အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည် ဖြေကြားရာတွင် အထက်ပါ အကြောင်းအရာကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်၍ “တပ်မတော်မှာ နောက်တပ်ချုပ်သစ် ဘယ်သူ ဖြစ်မယ်။ ဘယ်သူ့ လျာထားတယ် ဆိုတာ ပြောလို့မရတဲ့ ကိစ္စပါ။ ခန့်မှန်းလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ၂၀၁၀တုန်းက တပ်ချုပ် အပြောင်းအလဲမှာ တပ်ချုပ်အသစ် ဘယ်သူ ဖြစ်လာနိုင်တယ် ဆိုပြီး ခန့်မှန်းကြတာပဲ။ ခန့်မှန်းတဲ့ သူတွေထဲမှာ ကျွန်တော်ဆို မပါဘူး။ မထင်ကြဘူး။ ဒါပေမဲ့ နောက်ဆုံး ကျွန်တော် တပ်ချုပ်ဖြစ်လာတယ်။ ဒါ့ကြောင့် ဒီကိစ္စက ကြိုပြောလို့ မရပါဘူး”ဟု ပြောကြားသည်။

တပ်မတော်သားများ တာဝန် ထမ်းဆောင်ခွင့်နှင့် ပတ်သက်၍ ကကန ကောင်စီမှ ထုတ်ပြန်သည့် ပြဌာန်းချက်တွင် “လိုအပ်ပါက တပ်မတော်သားတိုင်း အသက် ၆၀ ကျော်လွန်သော်လည်း တာဝန် ထမ်းဆောင်ခွင့်ရှိသည်”ဟု ပါရှိကြောင်း သိရသည်။

Tomorrow



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: