Sunday, September 27, 2015

ထိုင်းကပြန်တဲ့သူတွေ ဗိုက်အဖောက်မခံရစေနိုင်ရေးအတွက်

ထိုင်းကပြန်တဲ့သူတွေ ဗိုက်အဖောက်မခံရစေနိုင်ရေးအတွက်
=========================
ရေးချင်နေတာ ကြာပါပြီ။ ကိုယ်ရေးလာပါက လူတစ်ချို့၏အကျိုးစီးပွါး
ဒါမှမဟုတ် ဆိုင်တစ်ဆိုင်၏အမည်ကိုထိခိုက်သွားလေမလားဟု
ထင်ပြီးအောင့်ထားခဲ့တာ ကုန်ခဲ့တဲ့ APRI သင်္ကြန်ကတည်းကပါ။
သို့သော်လည်း ဒင်းတို့စီးပွား
အတွက် အိမ်ပြန်တဲ့မြန်မာတွေ သောကတွေများခဲ့ရတာ များနေပြီမို့
အမုန်းခံပြီးရေးပါတော့မေ။
ဤဖြစ်ပျက်နေတာများကို အိမ်ပြန်လူများအားအသိပေးခြင်းအားဖြင့် ကျွန်တော့အတွက်မည့်သည့်အကျိုးကျေးဇူးမှ မရရှိနိုင်ပါ၊ မရနိုင်သည့်အပြင် သူတို့စီးပွားကိုထိုခိုက်သည်ဟုထင်သော လူတစ်စုက အငြိုးထားခြင်းကိုခံရမည်။
ဟိုယခင်ကလည်း ဗိုက်ဖေါက်တစ်ချို့၏လုပ်ရပ်ကို FB တွင်ပုံနဲ့တကွတင်ပြအသိပေးဖူး၍ ဖုန်းဆက်ခြိမ်းခြောက်တာကို ခံခဲ့ဖူးသည်။ အမိုက်ခံပြီးရေးခြင်းပင်။
ခုတလော ဗိုက်ဖေါက်တွေဟာ အရင်ကလိုတံတားထိပ်မှာ ၀ရုန်းသုန်းကား
မလုပ်ကြတော့ပဲ အဆင်မြင့်တဲ့နည်းဗျူဟာတွေကို သုံးလာကြပါပြီ။
တံတားထိပ် / မဲ့ဆောက်ကားဂိတ် စာတာတွေမှာ လူတွေကိုအဖွဲ့ခွဲပြီးထား
ပါတယ်
- တုံးတွေဘာတွေထုမလာလည်းကိစ္စမရှိ ပြန်လာမှ ပုံမှန်တဲ့သက်သာတဲ့ဈေးကိုပြောထားတယ်
- ဘယ်သွားချင်လဲ ကားမရတဲ့နေရာဆိုတာမရှိရ အားလုံးရတယ်
(လူတွေကရတာမှလိုချင်တာကိုး)
- မြ၀တီကိုသွားတာလည်း ပုံမှန် ၅၀ ဘတ်ဆို ၃၀ ဘတ်
- ငွေဈေးလား လာထား သူများထက် ပိုရစေရမေ ဈေးပိုပြောထားတယ်
( လူတွေက လောဘသားကို အပိုပြောထားသဘောကြတာပေါ့)
စသည်ဖြင့် အားလုံးကို ဈေးသက်သာ အောင်အဆင်ပြေအောင်ပြောထားပြီး မြ၀တီဘက်ကို သူတို့ရဲ့ကြိုတင်တီးလုံးတိုက်ထားတဲ့လူတွေ၊ကားတွေ နဲ့ခေါ်လာကြတယ်။
ပြီးတော့ မြ၀တီဘက်က သူတို့ရဲ့ စခန်း အရင်လို ရပ်ကွပ်ထဲ့က အိမ်တွေ
မဟုတ်တော့ပါ၊ ရပ်ကွပ်အစွန်အဖျားက ခြံကျယ်ကြီးတွေပါ။ အဲ့ဒီကိုခေါ်လာပြီး ၀ိုင်းပြီးအမဲဖျက်ပါပြီး။
ပါလာတဲ့ငွေကို သူတို့ဆီမှာပဲ လဲရတယ် တခြားမှလုံးဝမလဲရ၊
တကယ်လိုမြ၀တီမှ အသိရှိ၍ဖုန်းဆက်ခေါ်ပြီး လဲပါကလဲ ပြဿနာတစ်မျိုးမဟုတ်တစ်မျိုးအရှာခံရပြီမှတ်ပေတော့။
ငွေထဲ့ပေးသောအိပ်များမှာ လုံးဝအမဲရောင်ဖြစ်နေမည်။ သူတို့ဘာပဲသုံး
သုံး အိတ်အမဲကိုသာသုံးတာ။ နောက်ဆုံးငွေမပြောနဲ့ ခင်ဗျားတို့ဖုန်းတွေကိုပါအကြံအဖန်လုပ်တာပဲ။
ဗိုက်ဖေါက်တွေမှာ နည်းအစုံရှိပါတယ်။ သူတို့အား အသိုင်းအ၀ိုင်းမရှိဟုထင်ပါက ခင်ဗျားတို့
အလွဲကြီးလွဲမည်။ နယ်ထိန်းဘာညာများသည် သူတို့၏ ရှယ်ရာဝင်များဖြစ်သည်ဆိုပါက ခင်ဗျားတို့ယုံချင်မှ ယုံမေ နော့။
အကြံပေးလိုသည်မှာ လူခံမရှိပါက
အတတ်နိုင်ဆုံး တံတားပေါ်က တရားဝင်သွားလာပါ။
ဆိုင်ကယ်စီးပါက ဆိုင်ကယ်လှိုင်းအင်ကျီပါသောသူ ဆိုင်ကယ်ဂိတ်ကလူ
ကိုရွေးစီးပါ။
ငွေလဲတဲ့အခါ ရတာနာပြည့်ထွန်းကဲ့သို့သော ရွှေဆိုင်တွေမှာလဲပါ။
ထိုကဲ့ရွှေဆိုင်ကြီးများမှာလဲပါက ဈေး ၁၀ ပြား ကွာတောင် အလိမ်မခံရပါ။
ပုံ ၂ ပုံမှာ ခုလောလောဆယ် ဗိုက်ဖေါက်တွေစခန်းလုပ်ထားတဲ့ မြ၀တီ
အာရှလမ်းဟောင်း ကားဂိတ်ဟောင်း အလွန်နားက Coffee ဆိုင်ဗန်းပြ ပြီး
အိမ်ပြန်တဲ့ မြန်မာတွေကို ၀ိုင်းဖေါက်နေတဲ့ နေရာတွေ ထဲ့က တစ်ခုပါ။
နေ့တိုင်းဖေါက်ပါတယ်။
အမျိုးတွေ ကိုယ်တိုင်လည်း မဟုတ်တာမလုပ်ကြနဲ့၊ အမျိုးတွေလည်း
သူများတော်မတရားလုပ်ခံရခြင်းမှကင်းဝေးကြပါစေ
ရှိန်းမောင်မောင်
ရွှေတံခါးမှူးချစ်သူ



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: