Monday, September 28, 2015

လုံခြုံရေးကြောင့် ကချင်တွင် မဲရုံပေါင်း တစ်ရာကျော် ဖွင့်လှစ်နိုင်မည်မဟုတ် ------------------------------------

လုံခြုံရေးကြောင့် ကချင်တွင် မဲရုံပေါင်း တစ်ရာကျော် ဖွင့်လှစ်နိုင်မည်မဟုတ်
------------------------------------

ရန်ကုန်၊ စက်တင်ဘာ ၂၇

တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေအရ မဲရုံပေါင်း တစ်ရာကျော် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း မဲရုံပေါင်း ၈၂၃ ရုံ ဖွင့်လှစ်ရန် လျာထားပြီး နယ်မြေအခြေအနေအရ မဖွင့်လှစ်နိုင်သော မဲရုံပေါင်း တစ်ရာကျော်ရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

“မဲရုံမဖွင့်နိုင်တာက တချို့နေရာတွေက ရွာပျက်သွားတာလည်း ရှိတယ်။ နောက်ပြီး KIA ထိန်းချုပ်နယ်မြေတွေမှာ ရှိနေတာတွေလည်း ရှိတယ်။ အရေအတွက် အတိအကျကိုတော့ ကော်မရှင်ကြီးက ထုတ်ပြန်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသော မဲဆန္ဒရှင် သုံးသောင်းကျော်တွင် မဲဆန္ဒရှင် တစ်သောင်းကျော်သာ မဲစာရင်းတွင် ပါဝင်ရေး လျှောက်ထားကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းတွင် နေထိုင်သူ စုစုပေါင်း သုံးသောင်းကျော်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈၀၀၀ ကျော် ရှိသော်လည်း မဲစာရင်းတွင် ပါဝင်ရေး ပုံစံ (၃) (က) ဖြင့် လျှောက်ထားသူ တစ်သောင်းကျော်သာရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ယင်းသို့ နယ်မြေမလုံခြုံခြင်းကြောင့် မဲရုံများ ဖွင့်လှစ်နိုင်မည် မဟုတ်သော်လည်း မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် မဆုံးရှုံးစေရန် စီစဉ်ပေးသင့်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဆိုသည်။
“မဲရုံမဖွင့်နိုင်ရင် ဖွင့်နိုင်တဲ့ မဲရုံမှာ လာပေးလို့ရအောင် မဲပေးခွင့်ပြုတာမျိုး ဆိုတာကိုတော့ လုပ်ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် လုံခြုံရေး အခြေအနေအရ စိုးရိမ်ဖွယ်ရှိသော ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုတွင် မဲရုံဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: