Wednesday, September 30, 2015

ရန်ကုန်တွင် ပြုလုပ်မည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနား သီတဂူဆရာတော် တက်ရောက်မိန့်ခွန်း ပြောမည်

ရန်ကုန်တွင် ပြုလုပ်မည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနား သီတဂူဆရာတော် တက်ရောက်မိန့်ခွန်း ပြောမည်
-------------------------------------

ရန်ကုန်မြို့တွင် ကျင်းပမည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနားကို သီတဂူဆရာတော် အရှင်ဉာဏိဿရ တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ဆရာတော် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ပြောကြားသည်။

အဆိုပါ အခမ်းအနားကို ငွေကျပ် သိန်း ၁၅၀၀ ကျော် အကုန်ကျခံကာ ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် အောက်တိုဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သီတဂူဆရာတော်သည် ၁၉၉၁ ခုနှစ်မှ စတင်၍ သဒ္ဓမ္မ သီတဂူချောင်တွင် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ်ကျမ်းစာ၊ ဗုဒ္ဓသာသနာသမိုင်း၊ သာသနာပြုနည်းနှင့် ကမ္မဋ္ဌာန်း တရားများကို ရဟန်းတော်၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပို့ချခဲ့သူဖြစ်သည်။
ထို့အပြင် ၁၉၉၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အော်စတင် မြို့၌ သီတဂူ ဗုဒ္ဓဝိဟာရကျောင်းကို တည်ထောင်ခဲ့သည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတကာ သံတမန်များ၊ နိုင်ငံရေးပါတီများ၊ ပရဟိတအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ် အသီသီးမှ မ.ဘ.သ ဆရာတော်များ၊ ပြည်သူများအားလုံး တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ဦးပါမောက္ခက ဆိုသည်။

“ဒီအခမ်းအနားကို ငွေကျပ်သိန်းပေါင်း ၁၅၀၀ ကျော် အကုန်အကျ ခံထားပါတယ်။ ဒါတွေ မကသေးဘူး။ စတုဒိသာကျွေးမယ့် ကုမ္ပဏီတွေလည်း ရှိတယ်။ နာမည်တော့ ထည့်မပြောချင်ပါဘူး။ အလှူငွေတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအခမ်းအနား ပြုလုပ်ရခြင်းသည် မကြာသေးခင်က လွှတ်တော်တွင် ပြဋ္ဌာန်းလိုက်သော မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ကိစ္စများ ရှိနေသည့်အတွက် ယင်းဥပဒေသည် ညီညွှတ်မျှတပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ဥပဒေတစ်ခု ဖြစ်ကြောင်းကို ကမ္ဘာက သိရှိစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မျိုးစောင့်ဥပဒေကို အထင်အမြင် မလွဲမှားစေရန်နှင့် ထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်ကြောင်းကို ထိုအခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတကာ သံတမန်များကို ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲများကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင် ၂၇ ရက်နေ့အထိ ရန်ကုန်၊ မွန်၊ ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ရှမ်း(တောင်)၊ ကယား၊ နေပြည်တော်၊ ရှမ်း(မြောက်)၊ ကချင်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် ဆက်တိုက် ပြုလုပ်ခဲ့ပြီး ရန်ကုန်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောက်တိုဘာလ ၄ ရက်နေ့သို့ ပြောင်းလဲကာ ပြုလုပ်ခဲ့ရကြောင်း ၎င်းကဆိုသည်။

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကို ဥပဒေအမှတ် ၅၀၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၄၈၊ လူဦးရေ တိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဥပဒေအမှတ် ၂၈ အဖြစ် ပြဋ္ဌာန်းခဲ့သည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

၂.၁၀.၂၀၁၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒေါ်အောင်ဆန်းစုကြည်မှ မနောကွင်း၌ လူထုနှင့်လာရောက်တွေ့ဆုံမည်ဖြစ်သည်

၂.၁၀.၂၀၁၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒေါ်အောင်ဆန်းစုကြည်မှ မနောကွင်း၌ လူထုနှင့်လာရောက်တွေ့ဆုံမည်ဖြစ်သည်

ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အသက်ကိုအန္တရာယ်ပြုလုပ်ကြံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

ပည်တွင်းနေ နှင့် ဘင်္ဂါလီများ အရှုပ်တော်ပုံ အပိုင်း - ၁ ================================ အပိုင်း - ၁ ( သမိုင်းကြောင်း )

ပြည်တွင်းနေ နှင့် ဘင်္ဂါလီများ အရှုပ်တော်ပုံ အပိုင်း - ၁
================================
အပိုင်း - ၁ ( သမိုင်းကြောင်း )

သမိုင်းနဲ့ ချီပြီး ပြန်ပြောရရင်တော့ ….
ဒီပြဿနာတွေဟာ…
အင်္ဂလိပ်အစိုးရ လက်ထက်ကပဲ စရမှာ ဖြစ်ပါတယ်….

ပထမ အင်္ဂလိပ်မြန်မာစစ်အပြီး
အောက်မြန်မာပြည်ကို သိမ်းပိုက်ထားတဲ့ အင်္ဂလိပ်တွေဟာ
၁၈၃၉ ခုနှစ်မှာ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး အတွက်
ရခိုင်ပြည်နယ်မှာ မြေယာဥပဒေအသစ် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ် …
အဲဒီ ဥပဒေအရ ....
မြေယာ အမြောက်အများ ပေါ်ထွက်လာခဲ့ ပြီး ...
မြေပိုင်ရှင်များ အနေနဲ့ ....
မြေအမြောက်အများ ပိုင်ဆိုင်လာတဲ့ အတွက်
အလုပ်သမား အများအပြား လိုအပ်လာရာက
စစ်တကောင်းမှ ဘင်္ဂါလီများကို
အမြောက်အများ စတင် ခေါ်ယူခဲ့ပါတယ် …

၁၈၆၉ ခု စူးအက် တူးမြောင်း ဖွင့်ပြီး နောက်ပိုင်းမှာတော့
ရခိုင်ဒေသရဲ့  ဆန်စပါး စိုက်ပျိုး ထုတ်လုပ်တင်ပို့မှု ပမာဏဟာ
ပိုမို ကြီးမားလာတဲ့ အတွက်
စစ်တကောင်းနယ်ဘက်က ဘင်္ဂါလီလယ်ကူလီတွေ အမြောက်အများကို
ထပ်မံ ဝင်ရောက် လုပ်ကိုင် ခွင့်ပေးခဲ့ပါတယ် ….

အုပ်ချုပ်ရေး ကော်မရှင်နာ R.B Smart ရဲ့ 
၁၈၇၂ ခုနှစ်ထုတ် စစ်တွေခရိုင် စာအုပ်မှာ ဖော်ပြထားချက်အရ
၁၈၂၄ ခုနှစ် ဗြိတိသျှတို့ သိမ်းပိုက်စ ရခိုင်ဒေသမှာ
ဘင်္ဂါလီ ဦးရေ (၃၀၀၀၀) ခန့်သာရှိခဲ့ရာမှ
၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းမှာ ...
စစ်တကောင်းသား ဘင်္ဂါလီ ဦးရေ (၅၈၂၃၅) ယောက်ထိ တိုးလာခဲ့ပြီး
၁၉၁၁ ခုနှစ် အရောက်မှာ တော့
လူဦးရေ (၁၇၈၆၄၇) ယောက် ၇၇ ရာခိုင်နူန်း ထိ
ဝင်ရောက်မှု များပြားလာခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ် …

၁၉၁၆ ခုနှစ်မှ ၁၉၁၈ ခုနှစ်အတွင်း မှာတော့
Martin & son Company ဟာ
ဘူးသီးတောင်နှင့် မောင်တောကြားမှာ မီးရထားလမ်းဖောက်လုပ်ဖို့ အတွက် ဈေးပေါသော ဘင်္ဂါလီ အလုပ်သမား အများအပြား
ရခိုင်နယ်သို့ ထပ်မံ ခေါ်ယူစေခဲ့ပါတယ်…..

အင်္ဂလိပ် ပြည်သူ့ ကျန်းမာရေးဝန် ရဲ့ ၁၉၃ဝ/၃၁ အစီရင်ခံစာအရ ….
ရခိုင်ဒေသသို့ သာမန်အားဖြင့် တစ်နှစ်လျှင်
စစ်တကောင်းသား ကူလီများ (၄ဝဝဝဝ) ကျော် ဝင်ရောက်လေ့ရှိပြီး ….
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ
စစ်တွေခရိုင်တွင် ဘင်္ဂါလီ ယောက်ျားပေါင်း
(၂၅ဝဝဝဝ) ကျော် ရှိကြောင်း သိရှိရပါတယ်
စစ်တွေခရိုင်မှာ နေထိုင်တဲ့ အိန္ဒိယသားများအနက် ...
၈၈ % မှာ...
စစ်တကောင်းသား ဘင်္ဂါလီ များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်…

ရခိုင်ပြည်နယ် ရဲ့ အကြီးမားဆုံး အိပ်မက်ဆိုးကြီးတစ်ခုကတော့
၁၉၃၅ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်…
မြန်မာပြည်ကို အိန္ဒိယ ရဲ့ လက်အောက်ခံပြည်နယ်တစ်ခု အဖြစ်က
ခွဲထွက်ဖို့ ချုပ်ဆိုခဲ့ရတဲ့ 
ဦးစော-ဆာကာ စာချုပ် ဖြစ်ပါတယ်…

မြန်မာဘက်က နန်းရင်းဝန်ဦးစော နဲ့ 
အိန္ဒိယခေါင်းဆောင် ဆာကာတို့ ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ်အရ
မြန်မာပြည်ကို အိန္ဒိယ က ခွဲထွက်ချိန်က အစပြုပြီး
သုံးနှစ်တိတိ ...
မြန်မာပြည်တွင်း ၀င်လာတဲ့  အိန္ဒိယက လူ မှန်သမျှကို
လက်ခံ ခွင့်ပြုခဲ့ ရပါတယ်….
အဲဒီသုံးနှစ် အတွင်း မှာပဲ
အိန္ဒိယကနေ မြန်မာပြည် ကို ပြောင်းရွေ့ အခြေချခဲ့ကြတဲ့  လူဦးရေဟာ
မူလကထက် သုံးလေးဆ ပိုမို များပြားသွားခဲ့ရပါတယ် ....

၁၉၃၉ ခုနှစ်မှာ
အင်္ဂလိပ်အစိုးရဟာ အဲဒိပြသနာကို စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းခဲ့ကြပြီး
မင်းကြီး မစ္စတာ ဂျိမ်းအက်စ်တာ က ဥက္ကဋ္ဌ ....
ဦးတင်ထွဋ် နှင့် မစ္စတာ ဒေဆိုင်း(ရန်ကုန်တက္ကသိုလ်)တို့ က
အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြပါတယ် …

ကော်မရှင် ရဲ့ အစီရင်ခံစာအရ
ခရိုင်အလိုက် ပျံ့နှံ့နေတဲ့ အိန္ဒိယလူမျိုးများ စာရင်းမှာ
စစ်တွေခရိုင်မှာ (၂၁ဝ၉၉ဝ)...
ရခိုင်တောင်တန်းဒေသမှာ (၅ဝဝ)....
ကျောက်ဖြူခရိုင်မှာ (၄၃၂၁)....
သံတွဲခရိုင်မှာ (၁၉၉ဝ) တို့ဖြစ်ပြီး ...
စုစုပေါင်း (၂၁၇၈ဝ၁) ဦး ဖြစ်သည်ကို တွေ့ရှိရပါတယ်....

၎င်း အစီရင်ခံစာမှာပဲ...
ရခိုင်သို့ နှစ်စဉ်နှစ်တိုင်း ...
စစ်တကောင်းမှ ဘဂ်ါလီ အများအပြား ဝင်ရောက်လာခြင်းကို
ရခိုင်လူမျိုးများသာမက
ရခိုင်တွင် ရောက်ရှိ နေထိုင်လျက်ရှိသော
လက်ရှိ ဘင်္ဂါလီ များကပင် မနှစ်သက်ကြောင်း တင်ပြခဲ့ပါတယ်….

ယခုလို ရခိုင်ဒေသကို
စစ်တကောင်း ဘင်္ဂါလီ များ
အဆက်မပြတ် ဝင်လာနေခြင်းကို မတားဆီးနိုင်ခဲ့လျှင်
အနာဂတ်တွင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း....
သက်သေများ အားလုံးက ...
စစ်တကောင်း ဘင်္ဂါလီများ ဝင်ရောက်မှုကို တားဆီးသင့်ကြောင်း
အကြံပြုခဲ့ ကြတယ်လို့ တင်ပြ ခဲ့ ပါတယ် ….

ဒါပေမယ့် ဒုတိယကမ္ဘာစစ်ရဲ့ စစ်ရိပ်စစ်ငွေ့ တွေက ....
အုံ့ ဆိုင်းမှုန်မှိုင်းနေပြီ ဖြစ်လို့ .....
ဘယ်သူမှ ဘာမှ မတတ်နိုင်ကြ တော့ပါဘူး….

၁၉၄၁ ခုနှစ် အရောက် မှာတော့ .....
စစ်တွေ ခရိုင်မှာ ...
လူဦးရေ ခုနှစ်သိန်းခွဲကျော်အထိ တိုးပွားလာပြီး
အများစုဟာ ဒေသခံ ရခိုင်များ မဟုတ်ကြတော့တဲ့ အခြေအနေကို
ရောက်ရှိလို့ နေခဲ့ပါပြီ …..

၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အဖြစ် ....
ရခိုင်ဒေသ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားချိန် မှာတော့ ....
လက်နက်ခဲယမ်းတွေက နေရာအနှံ့ ပြန့် နှံ့  ....
နဂို ပြသနာအခံလေးတွေကလည်း ရှိနေတာ ဖြစ်လို့ ....
ကြိုတင်မှန်းဆထားတဲ့ အတိုင်း
ကုလား-ရခိုင် အဓိကရုဏ်း စတင်လာပါတော့တယ် …

အဓိကရုဏ်း ဟာ ...
ရခိုင်ပြည် တစ်ခုလုံးနီးပါး ကျယ်ပြန့် စွာဖြစ်ပွားခဲ့ပြီး
မြေပုံ၊မင်းပြား၊ပေါက်တော၊မြို့ ဟောင်း၊ကျောက်တော် ဒေသများ မှာ
ရခိုင်တွေက အရေးသာခဲ့ ကာ .....
ဘူးသီးတောင်၊မောင်းတော၊ ရသေ့တောင် စတဲ့ ဒေသများမှာတော့ ...
ဘင်္ဂါလီများက အရေးသာခဲ့ပါတယ်…..

၁၉၄၂ မေလ ၇ ၇က်နေ့ မှာ...
ဗိုလ်ရန်အောင် ခေါင်းဆောင်တဲ့  ဘီအိုင်အေတပ်ဟာ
စစ်တွေမြို့ ကို သိမ်းပိုက်လိုက်ပါတယ် …
အဓိကရုဏ်း အတွင်း ...
ဘူးသီးတောင်နဲ့ မောင်တောမှာ ပိတ်မိနေတဲ့  ရခိုင်တွေကို ကယ်တင်ဖို့ ...
တပ်ကူတွေ စေလွှတ်ခဲ့ရာ ...
မောင်တောကို စေလွှတ်ခဲ့ တဲ့  တပ်ဖွဲ့ ဟာ ....
ဘဂ်ါလီများရဲ့ တိုက်ခိုက်မှုကြောင့် ...
တပ်ဖွဲ့ တစ်ခုလုံး ကျဆုံးသွားခဲ့ပေမယ့် ...
ရခိုင်အများစုကတော့ ...
အိန္ဒိယနိုင်ငံထဲက ဒိန္နာစပူရ် စစ်ပြေးစခန်းကို
ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်…

ဘူးသီးတောင်ကို ပေးပို့ ခဲ့တဲ့  လက်နက်တွေကတော့ ...
ဂျပန်စစ်တပ်ရဲ့ သိမ်းဆည်းခြင်းကို ခံလိုက်ရပါတယ်…
၁၉၄၂ ဇွန်လထဲမှာတော့ ..
ဗိုလ်ရန်အောင် ဦးစီး တပ်ခွဲ နှစ်ခွဲဟာ ဘူးသီးတောင်ထိ ချီတက်ကာ
မြို့ ပတ်ဝန်းကျင်ကို ရှင်းလင်းလိုက်ပြီး
ငွေတိုက်ထဲက ငွေတွေကို
ဒိုင်းနက် စစ်ပြေးဒုက္ခသည်တွေကို ခွဲဝေပေးခဲ့ပါတယ်…

မကြာခင်ပဲ ဂျပန်က ....
ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေ ဖွဲ့ ဖို့ အတွက် ....
တပ်တွေကို ရန်ကုန်မှာစုဖို့ အမိန့် ရောက်လာပြီ ဖြစ်လို့  ....
၁၉၄၂ ဇွန်လ ၂၆ ရက်နေ့ မှာ ...
ဘီအိုင်အေ တပ်တွေ စတင်ဆုတ်ခွာပါတယ် …

မြို့ မှာ ကျန်မနေရဲလို့  တပ်နဲ့ အတူ လိုက်ပါဖို့ ကြိုးစားတဲ့  ....
ရခိုင်ဒုက္ခသည်တွေ ပါဝင်တဲ့ မီးသင်္ဘောတစ်စီးဟာ ...
မြစ်လယ်မှာ နစ်မြုပ်တဲ့ အတွက် ....
လူ၄၀၀ကျော် တစ်ပြိုင်နက်သေဆုံးသွားခဲ့ပြီး ...
ရခိုင်ခေါင်းဆောင် ဦးပညာသီဟ အပါအ၀င် ...
လူ၅၀ကျော်ပဲ အသက်ရှင်ခဲ့တယ်လို့  ...
သမိုင်းမှတ်တမ်းတွေမှာ အတိအကျတွေ့ ရပါတယ်….

ဘူးသီးတောင် မြို့ ဟာ ...
ဘင်္ဂါလီတွေ လက်ထဲ ကျရောက်သွားပြီး
အဲဒီဒေသတွင်းက ရခိုင်တွေဟာ
ရခိုင်ဒေသ တောင်ပိုင်းကို အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ အတွက်
အဓိကရုဏ်း ရဲ့ အရှိန်ဟာ
တဖြည်းဖြည်း လျော့ကျ အေးဆေးလာပါတော့တယ်...

၁၉၄၈ ခုနှစ်မှာ
မွတ်ဆလင် လွတ်မြောက်ရေး အဖွဲ့ (MLO) ညီလာခံကို
မောင်တော မြို့နယ်၊ “ဂရဗျင်”ရွာ မှာ ကျင်းပခဲ့ပါတယ် ….
ဒီညီလာခံကနေ အဖွဲ့အမည်ကို ...
မူဂျာဟစ် ပါတီ လို့ တရားဝင် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး...
အဖွဲ့ ရဲ့ စစ်ရေးခေါင်းဆောင်မှာ Jaffar Kawal နဲ့ ...
လက်ထောက်မှာ ဟူစိန် တို့ ဖြစ်ကြပါတယ် ….
နောက်ပိုင်းမှာတော့ အဖွဲ့ ခေါင်းဆောင်အဖြစ် ...
အဗ္ဗဒူကာစင် က တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်…

မူဂျာဟစ်ပါတီဟာ ....
၁၉၃၆ ခုနှစ်ကတည်းက ရှိနှင့်ပြီးဖြစ်တဲ့  ...
ဂျမေတူ အူလမား ဘာသာရေး အသင်းရဲ့ ....
တရားမ၀င် မြေအောက်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ...
“မူဂျာဟစ်”ဟူသော စကားရဲ့ အဓိပ္ပာယ်မှာ ....
“မိမိတိုင်းပြည်နှင့် ဘာသာရေးအတွက် တိုက်ခိုက်သူ”ဟု အဓိပ္ပာယ်ရရှိပါတယ်…

မူဂျာဟစ် များဟာ ...
ယူနီဖောင်းဝတ်ဆင်ပြီး ကြယ်တံဆိပ်ပါသော ဦးထုပ်ကို အသုံးပြုကာ ....
တစ်ဖက်နိုင်ငံက လက်နက်ကိုင် ကုလားဆိုးများ နဲ့ ...
ပူးပေါင်းလုပ်ရှားလေ့ ရှိပါတယ်…
ရည်ရွယ်ချက်ကတော့ ...
ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် နယ်များကို ...
မြန်မာနိုင်ငံအတွင်းမှ ခွဲထုတ်ပြီး ....
ပါကစ္စတန်နှင့် ပူးပေါင်းနိုင်ဖို့  ...
လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်ရေး ဖြစ်ပါတယ်…

မကြာခင်ပဲ မူဂျာဟစ်များဟာ ....
အင်အား ထောင်ဂဏန်းထိ တိုးတက်များပြားလာပြီး ..
အဲဒီဒေသက ရခိုင်ရွာအများစု နဲ့ ဘုရားကျောင်းကန်တွေဟာ ....
မြေလှန် အပြတ်ရှင်းခံရတဲ့ အခြေအနေကို ...
ရောက်ရှိလာပါတော့တယ်….

၁၉၅၁ ခုနှစ် နှစ်ဦးပိုင်း မှာ ...
လွတ်လပ်ရေးရစကတည်းက ...
တောက်လျောက် ချာလပတ်ရမ်းနေခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ ...
အသက်ရူချောင်စ ပြုလာပါတယ်..
ဒါဟာ မူဂျာဟစ်တို့ ဇာတ်သိမ်းခန်း ရဲ့ အစ စာမျက်နှာ ဖြစ်သလို ....
မကြာခင်မှာပဲ ရခိုင်ဒေသ ကို ချီတက်လာတော့မယ့် ....
တပ်မတော် စစ်ကြောင်းတွေရဲ့  စစ်ခရာမှုတ်သံ လို့ လဲ ဆိုနိုင်ပါတယ်….

၁၉၅၂ အောက်တိုဘာမှာ ...
မြန်မာ့တပ်မတော် ဟာ ..
မေယုစစ်ဆင်ရေးကို စတင်ပါတယ် ….
ရာနဲ့ ချီတဲ့ တပ်ဖွဲ့ တွေဟာ ...
ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ....
နိုဝင်ဘာလမှာတော့ ....
မူဂျာဟစ်ဌာနချုပ်ရှိရာ ...
လက်ပန်တောင် (မပည ပီအမ် ၂၅၈၇) ကို...
တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်…

၁၉၅၄ နိုဝင်ဘာမှာ ....
ဘူးသီးတောင် နဲ့ မောင်းတော နယ်မြေတွေမှာ ...
မုတ်သုန်စစ်ဆင်ရေးကို ဆင်နွဲခဲ့ပြီး…
မူဂျာဟစ်တွေကို ကောက်သင်းကောက် လိုက်လံချေမှုန်းပြစ်ခဲ့တဲ့ အတွက် ....
၁၉၅၅ နှစ်ဦးမှာတော့ ....
မူဂျာဟစ် အင်အားဟာ ၂၀၀ ခန့် ပဲ ကျန်ရှိပြီး ...
နယ်စပ်မှာပဲ ခိုလှုံနေရတော့တဲ့ အနေအထားကို ...
ရောက်ရှိသွားပါတော့တယ်…..

ဦးနု အစိုးရ လက်ထက် ...
၁၉၅၁ ခုနှစ် ပါလီမန်ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူဘော်ရှော် ...
မောင်းတောမဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် အာမတ် ....
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စစ် ဇူရာဘေဂေါမ် (ခ) ဒေါ်အေးညွန့် တို့ ...
ဝင်ရောက် အရွေးချယ်ခံကြရာမှာ ....
အားလုံး အနိုင်ရခဲ့ပါတယ်….

ဘယ်ပါတီပဲ ဖြစ်ဖြစ် ...
ဘင်္ဂါလီလူမျိုး အမတ်လောင်း မဟုတ်ရင် ...
လူများစုဖြစ်တဲ့ ဘင်္ဂါလီမဲကို မရရှိနိုင်တဲ့အတွက် ....
ဖဆပလ အနေနဲ့ ...
အဲဒီဒေသမှာ ရွေးကောက်ပွဲ နှစ်ကြိမ်လုံး ရှုံးနိမ့် ခဲ့ရပါတယ် …

အခြားရခိုင်ဒေသတွေမှာလည်း ..
ဖဆပလဟာ ရခိုင်တိုင်းရင်းသားပါတီ ဖြစ်တဲ့  ...
ရတည ကိုလည်း မနိုင်နိုင်တဲ့ အတွက် ...
တတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲမှာ ...
ရခိုင်ပြည်နယ်မှ အနိုင်ရရှိရေးအတွက် …
ပြည်ထဲ ရေးဝန်ကြီး ....
မစ္စတာ အဒူ လာဒစ် (ခ) ဦးအေးမောင် ရဲ့ ထောက်ခံ ချက် နဲ့ ...
ဘင်္ဂါလီများကို ယာယီနိုင်ငံသားကဒ်များ ထုတ် ပေးခဲ့ပြီး ....
မဲစာရင်းများမှာ ထည့်သွင်းပေးခဲ့ပါတယ်….

အဲဒီလို လုပ်ဆောင်ပေးခဲ့မှုများကြောင့် ....
၁၉၅၆ ခုနှစ် တတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲမှာ ..
ဘူးသီးတောင်မဲဆန္ဒနယ် (၁) မှ မစ္စတာ အဲဇာရ်မီယာ ...
ဘူးသီးတောင် မဲဆန္ဒ နယ် (၂) မှ မစ္စတာ အဘူ ဘော်ရှော ...
မောင်တောမဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် အာမတ် ...
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူ ခိုက်ရ် ...
အထက်လွှတ်တော်၌ မစ္စတာ ဂဖားတို့ အနိုင်ရရှိခဲ့ ပြီး ....
ကြားဖြတ်ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မြောက်ပိုင်းမဲဆန္ဒနယ်မှ ...
မစ္စတာ စူလတန် မာမွတ် အရွေးခံခဲ့ ရပါတယ်…

ဦးနု အစိုးရဟာ ...
အစိုးရ အဖွဲ့ အတွင်းမှာ ...
မစ္စတာ စူလတန် မာမွတ် ကို ပညာရေးဝန်ကြီး ...
ကျန်းမာ ရေးဝန်ကြီးရာထူးများ ပေးအပ်ခဲ့ ပြီး ....
မစ္စတာ စူလတန် အာမတ်ကိုတော့ ...
လူမျိုးစု ရေးရာဝန်ကြီးဌာန ပါလီမန်အတွင်းဝန်ရာထူး ..
( ဒုဝန်ကြီး အဆင့်နှင့်ညီသည်) ကို ပေးအပ်ခဲ့ ပါတယ် ….

၎င်းတို့အပြင် ....
မစ္စတာ ဂဖား နှင့် မစ္စတာ အဘူ ဘော်ရှော်တို့ကိုလည်း ...
ကျန်းမာရေး ဝန်ကြီးဌာန ပါလီမန်အတွင်းဝန်ရာထူးများ ...
အသီးသီးပေးအပ်ခဲ့ပါတယ်….
များမကြာခင်မှာပဲ ....
မြန်မာ့အသံကနေ ရိုဟင်ဂျာ အသံ ဆိုပြီး ...
စတင် ထုတ်လွှင့်ခွင့် ပြုလိုက်ပါတော့တယ်….

၁၉၆၁ ခုနှစ် ပါလီမန် ရွေးကောက်ပွဲမှာတော့ ...
ဘူးသီးတောင် မဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် မာမွတ် ..
ဘူးသီးတောင်မဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူ ဘော်ရှော် ...
မောင်တောမဲဆန္ဒနယ် (၁) မှ မစ္စတာ ရာရှစ် ...
မောင်တောမဲဆန္ဒ နယ် (၂) မှ မစ္စတာ အဘူ ခိုက်ရ်နှင့် ...
အထက်လွှတ်တော်အတွက် မစ္စတာ အဒူ ဆူဗန်တို့ ရွေးချယ်ခံခဲ့ရပြီး ....

၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ...
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မဲဆန္ဒနယ် (၁) မှ မစ္စတာ အဘူ ဟူစိန်နှင့် ....
မောင်တောမဲဆန္ဒနယ် (၁) မှ ဒေါက်တာ အဒူ ရဟင် ...
၁၉၇၈ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာတော့ ...
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စတာ အဒူဟိုက် (ခ) ဦးထွန်းအောင်ကျော် ..
ရွေးချယ်ခံရသည်ကို တွေ့ရှိရပါတယ်….

၅.၅.၁၉၇၈ ၇က်နေ့ မှာ ....
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ ....
နဂါးမင်း စီမံချက် ....
(အိမ်ထောင်စုကဒ်ပြားနှင့် မှတ်ပုံတင် စစ်ဆေးခြင်းစီမံကိန်း) ကို ...
စတင်ပါတယ်….
အဲဒီ စီမံကိန်းကြောင့် ...
တရားမ၀င်ခိုးဝင်သူ အများအပြားထွက်ပြေးခဲ့ရပြီး ....
နိုင်ငံတကာရဲ့ အကြီးအကျယ်ဖိအားပေးမှုကြောင့် ...
ထွက်ပြေးသွားသူများကို ...
ဟသာၤစီမံခ်က္နဲ ့ ....
ပြန်လည် စိစစ် လက်ခံခဲ့ရပါတယ် ….

၁၉၈၂ ခုနှစ်မှာတော့ …
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ....
ပညာရှင်ပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ က ....
၆ နှစ်တိတိ လေ့လာရေးဆွဲခဲ့တဲ့  ...
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ....
ပြည်သူ့ လွှတ်တော် ဥပဒေအမှတ် ၄ အဖြစ်နဲ့  ...
အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်….
ဒီဥပဒေအရ ...
နိုင်ငံသား ဖြစ်ခွင့် အရည်အချင်းကို တင်းကြပ်ပြစ်ခဲ့ ပြီး ...
နိုင်ငံသား အရည်အချင်း မပြည့်မီတဲ့  ဘင်္ဂါလီများကို ....
လွှတ်တော်အမတ်များအဖြစ် ...
ဝင်ရောက်အရွေးခံခွင့်က ကန့် သတ်ပြစ်ခဲ့ပါတယ်….
ဒါဟာ အဲဒီဒေသက ခိုးဝင် ဘင်္ဂါလီအများအပြားအတွက်တော့ ...
အိပ်မက်ဆိုးကြီး တစ်ခုလို့ ဆိုနိုင်မှာလည်းဖြစ်ပါတယ်….

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ မှာ ....
တပ်မတော်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူ ခဲ့ပါတယ်…
တပ်မတော်အစိုးရ ဟာ ...
ပြည်တွင်းဆူပူမှုတွေ ...
တဖြည်းဖြည်း တည်ငြိမ်လာတော့တာနဲ့ တစ်ပြိုင်နက် ...
ရခိုင်ဒေသမှာ ...
နယ်စပ်ဒေသ လူဝင်မှု ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ ကို ...
စတင် ဖွဲ့ စည်းလိုက်ပါတယ်….…

အဲဒီ နစက အဖွဲ့ ဟာ ...
တပ်မတော်ထောက်လှမ်းရေး ၊ရဲ ၊လ၀က နဲ့ တပ်တို့  ...
ပူးပေါင်းဖွဲ့ စည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး ....
နိုင်ငံတကာ ဥပဒေတွေအရ ...
စစ်တပ်ချထားလို့ မရတဲ့  နယ်စပ်မျဉ်းတစ်လျောက်မှာ ....
နယ်မြေကြီး ၉ခု စခန်း၂၅ ခု အဖြစ် ဖွဲ့ စည်းပြီး ....
တစ်ဖက်နိုင်ငံက လူဦးရေ စိမ့်ဝင်မှုကို ...
စတင်ထိန်းချုပ်ပါတော့တယ်…

နစက အဖွဲ့ ရဲ့ နာမည်ကြီး လုပ်ငန်းတစ်ခုကတော့ ….
ဆွဲ တင် စစ် စီမံချက် လို့  လူသိများပါတယ်…..
မြေပုံရေးဆွဲခြင်း ……
မှတ်တမ်းတင်ခြင်း ….
စစ်ဆေးခြင်း တွေ ပြုလုပ်တာပါ…..

မြေပုံရေးဆွဲမှုဟာ ...
နယ်မြေဒေသ ကျေးရွာ လမ်း တွေအပြင် ...
ရွာအတွင်းက အိမ်တစ်လုံးခြင်းကိုပါ ...
အသေးစိတ်မြေပုံ ရေးဆွဲပါတယ်….
မှတ်တမ်းတင်တာကတော့ ပိုပြီးအသေးစိတ်ပါတယ်….
မိသားစု တစ်စုချင်း တစ်ယောက်ချင်း ...
ဓာတ်ပုံ ရိုက်ပြီး ...
ကိုယ်ရေးအချက်အလက်အတိအကျနဲ့ ...
အသေးစိတ်မှတ်တမ်းတင်ပါတယ်…
မွေးဖွားလာတဲ့  ကလေးကိုပဲ ...
မွေးစာရင်းနဲ့ စိစစ်အင်အားတိုးခွင့်ပြုပြီး ...
အခြားမည်သည့်ကိစ္စ မည်သည့်အကြောင်းနဲ့ မှ ...
အင်အားတိုးလို့ မရပါဘူး …

စိစစ်တဲ့ကိစ္စကတော့ ...
မိသားစုအလိုက် အိမ်အလိုက် ရွာအလိုက် ....
နယ်စပ် စခန်း ဂိတ်တွေ လှည့်ကင်းတွေ နဲ့  ...
တိတိကျကျ စိစစ်တာဖြစ်တဲ့ အပြင်
သတင်းပေးတွေ အမြောက်အများမွေးမြူထားတဲ့ အတွက် ..
ရွာတွေမှာ လူစိမ်း ရောက်လာပြီး ...
နာရီပိုင်းအတွင်းမှာပဲ ...
သတင်း တန်းရတဲ့ အနေအထားအထိ ဖြစ်လာပါတယ်…..

နစက လက်ထက်မှာ ...
တစ်ဖက်နိုင်ငံက လူသစ်စိမ့် ဝင်မှုဟာ ...
လုံးဝ မရှိသလောက် ဖြစ်သွားခဲ့ပေမယ့် ...
အရင်ကတည်းက ရောက်ရှိပြီးသား ဘင်္ဂါလီ တစ်ချို့ ဟာ ...
ဌာနေ အကျင့်ပျက် ၀န်ထမ်းအချို့ နဲ့ ပူးပေါင်းပြီး ...
ပြည်တွင်းကို ခိုးဝင်တဲ့ ဖြစ်စဉ် တစ်ချို့ ကတော့ ...
အနည်းငယ် ရှိမြဲ ရှိနေသေးတာကို တွေ့ ရပါတယ်….

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ ...
တပ်မတော်အစိုးရ ထဲက ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ချို့ ဟာ ....
အသစ်ဖွဲ့ စည်းလိုက်တဲ့ သူတို့ ပါတီ မဲရဖို့ အတွက် ....
ဦးနူအစိုးရ လက်ထက်တုန်းက ဆန်ဆန် အမှားမျိုးကို ...
ထပ် ကျူးလွန်ခဲ့ပါတယ်….

အဲဒါကတော့ ဘင်္ဂါလီ ငါးသိန်းရဲ့ မဲကို လိုချင်တဲ့ အတွက် ...
ဘင်္ဂါလီ တွေကို မဲပေးခွင့် ပြုလိုက်တဲ့ ကိစ္စပါပဲ …
ဒီကိစ္စ ဟာ ပြည်ခိုင်ဖြိုးပါတီအတွက် ...
သမိုင်းမှာ အရှက်ရစရာ ကိစ္စ ကြီးတစ်ခုအဖြစ် ....
မှတ်တမ်းတင် ကျန်ခဲ့တော့မှာလည်း ....
အသေအချာ ဖြစ် ပါတော့တယ်…

ပြည်တွင်းနေ နှင့် ဘင်္ဂါလီများ အရှုပ်တော်ပုံ အပိုင်း - ၂ (ဇာတ်သိမ်း)
======================================
သုံးသပ်ချက် အပိုင်း
--------------------

၂၈.၅.၂၀၁၂ ရက်နေ့  ရဲ့ ညနေခင်းတစ်ခုမှာ ….
ရခိုင်ပြည်နယ် ကျောက်နီမော် ကျေးရွာက …
အသက်၂၆ နှစ်အရွယ် ရခိုင်အမျိုးသမီးငယ် မသီတာထွေးကို …
ဘင်္ဂါလီ လူငယ်သုံးဦးက ..
အဓမ္မပြုကျင့် သတ်ဖြတ်လိုက်တဲ့ ကိစ္စဟာ…
လူမျိုးစု နှစ်ခုလုံး ….
ဘိုးဘွား အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ တဲ့ …
အမုန်းတရား နဲ့ သံသယ ဗုံးကို …
ဝုန်း ကနဲ ပေါက် သွားစေခဲ့ပါတယ်….

တရားခံ လူငယ် ၃ ဦး ကို …..
ရဲတပ်ဖွဲ့ က မြန်မြန်ဆန်ဆန်ပဲ ဖမ်းဆီးပြီး ….
ဇွန်လ ၈ ရက်နေ့ မှာ ....
စတင် ရုံးထုတ် စစ်ဆေးခဲ့ပေမယ့် ….
အချိန်အတော် နောက်ကျလို့ နေပါပြီ ….
အပြန်အလှန် ဂလဲ့ စားချေ ...
အကြမ်းဖက် တိုက်ခိုက်မှုများ ဟာ…
ရခိုင်ပြည်နယ် နေရာ အနှံ့ ဖြစ်ပွားလို့  နေခဲ့ပြီ ဖြစ်ပါတယ်….

၂၀၁၂ ဇွန်လ ရခိုင်ပြည်နယ် အရေးအခင်းဟာ….
အရေးပေါ် အခြေအနေ ကြေငြာပြီး …
စစ်တပ်များ ၀င်ရောက်လာခဲ့ မှု ကြောင့် …
လူပေါင်း ၉၈ ဦးသေဆုံး ၊ ၁၂၃ဦး ဒဏ်ရာ ရ …
အိမ်ခြေပေါင်း ၅၃၀၀ ကျော် ပျက်စီးမှု နဲ့ အတူ …
သြဂုတ်လ အတွင်းမှာ ရပ်တန့် သွားခဲ့ ပေမယ်….
အောက်တိုဘာ တတိယပတ်အတွင်းမှာ ..
ပြန်လည် ဖြစ်ပွားခဲ့ပြီး…
လူပေါင်း ၉၄ ဦး ထပ်မံ သေဆုံးကာ ...
၁၂၄ ဦး ဒဏ်ရာ ရရှိပြီး ….
အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးဆုံးရှုံး မှု နဲ့ …
အဆုံးသတ်သွားခဲ့ပါတယ်….

ဒါပေမယ့် ...
ကျွန်တော်တို့ အားလုံး သတိမမူ လိုက်မိတဲ့  …
ကိစ္စ တစ်ခု ကျန်ခဲ့ ပါတယ်….
အဲဒါကတော့ …
ဒီ အရေးအခင်းဖြစ်တဲ့  နှစ်ဟာ…..
၁၉၄၂ ခုနှစ် မဟုတ်ဘူးဆိုတာပါပဲ….

၂၀၁၂ ခုနှစ် မြန်မာပြည် ဟာ ….
လူလတ်တန်းစား တစ်ဦးအနေနဲ့ …
လက်ကိုင်ဖုန်း တစ်လုံး ပိုင်ဆိုင်ဖို့ …
သိပ်မခက် လှတော့သလို …
အဲဒီဖုန်းတွေ မှာလဲ အင်တာနက် ရရှိနေပြီ ဖြစ်တဲ့ အတွက်…
သတင်းအချက်အလက်တွေ ဓာတ်ပုံတွေ …
ဗီဒီယိုဖိုင်တွေဟာ…
လျှင်လျှင်မြန်မြန် ပဲ ပြန့် နှံ့ စီးဆင်းပါတယ်…..
မီဒီယာ လွတ်လပ်ခွင့် အတော်အတန် ရရှိနေပြီ ဖြစ်လို့  ….
အပတ်စဉ်ထုတ် ဂျာနယ်တွေဟာလဲ …
ကျေးလက် တောနယ် အနှံ့  ....
ခရီးဆက် ခြေဆန့် ပါတယ်….

အကျိုးဆက်ကတော့ ….
မြန်မာပြည် ဒေသ အသီးသီးက …
ကျန်တဲ့ တိုင်းရင်းသားတွေရဲ့ စိတ်မှာ….
မခံချင်စိတ် ... ဒေါသစိတ် …
အိမ်ရှင်ကို ဧည့်သည်က စော်ကားတယ်ဆိုတဲ့ စိတ်နဲ့ ….
တောက် တစ်ခေါက်ခေါက် ဖြစ်ကုန်တော့တာပါပဲ …
ဒါပေမယ့် ရခိုင်ဒေသဟာ …
ဝေးကွာလွန်းပြီး လမ်းပန်းဆက်သွယ်ရေးကလည်း …
သိပ် လွယ်ကူလှတယ် မဟုတ်လို့ ……
အံတင်းတင်းကြိတ် တာနဲ့ ပဲ အဆုံးသတ်လိုက်ရပါတယ်….
ဒါဟာ….
၂၀.၃.၂၀၁၃ ရက်နေ့  မိတ္ထီလာ မြို့ မှာတော့ …
ကိုယ်ထိလက်ရောက် ….
ဖောက်ခွဲဖို့ အခွင့်ကြုံလာပါပြီ…..

ရွှေဆိုင် မှာ စကားများတာက အစပြုခဲ့ တဲ့ ….
၂၀၁၃ မတ်လ မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် ….
သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရသူ ၆၄ ဦး …
အိမ်ခြေပေါင်း ၁၄၉၈ လုံး ….
ကား ၃၃ စီး၊ ဆိုင်ကယ် ၁၀ စီး ….
ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပြီး …
လူပေါင်း ၁၂၇ ဦးဟာ….
ပြစ်မှုပေါင်း ၉၅ မှုအတွက် တရားစွဲဆို အရေးယူ ခံခဲ့ရပါတယ်…

မတ်လ ၂၂ ရက်နေ့ မှာ …
အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေငြာလိုက်တဲ့ အတွက်….
ပတ်ဝန်းကျင် ဒေသတွေ ကနေ ….
မိတ္ထီလာကို ဦးတည်ဝင်ရောက်ဖို့ ကြိုးစားခဲ့ ကြတဲ့ …..
လူအုပ်စု အများအပြားကို တားဆီးနိုင်ခဲ့ပေမယ့်….
ပြသနာဟာ ရခိုင်ပြည်နယ် ကိစ္စကနေ ….
ပြည်တွင်းနေ နိုင်ငံသား ....
အစ္စလာမ် ဘာသာဝင်များ ဘက်ကိုပါ …..
အဖျားခတ် လာပါပြီ….
ဒါ ဘာကြောင့်ပါလဲ…..

တကယ်တော့ ဒီပြသနာတွေဟာ ..
ရခိုင်ပြည်နယ်က ပြသနာက ...
မူလအကြောင်းခံ ဖြစ်ပါတယ်…
ရခိုင်ပြည်နယ် က အစပြုလိုက်တဲ့ ပြသနာ ရဲ့ အမုန်းတရားဟာ…
တစ်ပြည်လုံး ကို ကျယ်ကျယ်ပြန့် ပြန့် ...
ကူးစက်သွားပါတယ်…

မောင်တောမြို့ နယ် သရေကုန်းဘောင်ရွာက …
ရခိုင်ကျောင်းဆရာ ဦးအောင်ချမ်းသာကို ..
သူတပည့် ဘင်္ဂါလီ လူမျိုး ၃ ဦးက ပြန်သတ်လိုက်တဲ့ ဖြစ်စဉ်….
ပြည်ပရောက် မြန်မာလူမျိုးများ တိုက်ခိုက်ခံရမှု ဖြစ်စဉ် …
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားက …
ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ် …
ဒါတွေဟာ တစ်ပြည်လုံးက ဗုဒ္ဒဘာသာဝင်တွေစိတ်မှာ ….
အတော် စိတ်ထိခိုက်ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်…
ရခိုင်ပြည်နယ်မှာ ပြသနာ တစ်ခါတက်လိုက်တိုင်း …
တစ်ပြည်လုံးက ...
ကျန်တဲ့ မြန်မာလူမျိုးတွေ စိတ်မှာ မခံချင်ဖြစ်ကြပါတယ်….
အဲဒီ အခါမှာ …
အနီးနားမှာ ရှိတဲ့  ....
ဘာသာတူ နိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေကို ….
လှညှ့် ရန်လုပ်ချင်တဲ့ ပုံစံမျိုး ....
ပေါ်ပေါက်လာတာကို တွေ့ ရပါတယ်….

ဒီဖြစ်စဉ်တွေ နဲ့ ...
အစွန်းရောက် မြန်မာ လူအုပ်စုတစ်ချို့ နဲ့ ပေါင်းစပ်တဲ့ အချိန်မှာ…
မြန်မာပြည် အနှံ့ အပြားမှာ ဖြစ်ပွားခဲ့ တဲ့ ….
အဓိကရုဏ်းတွေ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ …
ပေါ်ပေါက်လာရပါတော့တယ်…

ဒါကြောင့် ....
မူလ အရင်းခံ ရခိုင်ပြည်နယ် ပြသနာကို ....
အောက်ပါအတိုင်း ဖြေရှင်းဖို့ ….
လိုတယ်လို့  ယူဆပါတယ်...

အစိုးရ အား အကြံပြုချက်
================

၁။ ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ ….
တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ထပ်မံ မခိုးဝင်လာနိုင်ရေးပါ….
တစ်သက်လုံး လုပ်သွားရမယ့် ကိစ္စပါ….
သက်ဆိုင်ရာ ဌာနများ နဲ့ တပ် နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်…
ဖြစ်နိုင်ရင် ၀န်ကြီးဌာန တစ်ခု သီးခြားဖွဲ့ စည်းပြီး ….
သီးခြားဘတ်ဂျက်နဲ့  နယ်စပ်ဒေသ အားလုံးမှာ လုပ်ဆောင်စေချင်ပါတယ်…
နယ်စပ်ကို စည်းရိုးခတ်တာ ….
လူ အီလက်ထရောနစ် ကိရိယာတွေနဲ့ စဉ်ဆက်မပြတ်စောင့်ကြည့်တာ ….
ကင်းလှည့် တာ ၊
အမြန်ကင်းလှည့်ရေယာဉ်များ ….
ကင်းလှည့် တပ်ဖွဲ့ များ အများအပြား တိုးချဲ့ ဖွဲ စည်းတာ ….
စသဖြင့် လုပ်ဆောင်ဖို့ လိုပါတယ်…

၂။ နစကလို အဖွဲ့ အစည်းမျိုး ကို အဲဒီဝန်ကြီးဌာနက တာဝန်ယူဖွဲ့ စည်းပြီး ….
နစက လုပ်ခဲ့တဲ့  ဆွဲတင်စစ် စီမံချက်လို လုပ်ငန်းမျိုးတွေ ….
ဖိဖိစည်းစည်း လုပ်ဖို့ လိုပါတယ်….
( နစက ကို ဖျက်ရတဲ့ အဓိကအကြောင်းက ….
ကာကွယ်ရေး ၀န်ကြီးဌာန ….
ပြည်သူ့ စစ်နဲ့  နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးအောက်မှာ ရှိနေပြီး ….
ဝန်ကြီးဌာန ၃ခုလောက်က ၀န်ထမ်းတွေ စုပေါင်းဖွဲ့ စည်းထားတာ ဖြစ်တဲ့ အတွက် …..
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်ပေါ်ပြီး ….
ဒီမိုကရေစီ အရပ်သားအစိုးရ နဲ့ အံဝင်ခွင်ကျ မဖြစ်လို့ လို့ သိရပါတယ် …)
ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာရဲ့ အဆိုအရ ….
ဒေသခံ ရခိုင် ၆၈ ရာခိုင်နူန်းက ..
နစက ရှိနေဖို့ လိုလားတယ်လို့ ဆိုတဲ့ အတွက်…
နစက ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိရေ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်