Monday, August 24, 2015

SSPP/SSA အဖွဲ့ထောင်ထားသောမိုင်းနင်းမိပေါက်ကွဲရာမှ ဒေသခံတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ

SSPP/SSA အဖွဲ့ထောင်ထားသောမိုင်းနင်းမိပေါက်ကွဲရာမှ ဒေသခံတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ Monday, August 24, 2015 ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဖာယကျေးရွာမှ ရွာသား ၄ ဦးသည် အမဲလိုက်ရန် ထွက်ခွာလာစဉ် တောထဲတွင် SSPP/SSA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့ရာ ရွာသား တစ်ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရပါသည်။ မိုင်းရှူးမြို့နယ်၊ ဖာယကျေးရွာနေ စိုင်းဆု၊ လုံးမာ၊ စိုင်းချစ်နှင့် ကော်ဝိတို့ ၄ ဦးသည် သြဂုတ်လ ၂၂ ရက် နံနက် ၁၀နာရီချိန်ခန့်တွင် အမဲလိုက်ရန် ထွက်ခွာလာရာ လွယ်တောင်တန်း အနီးတစ်ဝိုက်သို့ ရောက်ရှိစဉ် စိုင်းဆု (၄၅) နှစ်မှ မိုင်းနင်းမိပေါက်ကွဲခဲ့ရာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တွေ့ကြုံခဲ့သူ စိုင်းချစ်မှ ပြောပါသည်။ “ လွယ်တောင်တန်းအနီးမှာဆိုတော့ SSPP/SSA အဖွဲ့ထောင်တဲ့မိုင်းပဲဖြစ်မှာပေါ့။ ဒီကောင်တွေက အဲဒီအနီး တစ်ဝိုက်မှာ သွားလာနေကြတာ၊ မရှိဆင်းရဲလို့ အမဲလိုက် ရှာစားနေရပါတယ်ဆိုမှ ခုလို မိုင်းနင်းမိတော့ဘာနဲ့ဆေးကုမလဲ၊ ရွာကပဲ ၀ိုင်းဝန်းပြီးဆေးကုသစရိတ်ခံရတော့မှာ ပေါ့၊ လုပ်ကိုင်စားရတာလည်း မိုင်းကြောက်ရ၊ အတင်းအကြပ် ဖမ်းဆီး လူသစ်စုခံရမှာ ကြောက်ရနဲ့ အဆင်မပြေပါဘူး” ဟု ဖာယ ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကပြောပါသည်။ SSPP/SSA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူအား မိုင်းရှူးမြို့နယ်၊ ပြည်သူ့ ဆေးရုံတွင်ဆေးဝါးကုသမှုခံယူရာ မသက်သာသဖြင့် တောင်ကြီးမြို့တွင် ဆေးဝါးကုသမှုခံယူရန်အတွက် ဆက်လက်ပို့ ဆောင်ခဲ့ရကြောင်း သိရှိရပါသည်။ စိုင်းဇေယျာ Shan News

No comments: