Saturday, August 29, 2015

မကြာမီ အချိန်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ဘီယာဈေးကွက်မှာ မြင်တွေ့ရတော့မဲ့ Regal Seven ဘီယာစာနယ်ဇင်း မိတ်ဆက်

မကြာမီ အချိန်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ဘီယာဈေးကွက်မှာ မြင်တွေ့ရတော့မဲ့ Regal Seven ဘီယာစာနယ်ဇင်း မိတ်ဆက် နိုင်ငံတစ်ဝှမ်းတွင် အထူးအောင်မြင်မှုကို ရရှိထားပြီး ဥရောပက အကြီးဆုံးဘီယာထုတ်လုပ်တဲ့ Heineken ကုမ္ပဏီဟာ မြန်မာနိုင်ငံအတွက် အထူးသီးသန့်အဖြစ် ထုတ်လုပ်ထားသော Regal Seven ဘီယာအား ပထမဦးစွာစတင် ဖွင့်လှစ်ခြင်းအခမ်းအနားနဲ့စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ( ၂၇.၈.၁၅ ) ရက်နေ့ည ၆နာရီတွင် Strand Hotel မှာပရိသတ်ပေါင်း ၃၀၀ခန့်ဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲအပြီး ၇နာရီခွဲမှာတော့ ဖိတ်ကြားထားသော အနုပညာ အသိုင်းအ၀ိုင်းမှ နာမည်ကြီးအနုပညာရှင်များ သရုပ်ဆောင်များ၊ မော်လ်ဒယ်များ၊ အလှမယ်များ၊ အဆိုကျော်များအပါအ၀င် အနုပညာ ညီအစ်ကိုမောင်နှမတွေ ရောက်ရှိ လာပြီးRegal Seven party ရဲ့ တမူထူးခြားတဲ့ အခမ်းအနားအပြင်အဆင်တွေက ဖိတ်ကြားထားသော ဧည့်သည်တော်များကို စိတ်လှုပ်ရှားစရာကောင်းအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါဘီယာအား Regal Seven ဟု အမည်ပေးရခြင်းမှာ Regal ဆိုတာ တော်ဝင်ဆန်ပြီးအရမ်းကိုခမ်းနားကြီးကျယ်ပြီး အံ့သြစရာကောင်းတဲ့အဓိပ္ပါယ်ရကာ Seven ကတော့ ကမ္ဘာမှာရော မြန်မာမှာပါ ကံကောင်းတယ်လို့ အသိအမှတ်ပြုခြင်း ခံထားရတဲ့ နံပတ်လို့ သိရပါတယ်။ ဒီ၂ခုရဲ့ပေါင်းစပ်မှုကတော့ Regal Seven ဘီယာဖြစ်ကြောင်း အဆိုပါပွဲမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။ Regal Seven ဘီယာကို ထုပ်ပိုးမှု ပုံစံ၃မျိုးနဲ့မြန်မာနိုင်ငံမှာ စတင်ဖြန့်ချိမှာဖြစ်ပြီး မကြာခင်အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ ဘီယာဈေးကွက်အတွင်းမှာမြင်တွေ့ရတော့မယ်လို့သိရပါတယ်။ Trend Myanmar https://m.facebook.com/TrendMyanmar

No comments: