Wednesday, August 26, 2015

ကချင်ပြည်သူလူထုနှင့်အတူ NCA လက်မှတ်ထိုးရေး KIA လက်အောက်ငယ်သားများ အသင့်ရှိနေ

ကချင်ပြည်သူလူထုနှင့်အတူ NCA လက်မှတ်ထိုးရေး KIA လက်အောက်ငယ်သားများ အသင့်ရှိနေ ========================================= 25, August, 2015 By Kachin People ကချင်ပြည်နယ်အတွင်း စစ်ဘေးဒဏ်ကို ခံခဲ့ရသော ဒေသခံပြည်သူ ဒုက္ခသည်များ အများစုမှာ KIA မှ လူသစ်အဖြစ် ခေါ်ဆောင်ခြင်းခံကြရပြီး အောက်ခြေ KIA ရဲဘော်များမှာ မိမိတို့ ဆန္ဒအလျောက် KIA ထဲတွင် တာဝန်ထမ်းဆောင်နေသူများ မဟုတ်ကြကြောင်း ကြားသိရပါသည်။ ယခုအချိန်တွင် KIA မှ ပြည်သူလူထု၏ ထောက်ခံအားမူလျော့နည်းလာကာ ပြည်ပနေ ပြည်သူများ၏ သွေးထိုးလှုံ့ဆော်မှုသာ ရှိတော့သည်။ NCA လက်မှတ်ထိုးရေး ကိစ္စတွင်လည်း ပြည်ပနေ တိုင်းတပါးသား ကချင်လူမျိုးများက လက်မှတ်မထိုးရန် သွေးထိုးလှုံ့ဆော်နေခြင်း အပေါ် ပြည်တွင်းနေ ဒေသခံပြည်သူများ စိုးရိမ်ပူပန်လျှက်ရှိကြသည်။ KIA တပ်ဖွဲ့ဝင် လက်အောက်ငယ်သားများအနေဖြင့် ကချင်ပြည်သူလူထုဆန္ဒအတိုင်း လက်မှတ်ထိုးရေးသာ ဆန္ဒရှိကြောင်း မိမိတို့ နေရပ်အသီးသီးသို့ပြန်ကာ မိသားစုနှင့်အတူ ပျော်ရွင် အေးချမ်းစွာ လုပ်ကိုင်စားသောက်လိုကြကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုထံမှ သိရှိရပါသည်။

No comments: