Monday, August 31, 2015

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သော MNDAA နှင့် ပါဝင်ပက်သက်သူများ အားလုံး ကိုယ့်တာဝန် ကိုယ်ယူရမည် ===================================

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သော MNDAA နှင့် ပါဝင်ပက်သက်သူများ အားလုံး ကိုယ့်တာဝန် ကိုယ်ယူရမည် ========================================= 30, August, 2015 By Kachin People ကိုးကန့်သောင်းကျန်းသူတပ်ဖွဲ့ MNDAA နှင့် တပ်မတော် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့မှာ တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက် မှုအား အဟန့်အတားဖြစ်အောင် MNDAA အဖွဲ့အား နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့ကြပြီး တပ်မတော်ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ MNDAA သောင်းကျန်းသူနှင့် ပက်သက်သူမှန်သမျှ အဖွဲ့အစည်းအားလုံးကို ကိုယ့်တာဝန်ကိုယ်ယူရမည်ဟု ထုတ်ပြန်ခဲ့သည်။ ယခု NCA စာချုပ်တွင် MNDAA အပါအ၀င် ပါဝင်ပက်သက်ခဲ့သော သောင်းကျန်းသူအဖွဲ့များ အားလုံးကို လက်နက်ချရမည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ပြောကြားခဲ့သည်။ KIA တပ်မဟာ(၄)အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော MNDAA အား နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့မှုများပေးခဲ့ပြီး ၎င်းလှုပ်ရှားရာ ဒေသအတွင်းမှ တပ်မတော်စစ်ကြောင်းများ ထိုးစစ်ကို အဟန့်အတားဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ လားရှိုး၊ ကွတ်ခိုင်နှင့် မူဆယ်ဒေသအတွင်း ဘဏ်နှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးတောင်း ခြင်း၊ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လူစည်ကားရာ နေရာများတွင် မိုင်းထောင်ဖောက်ခွဲကာ ပြည်သူလူထုကြောက်လန့်အောင် ပြုလုပ်ခြင်းများ စသည့် အဖျက်အမှောက်လုပ်ငန်းများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

No comments: