Saturday, August 29, 2015

ဆွမ်ပရာဘွမ်) Lawt Mai Yang ကျေးရွာ အထက်ပိုင်း Nhkrung Tu တောင်သို့ တပ်မတော်စစ်ကြောင်းများ ချီတက်လာခြင်းကြောင့် သြဂုတ်လ ၂၄ ရက် ညနေပိုင်း ၈း၀၀ မှ ၁၁း၀၀ အတွင်းတစ်ကြိမ်၂၅ ရက်နေ့ တစ်နေကုန် ပြီ ယခု ၂၆ ရက်နေ့ မနက်ပိုင်း ၈း၀၀ မှ ၁၁း၀၀ အချိန်များတွင် ပြင်းပြင်းထန်ထန် ပစ်ခတ်မှုများရှိခဲ့ကြောင်းသတင်းရရှိ

( ဆွမ်ပရာဘွမ်) Lawt Mai Yang ကျေးရွာ အထက်ပိုင်း Nhkrung Tu တောင်သို့ တပ်မတော်စစ်ကြောင်းများ ချီတက်လာခြင်းကြောင့် သြဂုတ်လ ၂၄ ရက် ညနေပိုင်း ၈း၀၀ မှ ၁၁း၀၀ အတွင်းတစ်ကြိမ်၂၅ ရက်နေ့ တစ်နေကုန် ပြီ ယခု ၂၆ ရက်နေ့ မနက်ပိုင်း ၈း၀၀ မှ ၁၁း၀၀ အချိန်များတွင် ပြင်းပြင်းထန်ထန် ပစ်ခတ်မှုများရှိခဲ့ကြောင်းသတင်းရရှိပါသည်။ အင်အားမမျှတမှုကြောင့် Lawt Mai Yang ပတ်လည်မှ နေရာအချို့အားလက်လွတ်ခဲ့ရကြောင်း KIA မျိုးချစ်ရဲဘော် တစ်ဦး မှိုင်းကြောင့် ခြေထောက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မြန်မာ့တပ်မတော်ဖက်မှ အကျအဆုံး မသိရသေးသော်လည်း ထိခိုက်မှုများရှိနိုင်ကြောင်း သတင်း ရရှိပါသည်။ သြဂုတ်လ ၁၅ ရက်နေ့ ဦးကွမ်ဂျီးခွန်းဆတ် ( Slg.Kumji Hkun Sak) တို့လင်မယားနှင့် အခြားရွားသား (၂) ဦးတို့မှာ ဂျာရာယာန် ( Jara Yang)ကျေးရွာ မှ မိမိနေအိမ်သို့ ပြန်ပြီး ပစ္စည်းသွားယူစဉ် တပ်မတော်မှ တွေ့ရှိပြီး အမြောက်ဖြင့် ပစ်ခတ်ခြင်းခံရကြောင်း ထိခိုက်မှုမရှိသော်လဲ ယမ်းစံများလွှင့်စင်ထိခိုက်မှုမျှသာရှိကြောင်းသတင်းရရှိပါသည်။ တစ်ဆက်တည်း မနက်ပိုင်း ၁၁ နာရီအချိန်ဂျာရာယာန် (Jara Yang) ကျေးရွာအထက်ပိုင်းရှိ တောင်ယာ အတွင်း စပါးရိတ်သိမ်းနေသူများကိုလဲ အမြောက်များနှင့် ပစ်ခတ်မှုများရှိကြောင်း ထိခိုက်မှုမရှိကြောင်း သတင်းရရှိပါသည်။ ယခုအချိန် မလိယာန် တွင်ခြေကုတ်ယူနေသော ပတ်ပတ်လည်လည် အတွင်း လူရိပ်မြင်တိုင်း လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်နေကြောင်း ဂျာရာယာန် ကျေးရွာ အနီးရှိ စစ်ဘေးဒုက္ခသည် စခန်းအားသြဂုတ်လ ၂၁ ရက်နေ့တွင် Salang Yang သို့ပြောင်းရွှေ့ ခဲ့ရကြောင်းသတင်းရရှိပါသည်။ အဆိုပါ စစ်ဘေးဒုက္ခသည် စခန်းမှ ပြည်သူ ၁၂၁၉ တို့အား ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် KBC မှတက်နိုင်သမျှကူညီလျှက်ရှိကြောင်းနှင့် မေတ္တာ( Metta Foundation ) မှလဲလာရောက်ကူညီ မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments: