Monday, August 31, 2015

ယခင် KIO/KIA ဌာနချုပ်ဟောင်း (သို့မဟုတ်)ကံကောင်းခဲ့တဲ့မြို့ =========================================

ယခင် KIO/KIA ဌာနချုပ်ဟောင်း (သို့မဟုတ်)ကံကောင်းခဲ့တဲ့မြို့ ========================================= 30, August, 2015 By Kachin People ၂၀၁၁ ခုနစ် ဇွန်လမှစတင်ကာ တပ်မတော်နှင့် KIA တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး KIA ရှေ့တန်းစခန်းများ ရင်းဌာနချုပ်များ တပ်မတော်မှ ထိန်းချုပ်ခဲ့သည်။ ၂၀၁၂ အတွင်း KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပတ်ဝန်းကျင်ရှိ အချက်အချာကျသောတောင်ကုန်းများနှင့် စစ်ဗျူဟာ အရေးကြီးမြေများကို တပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့သည်။ လိုင်ဇာပတ်ဝန်းကျင်ရှိ KIA စခန်းများရှိရာ တောင်ကုန်းများအား တပ်မတော်မှ သိမ်းပိုက်ပြီးချိန်တွင် KIO/KIA ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်များမှာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းမြို့တွင် ကျန်ရှိခဲ့သူများမှာ အပြစ်မဲ့ပြည်သူများနှင့် အောက်ခြေ ရဲဘော်များ၏ မိသားစုဝင်များသာ ကျန်ရှိခဲ့သည်။ KIO/KIA ဌာနချုပ်ဟောင်း လိုင်ဇာမြို့ကို သိမ်းမည်ဆိုပါက အချိန်မရွေး သိမ်းနိုင်သော အခြေအနေမျိုးတွင် ရှိသော်လည်း ၎င်းမြို့တွင်နေထိုင်ကြသော အပြစ်မဲ့ဒေသခံများ၊ အောက်ခြေ KIA ရဲဘော်များ၏ မိသားစုဝင်များအား နိုင်ငံတော်အကြီးအကဲများက သနားငဲ့ညှာပေးခဲ့ သောကြောင့် လိုင်ဇာမြို့မှာ ကျန်ရှိခဲ့ခြင်းဖြစ်ပါသည်။

No comments: